Friday, October 10, 2014

အခုတစ်လော ခေတ်စားနေတဲ့ application လေးပါ။ မိမိဓာတ်ပုံကို ကာတွန်းဇာတ်ကောင်ပုံလေးအဖြစ်ပြောင်းလဲလို့ရပါတယ်

unnamed
အခုတစ်လော ခေတ်စားနေတဲ့ application လေးပါ။ မိမိဓာတ်ပုံကို ကာတွန်းဇာတ်ကောင်ပုံလေးအဖြစ်ပြောင်းလဲလို့ရပါတယ်။ ဖုန်း Camera နဲ့ဓာတ်ပုံရိုက် ၊ ဒါမှမဟုတ် ရှိပြီးသားပုံကို ဒီ Chibi ဆော့ဝဲလေးနဲ့ စိတ်ကြိုက်ပြင်လို့ရပါပြီ။ ပြင်ပြီးဓာတ်ပုံကို
Facebook
ပေါ်ကိုတိုက်ရိုက် upload လုပ်နိုင်တဲ့ feature လည်းပါဝင်ပါတယ်။ Chibi Camera v1.2 for Android ကိုအောက်က Link မှာရယူပါ။


Chibi Camera v1.2 for Android အားရယူရန်

Chibi Camera - Free - screenshothttps://lh6.ggpht.com/cyTOIGi3K1aRIR98bnfAAHAtWbWaSBxG3vFYyOjL0RIF2MMgvyd4gMpFT2iBt1JPDQ=h900

China Market မှာ ကြေငြာမိတ်ဆက်လိုက်တဲ့ Honor Play 4

honor-play-4-3
IFA 2014 မှာ Ascend Mate 7 နဲ့ အရည်အသွေးမြင့် ဖုန်းတွေကိုမိတ်ဆက်ပြသပေးခဲ့တဲ့ Huawei ဟာ အရှိန်မသေသေးဘဲ
Local Market ဖြစ်တဲ့ China မှာ Honor စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ကို မိတ်ဆက်ပြသပေးခဲ့ပါတယ်။ အဆိုပါစမတ်ဖုန်းကို
Honor Play 4 လို့ခေါ်ဆိုပြီး Mid-range အနေနဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ် ။ Honor Play 4 မှာတော့ ၅လက်မ
မျက်နှာပြင် တပ်ဆင်ပေးထားပြီး 720×1280 (720p) HD ရုပ်ထွက်ကို ရရှိမှာဖြစ်ပါတယ်။ Snapdragon 410 64-bit Quad-core
Processor ကို အသုံးပြုပေးထားပြီး RAM ကို 1GB ထိထည့်သွင်းပေးထားတာကြောင့် mid-range ဖုန်းတွေထဲမှာတော်တော်
ကောင်းမွန်တဲ့ Specification ကို အသုံးပြုထားတာကိုတွေ့ရှိရမှာဖြစ်ပါတယ် ။ ဖုန်းတွင်းသိုလှောင်မှုအနေနဲ့ကတော့ 8GB သာ
ပါဝင်မှာဖြစ်ပြီး ဖြုတ်နိုင်တပ်နိုင်တဲ့ 2000 mAh နဲ့ ထွက်ရှိလာမှာပါ ။
Camera
ကိုတော့ အကောင်းဆုံး ရုပ်ထွက်တွေကို

ဖမ်းယူမှတ်တမ်းတင်ပေးနိုင်တဲ့ အရည်အသွေးမြင့် 8MP ကိုတပ်ဆင်ပေးထားပြီး ရှေ့ဘက် အတွက်ကတော့ 2MP Camera
ကိုတပ်ဆင်ပေးထားပါတယ် ။ Huawei G630 ပုံစံမျိုးထုတ်လုပ်ထားကာ Dual-sim အမျိုးအစားဖြစ်ပြီး
NFC လည်းပါဝင်ကာ 4G Lte ကို အထောက်အပံ့ ပေးထားပါတယ်။
အဆိုပါ အရည်အသွေးကောင်းမွန်လှတဲ့ Honor Play 4 ကို တရုတ်ငွေ ယွမ် ၇၉၉ နဲ့ ရောင်းချပေးမှာဖြစ်ပြီး
US $ 130 သာကျသင့်မှာဖြစ်ပါတယ် ။ ကောင်းမွန်တဲ့ အရည်အသွေးချိုသာတဲ့ ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်မြင့် Honor Play 4
စမတ်ဖုန်း မြန်မာပြည်ဈေးကွက်ကို ဘယ်လိုထိုးဖောက်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ် . . . . ..

တယ်လီနောက ဆင်းမ်ကတ်နှင့် ဟန်းဆက်ကို ၁၉,၉၀၀ ကျပ်ဖြင့် ရောင်းချမည်

t
တယ်လီနောသည် 2G ကွန်ရက်သုံး keypad ဟန်းဆက်နှင့် မိုဘိုင်းဆင်းမ်ကတ်ကို ငွေကျပ် ၁၉,၉၀၀ ကျပ်ဖြင့် တွဲဖက်ရောင်းချမည်ဟု ကြေညာသည်။ အလားတူ 3G ကွန်ရက်သုံး Touch Screen စမတ်မိုဘိုင်းဖုန်းနှင့် မိုဘိုင်းဆင်းမ်ကတ်ကိုလည်း ငွေကျပ် ၄၉,၉၀၀ ဖြင့် တွဲဖက်ရောင်းချမည်ဟု သိရသည်။
အဆိုပါ ဟန်းဆက်များသည် ထိုင်ဝမ်နိုင်ငံထုတ် maximus တံဆိပ် ဟန်းဆက်များဖြစ်ပြီး တယ်လီနော၏ အမှတ်တံဆိပ်လည်း တွဲဖက်ပါဝင်မည်ဖြစ်သည်။ ဟန်းဆက်များကို အရေအတွက် မည်မျှရောင်းချပေးမည်ဟု တယ်လီနောက ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိသော်လည်း အသုံးပြုသူ လိုအပ်ချက်ရှိသလောက် ထပ်မံရောင်းချပေးနိုင်ရန် စီစဉ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဟန်းဆက်များကို မန္တလေးမြို့ရှိ တယ်လီနော ဆင်းမ်ကတ်အရောင်းဆိုင် ၁,၅၀၀ ရှိသည့်အနက် အရောင်းဆိုင် ၉ ဆိုင်၌ ဝယ်ယူနိုင်မည်ဟု သိရသည်။ ထို့အပြင် တယ်လီနောသည် ပြည်တွင်း၌ နာမည်ရရှိပြီးသားဖြစ်သည့် Samsung ၊ Huawei တို့နှင့် ပူးပေါင်း၍ ဟန်းဆက်နှင့် ဆင်းမ်ကတ်ကို တွဲဖက်ရောင်းချပေးမည်ဟု သိရသည်။
 

iPhone 6,6 Plus များကွေးညွတ်သည်ဟူသောသတင်းများနှင့်စပ်လျဉ်း၍ Apple မှတရားဝင်ရှင်းလင်းချက်ထုတ် ၊ သတင်းမီဒီယာများအားလက်တွေ့ပြသရှင်းလင်းခဲ့

1
Apple ဟာ သူ့ရဲ့စက်ရုံတွေ ၊ စမ်းသပ်ခန်းတွေနဲ့ပတ်သက်ပြီး အချက်အလက်များကိုထုတ်ဖော်ပြောဆိုမှုပြုလုပ်တာ အလွန်ရှားပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ နာမည်ကြီးသတင်းမီဒီယာတစ်ချို့ကို Apple ရဲ့ iPhone ထုတ်ကုန်များကို စမ်းသပ်မှုများပြုလုပ်တဲ့ စမ်းသပ်ခန်းများကို တရားဝင်လိုက်လံပြသခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ယခုရက်ပိုင်းမှာအလွန်သတင်းပျံ့သွားတဲ့ iPhone 6,6 Plus ကိုယ်ထည်တွေကွေးညွတ်တယ်ဆိုတဲ့သတင်းများကိုဖြေရှင်းဖို့ပဲဖြစ်ပါတယ်။ iPhone များကိုပြင်ပသို့ရောင်းချမှုမပြုလုပ်ခင် Cupertino မှာရှိတဲ့ Apple Campus က iPhone ကိုယ်ထည်အစိတ်အပိုင်းများစမ်းသပ်ခန်းမှုအခန်းကဏ္ဍများကိုလိုက်လံပြသခဲ့တာဖြစ်ပါတယ်။ ဒီစမ်းသပ်ခန်းများမှာ iPhone များကိုအများပြည်သူသုံးအဖြစ် ဖြန့်ဖြူးရောင်းချမှုမပြုလုပ်ခင် ပြင်ပလက်တွေ့ဘ၀မှာ ကြုံတွေ့ရနိုင်တဲ့ ဖုန်းကိုလွတ်ကျမှုတွေ ၊ ဖုန်းကိုတက်ဖိမိတာတွေ ၊ ဖုန်းကိုဘေးတိုက်လိမ်ချိုးပြီးစမ်းသပ်တာမျိုးတွေ စတဲ့ပုံမှန်အခြေအနေအားဖြင့်အကြမ်းခံမှုရှိမရှိကိုစမ်းသပ်မှုများပြုလုပ်တာဖြစ်ပါတယ်။

” iPhone များကိုသေသပ်လှပမှု ၊ အကြမ်းခံမှုရှိအောင် Apple ရဲ့ Designer များ ၊ အင်ဂျင်နီယာများနဲ့ ဒီဇိုင်းရေးဆွဲတည်ဆောက်ပြီးမှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ကြံ့ခိုင်မှုအပိုင်းမှာလည်း တကယ့်လက်တွေ့သုံးမှာ ဒီဖုန်းအပေါ်သာမန်သုံးအနေနဲ့ ဘယ်လောက်ထိခိုက်နိုင်မယ် ၊ Pressure သက်ရောက်မှုဘယ်လောက်ရှိနိုင်မယ်ဆိုတဲ့အတိုင်းအတာတစ်ခုနဲ့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ Apple အနေနဲ့သူ့ရဲ့ Facility တွေကိုပုံမှန်အားဖြင့် ပြင်ပလူတွေကိုထုတ်ဖော်ပြောဆိုပြသလေ့မရှိပါဘူး ။ ဒီနေ့ကျွန်တော်တို့ဒီကိုရောက်နေရတာကတော့ Apple ရဲ့ နောက်ဆုံးထုတ်ဖုန်းဖြစ်တဲ့ iPhone 6 မော်ဒယ်တစ်ချို့ ကွေးညွတ်တယ်ဆိုတဲ့သတင်းကြောင့်ဖြစ်ပါတယ်။ Apple ဟာ iPhone 6 မော်ဒယ်များကိုထုတ်လုပ်ရောင်းချမှုမပြုလုပ်ခင် ယခုစမ်းသပ်ခန်းများမှာ iPhone 6,6 Plus အလုံးရေပေါင်း သုံးသောင်းခန့်ကိုအမျိုးမျိုးစမ်းသပ်စစ်ဆေးခဲ့ပါတယ်။ စမ်းသပ်ကာလမှ ရလဒ်များကိုအခြေခံပြီး ဖုန်းရဲ့ပုံမှန်သုံးအားဖြင့် ဖိအားအများဆုံးခံရမယ့်နေရာများမှာ steel / titanium သတ္တုများနဲ့ Apple မှကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ anodized aluminum ၊ အလွန်အကြမ်းခံတဲ့ ion-strengthened glass တို့ ကိုအသုံးပြု ထားတာပါ။ သုံးစွဲသူတို့ရဲ့လက်ထဲသို့မပို့ခင် စမ်းသပ်မှု ရာပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။ ပုံမှန်သုံးအခြေအနေမျိုးနဲ့သုံးစွဲနေသူတွေအတွက် ဖုန်းကကွေးညွတ်သွားဖို့ဆိုတာလုံးဝရှားပါးတဲ့အခြေအနေမျိုးပါ” လို့ Apple ရဲ့ senior vice president ဖြစ်တဲ့ Phil Schiller ကပြောပါတယ်။


“iPhone 6 Plus များကိုလက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့ရာမှာအဆင့်သုံးဆင့်ဖြင့်အဓိကစမ်းသပ်စစ်ဆေးပါတယ်။ ယင်းအဆင့်တွေထဲမှာ Sit Test လို့ခေါ်တဲ့စမ်းသပ်မှုလည်းပါဝင်ပါတယ်။ ဖုန်းကို skinny jeans ထဲထည့်ပြီး ထိုင်နေတဲ့နေရာမျက်နှာပြင် အပျော့ ၊ အမာ စတာတွေကိုအခြေခံပြီးအကုန်စမ်းသပ်စစ်ဆေးထားပါတယ်။ ဖုန်းကိုတည်ဆောက်ထားတဲ့နေရာမှာ အကြမ်းခံ ၊ ရေရှည်ခံနိုင်ဖို့အတွက် အရေအသွေးအမြင့်ဆုံးဆိုတဲ့ပစ္စည်းအစိတ်အပိုင်းများကိုသာအသုံးပြုထားပါတယ်။ သာမန်အခြေအနေလောက်နဲ့ဖုန်းကကွေးညွတ်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး ။ ဖုန်းကိုတမင်ကွေးညွတ်အောင်ချိုးမယ်ဆိုရင်တော့ iPhone မှမဟုတ်ဘူး ၊ မည်သည့်ဖုန်းမဆိုပုံပျက်ပန်းပျက်ဖြစ်သွားမှာပါပဲ” လို့ Apple မှ Hardware Engineer တစ်ဦးဖြစ်တဲ့ Dan Riccio ကပြောပါတယ်။



Apple မှထုတ်ပြန်တဲ့ကြေညာချက်မှာလည်း ဖုန်းအလုံးရေ ၁၀ သန်းကျော်ရောင်းချပြီးတဲ့အထဲက ဖုန်းကွေးညွတ်သွားတယ်လို့ဆက်သွယ်ပြောဆိုလာသူ Customer အရေအတွက်ဟာ ကိုးယောက် ဖြစ်တယ်လို့ဆိုပါတယ်။

iPhone 6 Plus Bendgate ပြသာနာ ရောင်းပြီးအလုံး ၁၀သန်းကျော်တွင်တိုင်ကြားသူ ၉ ဦးသာ ရှိကြောင်း Apple ပြောကြား

b
၅.၅ လက်မ အရွယ်ရှိ iPhone 6 Plus ဖုန်းများသည် ပုံစံပြောင်းပြီး ကွေးညွှတ်သွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားသူအနေဖြင့် ရောင်းပြီးအလုံး ၁၀သန်းကျော်တွင်  ၉ ဦးသာ ရှိကြောင်း Apple က ပြောကြားခဲ့သည်။
ယခုအခါ iPhone 6 Plus သုံးစွဲသူများသည် ၎င်းတို့ပိုင်ဆိုင်သည့် ဖုန်းများကွေးညွှတ်နေသည့် ဓာတ်ပုံနှင့် ဗွီဒီယိုများကို #bendgate အမည်ဖြင့် လူမှုရေးမီဒီယာများတွင် ဖော်ပြနေကြသည်။ ထိုကိစ္စများသည် Apple ၏ iPhone 6 Plus ရောင်းချရမှုကို ထိခိုက်ဖွယ်ရှိနေသည်။
ကြာသပတေးနေ့တွင် Apple က iPhone 6 Plus ဖုန်းပုံစံပျက်ယွင်းကာ ကွေးညွှတ်တတ်ခြင်းသည် အလွန်တွေ့ရခဲပြီး iPhone 6 များကို ရောင်းချခဲ့သည့် ၆ ရက်ခန့် အတွင်း ပုံစံပျက်ယွင်းသွားသော iPhone 6 Plus ပိုင်ရှင်၉ ဦးသာ ကုမ္ပဏီကို ဆက်သွယ်ခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။
ဆက်လက်ပြီး ယခုဝေဖန်ချက်များသည် သုံးစွဲသူများအနေဖြင့် Apple ၏ အရည်အသွေးမြင့် iPhone 6 ထုတ်ကုန်များကို စိတ်ချနိုင်မှုရှိ၊ မရှိ စမ်းသပ်သည့် ကိစ္စတစ်ခုသာ ဖြစ်ကြောင်း Apple ကပြောဆိုခဲ့သည်။
Apple ၏ ယခု ရက်သတ္တပတ်သည် စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စများစွာ ဖြစ်ပေါ်ခဲ့ပြီး တနလာင်္နေ့က ပထမသုံးရက်အတွင်း iPhone 6 နှင့် 6 Plus ဖုန်းများ ၁၀ သန်းခန့်ရောင်းချခဲ့ရကြောင်း Apple က ထုတ်ပြန်ခဲ့ပြီးနောက် iOS 8 operating system ချို့ယွင်းချက်များနှင့် iPhone 6 Plus ဖုန်းဒီဇိုင်း ပြဿနာတို့ကို အလျင်အမြန် ပြင်ဆင် ဖြေရှင်းပေးခဲ့ရသည်။

Huawei မှထပ်မံမိတ်ဆက်ကြေငြာလိုက်တဲ့ Honor Tablet

huawei-honor-tablet-obr1


huawei_honor_tablet_official
တရုတ်နည်းပညာ Company ကြီးတစ်ခုဖြစ်တဲ့ Huawei ဟာ ၄င်းတို့ရဲ့ Tablet Model အသစ်ဖြစ်တဲ့
Honor Tablet ကို မိတ်ဆက်လိုက်ပါပြီ
အဆိုပါ Tablet မှာ SIM ကတ်ထည့်သွင်းနိုင်ပြီး ဖုန်းခေါ်ဆိုမှူ စာတိုပို့နိုင်မှု စတဲ့ စမတ်ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်မှုတွေကို
ကောင်းမွန်စွာ စွမ်းဆောင်နိုင်မှာပါ ။ ၈ လက်မ မျက်နှာပြင်ရှိတဲ့ ထို Honor Tablet မှာ
1280 x 800 pixels နဲ့ပြသပေးနိုင်မယ့် Full HD IPS Display
ကိုတပ်ဆင်ပေးထားပြီး 1.2 GHz quad-core Snapdragon 200 CPU ကို အသုံးပြု လည်ပတ်ပေးမှာပါ ။
RAM ကိုတော့ 1GB ထည့်သွင်းထားပြီး
Tablet အတွင်းသိုလှောင်မှု 16GB ထိ ပါဝင်မှာဖြစ်သလို ထပ်မံတိုးချဲ့ လိုသူတွေအတွက် Micro SD ထည့်သွင်းနိုင်ပါသေးတယ်။
ကင်မရာကိုတော့ ကျော်ဖက်မှာ  5MP နဲ့ ရှေ့ဘက်မှာ 0.3 MP အဆင့်ရှိ VGA ကိုတပ်ဆင်ပေးထားပါတယ်
Tablet အတွက်ကိုတော့အားကောင်းလှတဲ့ 4,800 mAh
Battery ကိုတပ်ဆင်ပေးထားပြီး ဖယ်ရှားလို့တော့ ရမှာမဟုတ်ပါဘူး ။Android version 4.3 Jelly Bean ကို အသုံးပြုမောင်းနှင်ပေးထားပြီး
Huawei ရဲ့ နာမည်ကျော် Emotion UI 1.6 ထည့်သွင်းပေးထားမှာပါ ။
၁ ကမ္ဘာလုံးကိုဖြန့်ချီပြီးတဲ့ မချိန်မှာတော့ 4.4 KitKat ကို Update ပြုလုပ်နိုင်မှာ
ဖြစ်ပါတယ် ။ Pre-order များကိုလည်း စတင်လက်ခံနေပြီး Malaysia နိုင်ငံမှာ စတင်ဖြန့်ချီမှာဖြစ်ပါတယ် ။
 ဈေးနှုန်းကိုတော့ RM 599.00
သတ်မှတ်ပေးထားပြီး $ 187 ကျသင့်မှာ့ဖြစ်ပါတယ် ။ Honor ကိုနှစ်သက်မြတ်နိုးတဲ့ Huawei ချစ်သူတွေ စောင့်မျှော်ရမယ့် အရည်အသွေး
ကောင်းမွန်လှတဲ့ Tablet 1 လုံးဖြစ်ပါတယ်………

အသစ်ထွက်ရုပ်ရှင်ဇာတ်ကားကြီးများကို ကွန်ပျူတာ ၊ မိုဘိုင်းဖုန်းများ (Android/iOS) ပေါ်မှ တိုက်ရိုက်ကြည့်ရှုနိုင်မည့်ဆော့ဝဲထွက်ရှိ

porncorn 1
အသစ်ထွက်ရုပ်ရှင်ဇာတ်ကားကြီးများကို ကွန်ပျူတာ ၊ မိုဘိုင်းဖုန်းများ (Android/iOS) ပေါ်မှ တိုက်ရိုက်ကြည့်ရှုနိုင်မည့်ဆော့ဝဲ Popcorn Time ထွက်ရှိလာပါပြီ။ ဒီဆော့ဝဲကနေ မိမိကြည့်လိုတဲ့ ဇာတ်ကားကိုရွေး ၊ Video Quality ရွေးပြီး ကြည့်ရှုရုံပါပဲ။ စာတန်းထိုး Subtitle Feature လည်းပါဝင်ပါတယ်။ အကောင်းဆုံး Torrent Site တွေနဲ့ချိတ်ဆက်ထားတဲ့ဆော့ဝဲဖြစ်တာကြောင့် ဇာတ်ကားတွေက အမြဲ update ဖြစ်နေပါတယ်။
ကွန်ပျူ တာတွေအတွက် Popcorn Time ဆော့ဝဲကိုရယူရန်
————————————————
http://www.time4popcorn.eu/PopcornTime-latest.exe (For Windows)
http://www.time4popcorn.eu/PopcornTime-latest.dmg (For Mac OSX)

Android ဖုန်းတွေအတွက် Popcorn Time App ကိုရယူရန်
———————————————–
http://www.time4popcorn.eu/popcorntime.apk
iOS Device တွေအတွက် Popcorn Time App ကိုရယူရန်
————————————————————-
Jailbreak လုပ်ထားတဲ့ iDevice တွေအတွက် Cydia မှာ http://cydia.time4popcorn.eu ဟူသော Source ကို Add ပြီး ယင်း Source မှတစ်ဆင့် Popcorn Time App ကို Download ရယူနိုင်ပါတယ်။ Jailbreak လုပ်မထားတဲ့ Device တွေအတွက် Popcorn Time app ကတော့ မကြာခင်ထွက်ရှိလာတော့မယ်လို့သိရပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။