Tuesday, August 26, 2014

Foxconn ကုမ္ပဏီမှ လျှို့ဝှက်ပေါက်ကြားလာသော iPhone 6 နှင့်ပတ်သက်သော သတင်းအချက်အလက်များ

Apple နှင့်ပတ်သက်သော သတင်းအချက်အလက်များကိုထုတ်ဖော်ပြောကြားလေ့ရှိသည့် ပြင်သစ်နည်းပညာ Site တစ်ခုဖြစ်သည့် IGen မှ မကြာခင်ထွက်ရှိလာတော့မည့် iPhone 6 နှင့်ပတ်သက်သည့် အသေးစိတ်အလက်များကိုထပ်မံတင်ပြလာသည်ကိုတွေ့ရသည်။ ယခုအချက်အလက်များမှာ iPhone များကိုအဓိကတပ်ဆင်ထုတ်လုပ်ပေးနေသော တရုတ်ပြည်မှကုမ္ပဏီကြီးဖြစ်သည့် Foxconn မှ Leak အနေနှင့်ရရှိထားသော အချက်အလက်များဖြစ်သည် ။

igen_iphone6_comparison_all
ပုံတွင်ပြထားသည့်အတိုင်း Foxconn Factory အနေဖြင့် iPhone 6 ၏ 5.5 Screen Size နှင့် 4.7 Screen size Model နှစ်မျိုးအား Carry Code အနေဖြင့် N56 နှင့် N61 ဟူ၍ အသီးသီးသတ်မှတ်ပေးထားသည်ကိုတွေ့ရသည်။ အချက်အလက်များအရ iPhone 6 Screen size 5.5 လက်မ Model သည် အလျားအားဖြင့် 158 mm ၊ အနံအားဖြင့် 78 mm ၊ အထူအားဖြင့် 7.1 mm ရှိမည်ဟုသိရသည်။
iPhone 6 Screen size 4.7 လက်မ Model အနေဖြင့် အလျားအားဖြင့် 138 mm ၊ အနံအားဖြင့် 66 mm ၊ အထူအားဖြင့် 6.9 mm ရှိမည်ဟုသိရသည်။
iPhone 5S တွင် အလျားအားဖြင့် 123 mm ၊ အနံအားဖြင့် 58 mm ၊ အထူအားဖြင့် 7.6 mm ရှိသဖြင့် ယခုထွက်ရှိလာမည့် iPhone 6 သည် iPhone 5S ထက်ပိုမိုပါးလျမည်ဖြစ်သည်။
Screen 5.5 version အတွက် Battery ကို 2915 mAh Battery ကိုအသုံးပြုမည်ဟုသိရပြီး iPhone 6 Screen မျက်နှာပြင်အတွက်အသုံးပြုမည့် Display ဖြစ်သည့် Sapphire Display ကို ကွန်တိန်နာ ၂၈ လုံးခန့်ဖြင့်အမေရိကန်မှ Foxconn စက်ရုံသို့စတင်ပေးပို့နေပြီဟု IGen မှဖော်ပြထားသည်။ ယင်း Display များကို အမေရိကန် Arizona အခြေစိုက် GT Advanced Technologies မှထုတ်လုပ်ပေးထားခြင်းဖြစ်သည်ဟုဆိုသည်။

igen_iphone6_protruding_camera

iPhone 6 ကိုလက်တွေ့စမ်းသပ်ထုတ်လုပ်မှုများလည်းပြုလုပ်နေပြီး iPhone 6 Screen size Model ၂ မျိုးလုံးအတွက် Final Certification tests ကို သြဂုတ်လလယ်ပိုင်းက စတင်စမ်းသပ်နေကြောင်း သိရသည်။ Apple အနေဖြင့် ၄င်း၏ iPhone 6 အတွက် ပစ္စည်းအစိတ်အပိုင်းများတပ်ဆင်ထုတ်လုပ်ပေးကြမည့် ကုမ္ပဏီများအား ၂၀၁၄ နှစ်မကုန်မီတွင် 4.7 လက်မအရွယ် iPhone 6 အလုံးရေ သန်း ၄၀ အထိထုတ်လုပ်ပေးရန် Ordered မှာယူထားပြီး ၂၀၁၄ ခုနှစ်အတွင်း အလုံးရေ သန်း ၁၀၀ ခန့်အထိတပ်ဆင်ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း ယခုထွက်ရှိလာသည့် သတင်းအချက်အလက်များအရသိရသည်။

No comments:

Post a Comment