Thursday, July 31, 2014

Ooredoo အသုံးပြုသူတွေအတွက် Quick ORD apk

Screenshot_2014-08-01-02-38-41
Screenshot_2014-08-01-02-38-26Screenshot_2014-08-01-02-38-41
Ooredoo အသုံးပြုသူတွေအတွက် Ooredoo ရဲ့ လွယ်ကူစွာအသုံးပြုနိုင်သောနံပါတ်များကို စုစည်းပေးထားတဲ့ apk ပဲဖြစ်ပါတယ်။ ငွေစစ်ချင်တာပဲဖြစ်ဖြစ် တစ်ခြားဝန်ဆောင်မှု အသုံးပြုချင်တာပဲဖြစ်ဖြစ် dialer ကြီးကိုဖွင့်ပြီ နှိပ်နေစရာမလိုတော့ပါဘူး Application ကိုဖွင့်ပြီးတစ်ချက်နှိပ်ရုံပါပဲ။ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကတော့
1. ဖုန်းငွေဖြည့်ခြင်း
2. တစ်ခြားဖုန်းအား ငွေဖြည့်ပေးခြင်း
3. ငွေလက်ကျန်စစ်ခြင်း
4. ဝန်ဆောင်မှုများ စီမံခြင်း
5. ကိုယ့်ဖုန်းနံပါတ်ကို ပြန်ကြည့်ခြင်း
6. ငွေလွှဲခြင်း
7. Top Me Up
8. Call Me Back
ကျွန်တေ+ာ်တို့ ဥက္ကံမြို့ မှာရှိတဲ့ လူတွေအဆင်ပြေအောင်
ဥက္ကံမြို့ မှာရှိတဲ့  လင်းရာမ ဖုန်းအမျိုးမျိုးပြုပြင်ရေးမှ
software developer တင်ထွန်းဦးမှတင်ပေးထားပါတယ်ဗျာ
download ရယူလိုက်ပါ
http://pro.downloadmm.com/ca6mb0vju2wj/Quick_ORD_v1.0.apk.html

ဒီရက်ပိုင်း လူပြောများနေတဲ့ 1MB ၂၅ ကျပ်ကိစ္စ


ဒီရက်ပိုင်း လူပြောများနေတဲ့ 1MB ၂၅ ကျပ်ကိစ္စနဲ့ပတ်သက်ပြီးနည်းနည်းပြောချင်လို့ပါ။
နိုင်ငံတကာမှာလည်း အင်တာနက် Plan နဲ့ဝယ်ထားတာကိုသုံးလို့ကုန်သွားရင် ဖုန်း Bill ထဲကနေ 1 MB ကို 1 Dollar နီးနီးလောက်ကိုဖြတ်ပါတယ်။ တစ်ခါကဆို 1GB Data Plan ၀ယ်ထားပြီး အဲဒီ Plan သုံးလို့ကုန်သွားတာကိုပြန်မစစ်မိဘူး ။ အရည်အသွေးကောင်းကောင်းဓာတ်ပုံ ၉ ပုံလောက် Facebook ပေါ်တင်လိုက်တာ ၁၆ ဒေါ်လာလောက် ဖုန်း Bill ထဲကနေ ၃ မိနစ်လောက်အတွင်း...အနှုတ်ခံလိုက်ရတာမျိုးကြုံဖူးတယ်။ Plan နဲ့ဝယ်တာက သာမန် Users သုံးအတွက် တော်တော်လေးဈေးသက်သာပါတယ်။ Internet ကို Plan နဲ့ဝယ်ထားတာ သုံးလို့မကုန်သေးသရွေ့ ဖုန်း Bill ထဲကနေမဖြတ်ပါဘူး ။ Plan နဲ့ဝယ်ထားတဲ့ Data ပမာဏကုန်သွားတာနဲ့ ဖုန်းမှာငွေဖြည့်ထားတဲ့ Bill ကနေတိုက်ရိုက်စဖြတ်ပါပြီ။ အဲဒီကျရင် အတော်လေးဈေးကြီးပါတယ်။ နိုင်ငံတော်တော်များများမှာလည်း ဒီပုံစံပါပဲ။ အခုပြောနေကြတဲ့ ၂၅ ကျပ်ဆိုတာက Plan နဲ့မဟုတ်ဘဲ ဖုန်း Bill ထဲကနေ တိုက်ရိုက်ဖြတ်တဲ့ ၂၅ ကျပ် ဖြစ်မှာပါ။ ကိုယ်သုံးနေတဲ့ Plan ကုန်သွားရင် Bill ထဲကနေ ဆက်ဖြတ်မယ့်ငွေပမာဏပုံစံပေါ့။
Ooredoo တင်မဟုတ်ဘူး Telenor ကျရင်လည်း ဒီလိုပုံစံပဲဖြစ်မှာပါ။ အရင်ကတော့ စင်ကာပူမှာလည်း Mobile Internet Data ကို Unlimited Plan နဲ့လည်းရောင်းတယ်။ နောက်ပိုင်း Download တွေတအားဆွဲကြတော့ Unlimited Plan ဆိုတာမထားတော့ဘူး ၊ GB အကန့်အသတ်နဲ့ပဲ Plan တွေရောင်းတော့တာတွေ့ရတယ်။
Ooredoo ရဲ့ Data Plan အသေးစိတ်ကိုတော့ ရက်ပိုင်းအတွင်း သိရတော့မှာပါ။ Plan နဲ့ကတော့ ဈေးသက်သာမှာသေချာပါတယ်။ ကိုယ့်ဖုန်း Bill ထဲကနေ ဈေးကြီးကြီးနဲ့အဖြတ်မခံရချင်ရင်တော့ ဖုန်းကနေ ကိုယ်ဝယ်ထားတဲ့ Internet Plan ငွေပမာဏဘယ်လောက်ကျန်သေးလဲဆိုတာကိုအမြဲစစ်ပါ။ ကုန်ခါနီးတာနဲ့ Plan တစ်ခုကိုချက်ချင်းပြန်ဝယ်ထားပါ။ ဒါဆိုရင် ကုန်ကျစရိတ်နည်းနည်းနဲ့ အင်တာနက်ကောင်းကောင်းသုံးလို့ရပါတယ်။

လူသိနည်းသော iPhone လုပ်ဆောင်ချက် (၂၁) ချက်

(၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း
စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။

(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း
Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။

၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း
“Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှုလိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။

(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း
“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။

(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း
Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။

(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း
ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။

(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း
ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ်သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင်သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။

၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း
တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုးအကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။

၉) ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း
ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူးပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံးတည့်စေသည်။

၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း
Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင်သည်။

(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း
အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။

(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း
Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်စေနိုင်သည်။

(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း
စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။

(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း
Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။

(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း
ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ်သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။

၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix များ ထည့်သွင်းခြင်း
Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ “.” ကို ဖိထားပြီး ပေါ်လာသည့် web suffix များ (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။

(၁၇) Email draft များကို အလျင်အမြန် အသုံးပြုခြင်း
Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထားသည့် email များကို အလျင်အမြန် အသုံးပြုနိုင်သည်။

၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း
Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact မျာ
းအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုသို့ vibration သတ်မှတ်ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။

၁၉) Keyboard shortcut များ စိတ်ကြိုက်ဖန်တီးခြင်း
Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ်တစ်ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ်တစ်ခု ပေါ်လာမည်ဖြစ်သည်။ Emoji အတွက်လည်း shortcut များ ဖန်တီးနိုင်သည်။

(၂၀) Passcode တစ်ခုကို စာလုံးများဖြင့် ဖန်တီးခြင်း
Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။

၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း
ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် “LED Flash for Alerts” ကို ON ပြီး အသုံးပြုနိုင်သည်။
i

Ooredoo ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းမှ အပူးနံပါတ်များ ကျပ် ငါးသောင်းခန့် မြင့်တက်ပြီး ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်း

Ooredoo ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းမှ အပူးနံပါတ်များ ကျပ် ငါးသောင်းခန့် မြင့်တက်ပြီး ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်း
................................................................
Ooredoo ကုမ္ပဏီမှ ရောင်းချသည့် တန်ဖိုး...နည်း ၁၅ဝဝ တန် မိုဘိုင်းဆင်းမ်ကတ်များမှာ ပြင်ပတွင် ပေါက်ဈေး ကျပ် တစ်သောင်း မှ အပူးနံပါတ်ဆင်းမ်ကတ်များမှာ ကျပ် ငါး သောင်းခန့်အထိ မြင့်တက်လျက်ရှိပြီး ရန်ကုန်မြို့ရှိ အရောင်းဆိုင်များတွင် ပစ္စည်းများပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။

အော်ရီဒူးကုမ္ပဏီအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ဩဂုတ်တတိယအပတ်တွင် ရောင်းချမည်ဟု ပြောကြားထားသော်လည်း မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ဇူလိုင် ၂၉ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး မိုဘိုင်းအရောင်းဆိုင်များတွင် လူများစွာ ................

Read More====>http://www.myanmarmobileapp.com/2014/08/01/ooredoo-ဆင်းမ်ကတ်များ-ပြင်ပပေါ/

Ref & Credit to:Eleven Media Group
See More
Photo: Ooredoo ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းမှ အပူးနံပါတ်များ ကျပ် ငါးသောင်းခန့် မြင့်တက်ပြီး ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်း
................................................................

Ooredoo ကုမ္ပဏီမှ ရောင်းချသည့် တန်ဖိုးနည်း ၁၅ဝဝ တန် မိုဘိုင်းဆင်းမ်ကတ်များမှာ ပြင်ပတွင် ပေါက်ဈေး ကျပ် တစ်သောင်း မှ အပူးနံပါတ်ဆင်းမ်ကတ်များမှာ ကျပ် ငါး သောင်းခန့်အထိ မြင့်တက်လျက်ရှိပြီး ရန်ကုန်မြို့ရှိ အရောင်းဆိုင်များတွင် ပစ္စည်းများပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။

အော်ရီဒူးကုမ္ပဏီအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ဩဂုတ်တတိယအပတ်တွင် ရောင်းချမည်ဟု ပြောကြားထားသော်လည်း မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ဇူလိုင် ၂၉ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး မိုဘိုင်းအရောင်းဆိုင်များတွင် လူများစွာ ................

Read More====>http://www.myanmarmobileapp.com/2014/08/01/ooredoo-%E1%80%86%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%B9%E1%80%80%E1%80%90%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%95%E1%80%B1%E1%80%95%E1%80%AB/

Ref & Credit to:Eleven Media Group

Ooredoo SIM Activate ပြုလုပ်ရန်ဖုန်းလိုင်းမိနေရန် မလိုပါ

10300433_283862568482192_8624973523402336983_n
Ooredoo က SIM ကဒ်တွေကို Activate လုပ်ခိုင်းတဲ့သဘောက အရောင်းဆိုင်တွေအတွက် ကဒ်ဘယ်လောက်ရောင်းရရင် ဘယ်လောက်ဆိုင်အတွက် ပြန်ပေးမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့်လည်း ပါရှိပါတယ်…

ဆိုတော့ Ooredoo က ၄င်းအရောင်းဆိုင်တွေအတွက် SingTech တံဆိပ် ဖုန်းတစ်လုံးနှင့်အတူ ၄င်းတို့ SIM Card ကို Activate လုပ်ဖို့ရန် Software တစ်ခုပေးပါတယ်…
၎င်း Software မှာ ဆိုင်အတွက် User ID, Password သတ်မှတ်ပေးထားပြီး ၄င်းကနေတစ်ဆင့် ဝယ်ယူသူတွေရဲ့ SIM Card များကို Activate လုပ်ပေးရမှာဖြစ်ပါတယ်…
Activate ပြုလုပ်ရန် အင်တာနက်အသုံးပြု၍ ပြုလုပ်နိုင်ပြီး ၁၅ ရက်အတွင်း ပြုလုပ်ရမှာပါ… Activate ပြုလုပ်ရာတွင် ဝယ်ယူသူ၏ မှတ်ပုံတင်နံပါတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် တစ်ခုခု ယူဆောင်လာရပါမယ်… ဒါမှမဟုတ် ၄င်းတို့ကို ဓာတ်ပုံရိုက်ထားသည့်ပုံ ယူလာရပါမယ်… Activate ပြုလုပ်ရာတွင် ၄င်းပုံများရိုက်ယူရမည်ဖြစ်သည်…
Activate ပြုလုပ်ရာတွင်…
- ဝယ်ယူသူ၏ မှတ်ပုံတင်အမှတ်
- ဝယ်ယူသူ၏ အမည်
- ဝယ်ယူသူ၏ မွေးဖွားရာအရပ်
- လက်ရှိကိုင်ဆောင်ထားသော ဖုန်းနံပါတ်
- မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင်ကဒ် ဓာတ်ပုံ
- ဝယ်ယူသူ၏ ဓာတ်ပုံ
စသည်တို့ဖြည့်ပေးရပါသည်… 
Activate ပြုလုပ်စဉ်တွင် ဖြည့်ရသော ပစ္စည်းအမှတ်သည် ဝယ်ယူသော SIM Card အခွံတွင်ပါရှိသော QR Code, Barcode (ဖုန်းနံပါတ်နေရာ) ကို Ooredoo Activation Software တွင်ပါရှိသော QR Reader (Barcode Scanner) ဖြင့် ဖတ်ယူရမည်…
မှတ်ချက် – Ooredoo သည်အင်တာနက်လျှောက်ထားရန်မလိုပါ…
Ooredoo သည် Handset ရွေးသည်