Thursday, July 3, 2014

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး မိုဘိုင်းဖုန်းများ

 ခေတ်သစ် လူနေမှု အဖွဲ့အစည်းတွင် မိုဘိုင်းဖုန်းများသည် လူတိုင်းအတွက် မရှိမဖြစ်လောက်အောင် လိုအပ်သော ပစ္စည်းများ ဖြစ်လာသည်။

ခလုတ်များနှိပ်၍ အသုံးပြုရသည့် ခေတ်ဦးမိုဘိုင်းဖုန်းများမှ ယနေ့ခေတ် Touchscreen စမတ်ဖုန်းများထိ နည်းပညာပိုင်း အဆင့်ဆင့် တိုးတက်လာသလို မိုဘိုင်းဖုန်းများ၏ အသုံးတွင်ကျယ်မှုသည်လည်း တစ်ကမ္ဘာလုံးသို့ မြန်ဆန်စွာ ပျံ့နှံ့ခဲ့သည်။

အချမ်းသာ အကြွယ်ဝဆုံး လူပုဂ္ဂိုလ် အချို့ကမူ မိုဘိုင်းဖုန်းကို လိုအပ်ချက်အတွက် အသုံးပြုရန်သာ မကဘဲ အဆောင်အယောင် တစ်ခုအနေဖြင့်ပါ ကိုင်ဆောင်ရန် ဆန္ဒရှိလာသည်။ ယင်းဆန္ဒကို နာမည်ကျော် လက်ဝတ်ရတနာ လုပ်ငန်းများ၊ ဖက်ရှင်လုပ်ငန်းများက လက်တွေ့ဖြည့်ဆည်းပေးလိုက်သည့်အခါ သာမန်လူများ လက်လှမ်းမမီနိုင်လောက်အောင် တန်ဖိုးမြင့်မားသည့် မိုဘိုင်းဖုန်းများ ဖြစ်လာသည်။

မိုဘိုင်းဖုန်း ယဉ်ကျေးမှု တစ်စထက်တစ်စ တွင်ကျယ်လာသည့် ကာလတစ်လျှောက် ဒီဇိုင်းပိုင်း ပံ့ပိုးအားဖြည့်မှုများဖြင့် ဖန်တီးခဲ့သည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဖုန်း(၁၀)မျိုးကို စုစည်းဖော်ပြအပ်ပါသည်။

၁၀။ Peter Aloisson’s Nokia Arte (ဒေါ်လာ ၁၃၄၀၀၀)
တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းများအတွက် ဒီဇိုင်းရေးဆွဲပေးသည့် ဩစတြေးလျ ပညာရှင် ပီတာ အေလွိုက်စ်ဆန်၏ လက်ရာဖြစ်သည်။

Nokia၏ Arteဖုန်းလေးကို 3.15megapixel ကင်မရာ တပ်ဆင်ပြီး ရွှေသားကိုယ်ထည်ဖြင့် သီးသန့် မှာယူခဲ့သည်။

အဆိုပါ ဖုန်း၏ ကိုယ်ထည်ပေါ်တွင် ပန်းရောင်နှင့် အဖြူရောင် စိန်ပွင့်ပေါင်း (၆၈၀)ကို တပ်ဆင်ထားပြီး ဒေါ်လာ (၁၃၄၀၀၀)ထိ တန်ဖိုးကျသင့်ခဲ့သည်။

၉။ iPhone Princess Plus (ဒေါ်လာ ၁၇၆၀၀၀)

ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းလ်ဖုန်းများ၏ နံပါတ်(၉) နေရာမှ iPhoneကိုလည်း အေလွိုက်စ်ဆန်ကပင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဖုန်း၏ ကိုယ်ထည်ကို ရွှေသားစစ်စစ်ဖြင့် မှာယူခဲ့သည်။ ယင်းအပေါ်တွင် တောက်ပအရောင်တက်အောင် သွေးထားသည့် စိန်ပွင့်(၁၈၀)ပွင့် အပြင် အရွယ်အစား ပြောင်းလဲပြီး သွေးထားသည့် စိန်ပွင့်(၁၃၈)ပွင့်ကိုပါ ဖြည့်စွက်ပြီး လှပစွာ အနားသတ်ပေးထားသည်။

၈။ Sony Ericsson Black Diamond (ဒေါ်လာ ၃၀၀၀၀၀)

ဒီဇိုင်နာ ဂျာရာဂေါက Polycarbonate မှန်သားကို အသုံးပြုပြီး အလှဆင် ဖန်တီးထားသည့် ဖုန်းတွင် အရည်အသွေး အလွန်ကောင်းသော စိန်ကြီးနှစ်ပွင့်ကို မြှုပ်နှံတပ်ဆင်ထားသည်။

ပထမစိန်ပွင့်မှာ Navigation Buttonပေါ်တွင်ဖြစ်ပြီး ကျန်တစ်လုံးကိုမူ ဖုန်း၏ နောက်ကျောဘက်တွင် နေရာချ အလှဆင်ထားသည်။

၇။ Vertu Signature Cobra (ဒေါ်လာ ၃၁၀၀၀၀)

ပြင်သစ်မှ လက်ဝတ်ရတနာ လုပ်ငန်းကြီး တစ်ခုဖြစ်သော Boucheronက ဖန်တီးပြီး Limited Edition အဖြစ် စုစုပေါင်း ဖုန်း(၇)လုံးသာ ရောင်းချခဲ့သည်။

ဖုန်း၏ နံဘေးတွင် ကျောက်မျက်ရတနာ စီခြယ်ထားသည့် မြွေဟောက်ကြီးများ တွယ်ဆက်နေသည့်နှယ် အလှဆင်ထားပြီး အောက်ဘက်တွင် အဝိုင်းပုံ သွေးထားသည့် စိန်ပွင့်တစ်ပွင့်စီကို ချိတ်ဆွဲထားသည်။

မြွေဟောက်ပုံ၏ အရောင်ကွဲပြားမှုအလိုက် ပတ္တမြား၊ နီလာစသည့် ကျောက်များကို ရွေးချယ်အသုံးပြုထားပြီး စိန်ပွင့်ငယ်များကိုပါ အားဖြည့် အလှဆင်ပေးထားသည်။

၆။ Gresso Luxor Las Vegas Jackpot (ဒေါ်လာ ၁ သန်း)

 မိုဘိုင်းလ်ဖုန်း တစ်လုံးအတွက် ပထမဆုံးအကြိမ် ဒေါ်လာသန်းနှင့်ချီ တန်ဖိုးမြင့်တက်စေသည့် မှတ်တိုင်ကို (၂၀၀၅)ခုနှစ်တွင် Gressoက စိုက်ထူခဲ့သည်။

ဆွစ်ဇာလန်တွင် စတင်ပြသ ရောင်းချခဲ့သော အဆိုပါဖုန်းသည် (၁၈၀)ဂရမ် အလေးချိန်ရှိ ရွှေသားစစ်စစ်ဖြင့် သွန်းလုပ် ဖန်တီးထားပြီး နောက်ဘက်ပိုင်းတွင်မူ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး သစ်သားဖြင့် ကပ်ထားသည်။

အဆိုပါ သစ်သားကို အာဖရိက တောနက်ကြီးများထဲမှ နှစ်ပေါင်း(၂၀၀)ကျော် သက်တမ်းရှိ သစ်ပင်ကြီးများမှ ရရှိပြီး ရှားပါးတန်ဖိုးကြီးလှကြောင်း သိရသည်။

ဖုန်းကို အလှဆင်ရန်အတွက် ထိုကဲ့သို့ သစ်သားနှင့် ရွှေသားတို့ကိုသာမကဘဲ ခလုတ်များထဲတွင် နီလာကျောက်လေးများကိုပါ မြှုပ်နှံတပ်ဆင်ပေးထားသေးသည်။

၅။ Goldvish Le Million (ဒေါ်လာ ၁.၂ သန်း)
တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် လက်ပတ်နာရီများကို ဒီဇိုင်းထုတ်ရာတွင် အလွန်နာမည်ကြီးသည့် အီမန်နျူရယ်လ် ဂူယတ်က ရွှေဖြူသားဖြင့် ယခုဖုန်း၏ ကိုယ်ထည်ကို သွန်းလုပ်ခဲ့သည်။

ထို့အပြင် (၂၀)ကရက်စာ WS1 စိန်ပွင့်များဖြင့် စီခြယ်အလှဆင်ထားသည်။ ဆွစ်ဇာလန်တွင် စတင်ပြသစဉ် (၂၀၀၆)ခုနှစ်၊ စက်တင်ဘာလက ဂင်းနစ်ကမ္ဘာ့မှတ်တမ်း စာအုပ်အတွင်း၌ ကမ္ဘာ့တန်ဖိုး အကြီးဆုံး မိုဘိုင်းလ်ဖုန်းအဖြစ် အသိအမှတ်ပြု ဖော်ပြခံခဲ့ရဖူးသည်။

အဆိုပါဖုန်းကို ကိန်းစ်မြို့တွင် ကျင်းပသည့် သန်းကြွယ်သူဌေးများ ဈေးပွဲတော်တွင် ဒေါ်လာ (၁.၂)သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။

၎။ JSC Ancort’s Diamond Crypto (ဒေါ်လာ ၁.၃ သန်း)

ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းဖုန်း (၁၀)လုံးစာရင်းတွင် တတိယမြောက် ပါဝင်လာသည့် အေလွိုက်စ်ဆန်၏ လက်ရာဖြစ်သည်။

ဖုန်း၏ ရှေ့ဘက် ဘေးဘောင်များတွင် စိန်ပွင့်(၅၀)ကို ထည့်သွင်းမြှုပ်နှံထားသည်။ အဆိုပါ စိန်ပွင့်များအနက် အပေါ်ဆုံး အပိုင်းမှ (၁၀)ပွင့်သည် ရှားပါးသည့် စိန်ပြာများ ဖြစ်ကြသည်။

ဖုန်း၏ ကိုယ်ထည်တွင် ရွှေဖြင့်ကွပ်ထားသည့် အစိတ်အပိုင်းများလည်း ပါဝင်ပြီး ထုတ်လုပ်ရောင်းချစဉ်က အဆင့်အမြင့်ဆုံး လုံခြုံရေး စနစ်များကိုပါ Ancortက ထည့်သွင်းပေးထားသည်။

၃။ King’s Button iPhone 3G (ဒေါ်လာ ၂.၄ သန်း)

ယခုဖုန်းသည်လည်း အေလွိုက်စ်ဆန်၏ ဖန်တီးမှုပင်ဖြစ်ပြီး လက်ရာမြောက်စွာ သွေးထားသည့် စိန်(၁၃၈)ပွင့်ကို ဘောင်အနားသတ်တွင် ဝန်းရံ တပ်ဆင်ထားသည်။

ဖုန်း၏ Home Button နေရာတွင် (၆.၆)ကရက်ရှိ စိန်ဖြူပွင့်ကြီးကို မြှုပ်နှံထားသည်။ ဖုန်း၏ ရှေ့ဘက် စိန်ပွင့်များ စီခြယ်ထားသည့် လိုင်းတစ်လျှောက်ကိုလည်း ရွှေသားဖြင့် ပြန်၍ ကွပ်ကာ ဒီဇိုင်းဖော်ထားသည်။

၂။ Goldsticker iPhone 3G Supreme (ဒေါ်လာ ၃.၂)သန်း

ဒီဇိုင်နာ စတူးဝပ်ဟုဂ်ျစ်၏ ဖုန်းတွင် ကိုယ်ထည်ကို (၂၇၁)ဂရမ် အလေးချိန်ရှိ ရွှေသားစစ်စစ်ဖြင့် သွန်းလုပ်ထားပြီး စိန်ပွင့်(၅၃)ပွင့်ကို အနားသတ် တပ်ဆင်ထားသည်။

Home Button နေရာတွင် မြှုပ်ထားသည့် အရည်အသွေးမြင့် စိန်ပွင့်ကြီးမှာ (၇.၁)ကရက် အလေးချိန်ရှိပြီး လုံးဝန်းသေသပ်စွာ သွေးထားခြင်း ဖြစ်သည်။

၁။ iPhone Diamond Rose Edition (ဒေါ်လာ ၈ သန်း)

ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းဖုန်းအဖြစ် ရပ်တည်နေသော iPhone Diamond Rose Editionကိုလည်း ဟုဂ်ျစ်ပင် ဖန်တီးခဲ့ခြင်းကြောင့် ၎င်းသည် ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းနှစ်လုံး၏ ဒီဇိုင်းပိုင်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Rose Goldခေါ် ပန်းရောင်ဘက်ယိမ်းသည့် ရွှေနှင့်ကြေးနီ သတ္တုစပ်ကို အသုံးပြုပြီး ကိုယ်ထည်ကို တည်ဆောက်ထားသည်။

ဖုန်း၏ ဘေးဘက်ဘောင်တွင် စိန်ပွင့်ပေါင်း (၅၀၀)မျှကို မြှုပ်နှံတပ်ဆင်ထားပြီး ဖုန်းနောက်ဘက်ရှိ Apple တံဆိပ်ပေါ်တွင်ပင် စိန်(၅၃)ပွင့်ဖြင့် ထည့်သွင်း အလှဆင်ထားသည်။

Home Button၏ အလယ်တည့်တည့်တွင် (၇.၄)ကရက် ပန်းရောင်စိန်ပွင့်ကြီးကို တပ်ဆင်ထားပြီး ယင်း၏ ဘေးဘက်တွင် စုစုပေါင်း (၈)ကာရက် အလေးချိန်ရှိ စိန်ဖြူပွင့်များဖြင့် ဝန်းရံထားသည်။

ဖေ့စ်ဘွတ်ခ်သုံးသူထက် ဗိုက်ဘာသုံးသူပိုများ

ဖေ့စ်ဘွတ်ခ်သုံးသူထက် ဗိုက်ဘာသုံးသူပိုများ

Monday, June 30, 2014 08:55(+0630) (4 ရက် ခန့်က)

 မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူထက်ဗိုက်ဘာ (Viber) သုံးစွဲသူက ပိုများကြောင်းသတင်းရရှိသည်။ ထို့အပြင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ  ၂ ဒသမ ၄သန်းခန့်ရှိချိန်တွင်Viber အကောင့်များဖွင့်လှစ်ပြီးမိုဘိုင်ဖုန်းဖြင့်သာမက ကွန်ပျူတာဖြင့် သုံးစွဲသူပေါင်း ၃ ဒသမ ၈ သန်းရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

Viber အသုံးပြုရာတွင် မြန်မာနိုင်ငံဖြင့် စာရင်းပေးသွင်း အသုံးပြုနေသူ ၃ ဒသမ ၈ သန်းခန့် ရှိပြီး မိုဘိုင်းဖုန်းအပြင် ကွန်ပျူတာများဖြင့် ဖွင့်လှစ်သုံးစွဲနေကြောင်း Viber ၏ စာရင်းများအရ သိရသည်။

ပြည်တွင်း၌ Viber ဖွင့်လှစ်သုံးစွဲနေသူမှာ မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲနေသည့် စာရင်းများထက်သာမက မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်အကောင့်ဖွင့်လှစ်သုံးစွဲနေသည့် စာရင်းများထက်ပင် ပိုမိုများပြားနေပြီး လက်ရှိပြည် တွင်းတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူပင် ၁ ဒသမ ၇ သန်းကျော်သာရှိနေသည်။

‘‘အင်တာနက်ချိတ်ထားပေ မယ့်လွယ်လွယ်ကူကူသုံးလို့ရတာက Viber ပဲရှိတော့ တခြား ဖေ့စ်ဘွတ်ခ်တွေလည်းမသုံးဖြစ်ဘူး။ ဖေ့စ်ဘွတ်ခ်ကျတော့ သိပ်လည်း မသုံးတတ်ဘူး။ Viber ကျတော့ ဖုန်းလိုပဲ သုံးရတာ သိပ်မကွာတော့ သုံးဖြစ်တာ’’ ဟုပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့်မိခင်တစ်ဦးကပြောသည်။

Viberမှာ မိုဘိုင်းဖုန်းဖြင့် မက်ဆေ့ခ်ျပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ ရုပ်သံဖိုင်ပေးပို့ခြင်းစသည့်ဝန်ဆောင်မှုများဆောင်ရွက်နေပြီး ကွန်ပျူတာမှ တစ်ဆင့်အသုံးပြုနိုင်သည့်Viber Desk-top ဗားရှင်းကိုလည် ဖြန့်ချိထားသောကြောင့် မြန်မာနိုင်ငံတွင် ကွန်ပျူတာမှတစ်ဆင့်အသုံးပြုသူ အများအပြားရှိနေပြီဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် Viber ကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ သုံးစွဲသူပေါင်းသန်း ၃၀၀ ကျော်ရှိနေပြီး Viber Out အနေဖြင့်လည်း နိုင်ငံတိုင်းရှိ မည်သည့်ဖုန်းနံပါတ်ကိုမဆို ကုန်ကျစရိတ်သက်သာစွာဖြင့် ခေါ်ဆိုနိုင်ကြောင်း သတင်းရရှိသည်။

'သွေးချို ရောဂါပျေက်ရန် ကိုယ်တိုင်လုပ် ဖျော်ရည်

သွေးထဲမှာ အချိုဓာတ် များသူများဟာ အသက်အန္တရယ် ရှိပါတယ်။ ဒီအတွက် ပျောက်ရန် ကိုယ်တိုင် ကုသလို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ သဘာဝ အတိုင်း အစားအသောက်မှ ဆင်ခြင် ခြင်း အားဖြင့်လည်း ကုသမှု တစ်မျိုးပါ။

ဒါကြောင့် သွေးချိုဓာတ် လျော့ကျစေမယ့် ဖျော်ရည် ကိုယ်တိုင် ဖျော်သောက် နည်းကို မျှဝေ လိုက်ရ ပါတယ်။ 'ပန်းသီး စိမ်း၊ ကြက်ဟင်းခါးသီး တစ်တောင့်၊ သခွားသီး တစ်ပိုင်း၊ နံနံပင် နှစ်ပင် နဲ့ သံပရာသီ တစ်ခြမ်း' အစရှိတဲ့ အသီးအနှံများကို ကြိတ်လို့ ဖျော်ရည် အဖြစ် ဖျော်သောက် ရမှာ ဖြစ်ပါတယ်။

တစ်ရက် တစ်ခွက် သို့မဟုတ် ၂ ရက် တစ်ခွက် သောက်သုံး ခြင်းဖြင့် သွေးချို ရောဂါ ပျောက်ကင်းဖို့ ထောက်ပံ့ကူညီ ပေးမှာ ဖြစ်ပါတယ်။.

Ref: Health Digest
'အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

Sponsors

ဖေ့စ်ဘွတ်ခ် အသုံးမတော်လို့ ပြည့်တန်ဆာဘဝ ရောက်ခဲ့ရ

ဖေ့စ်ဘွတ်ခ် အသုံးမတော်လို့ ပြည့်တန်ဆာဘဝ ရောက်ခဲ့ရ

Wednesday, April 2, 2014 10:22(+0630) (လွန်ခဲ့သော 3-လ ခန့်က)

အမေရိကန်ပြည်ထောင် စုတောင်ပိုင်းမှာတည်ရှိတဲ့ တန် နက်ဆီပြည်နယ်မှာ နေထိုင်သူ မစ္စ ဒါးလက်စ်မဲလ်လာ (၂ဝနှစ်)ဟာ အခု ဖေ့စ်ဘွတ်ခ်အ သုံးပြုနည်း လမ်းညွှန်တွေကို လေ့လာမှတ်သား နေရပါတယ်။ ဖေ့စ်ဘွတ်ခ်ပရိုဖိုင် တွေကို ဘယ်လိုထိန်းသိမ်းမလဲ၊ ဓာတ်ပုံတွေကို ဘယ်လိုလုံခြုံအောင် ထားရှိမလဲဆိုတာတွေကို အဓိက လေ့လာနေ တာဖြစ်တယ်လို့လည်း သိရပါတယ်။

အကြောင်းကတော့ ဖေ့စ်ဘွတ်ခ်အသုံးမတော်လို့ ပြည့် တန်ဆာတစ်ဦးဘဝ ရောက်ခဲ့ရလို့ ပဲဖြစ်ပါတယ်။ ဒါးလက်မဲလ်လာရဲ့ ဖေ့စ်ဘွတ်ခ်ပုံကို လိင်လုပ်ငန်းကြော် ငြာတစ်ခုမှာ တင်ရှိထားတာကို သူ ငယ်ချင်းတစ်ယောက်ရဲ့ပြောကြား မှုကြောင့် ဒါးလက်စ်သိရှိလိုက်ရ ချိန်မှာ လွန်စွာအံ့အားသင့်ခဲ့ရပါ တယ်။ ဒါးလက်စ်က ဘယ်တုံးက မှ သူမရဲ့ဓာတ်ပုံကို လိင်လုပ်ငန်း ကြော်ငြာမှာ အသုံးပြုဖို့ ခွင့်ပြုခဲ့ခြင်း မရှိသလို သူမကိုယ်တိုင်လည်း လိင် လုပ်သားအလုပ်နဲ့ အသက်မွေးသူ တစ်ယောက်မဟုတ်ဘူးလို့ သိရပါ တယ်။

ခြေု စေါန.ခသာ မှာ လိင်လုပ်ငန်းကြော်ငြာအတွက် ဓာတ် ပုံအတင်ခံခဲ့ရပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်နဲ့ ဈေးနှုန်းတွေကိုပါဖော် ပြထားကြောင်း သိရှိရချိန်မှာတော့ ရဲဌာနကိုအကြောင်းကြားခဲ့ပြီး ယခု အခါ သက်ဆိုင်ရာရဲဝန်ထမ်းများ က ဒါးလက်စ်မဲလ်လာရဲ့ အဖြစ် အပျက်အတွက် စုံစမ်းစစ်ဆေးနေ တယ်လို့ သိရပါတယ်။ 

## Windows 8 ကို Pen Drive ထဲမှာ Install လုပ်မယ် ##

Windows 8 ဟာ လက်ရှိအချိန်အထိတော့ Microsoft မှ ထုတ်လုပ်ထားတဲ့ နောက်ဆုံး OS တစ်ခုဖြစ်ပါတယ်။ Windows 8 ကို PC မှာ အသုံးပြုဖို့အတွက်ဆိုရင် အရင် အသုံးပြုခဲ့တဲ့ Windows OS version တွေကိုနဲ့ အတူတူ Dual OS အဖြစ်အသုံးပြုနိုင်သလို Pen Drive ထဲမှာ Windows 8 ကို Install ပြုလုပ်ထားပြီး အလွယ်တကူ သွားလေရာကို ယူဆောင်သွားနိုင်အောင်လည်း ပြုလုပ်လို့ရပါတယ်။ ဒီလို လုပ်ဆောင်ဖို့အတွက် လိုအပ်ချက်တွေကတော့ 16GB USB Storage Drive, Windows 8 ISO file, WinRAR archiver, GimageX(Software), Windows 7 တင်ထားတဲ့ PC တွေပဲဖြစ်ပါတယ်။ မပြုလုပ်ခင် မှာကြားချင်တာကတော့ အသုံးပြုမယ့် USB Storage Drive ကို Transfer Speed ကောင်းပြီး အကြမ်းခံနိုင်တဲ့ အရည်အသွေးမြင့် Flash Drive ဖြစ်ရင်ပိုကောင်းပါတယ်။

ဆက်လက်ဖတ်ရှုရန်:
http://www.hardwarezone.com.mm/2013/12/01/install-windows-8-on-a-pen-drive/ | HardwareZone Myanmar
Photo: ## Windows 8 ကို Pen Drive ထဲမှာ Install လုပ်မယ် ##

Spykid | HardwareZone Myanmar 

Galaxy Grand 2 ထွက်ပါပြီ...

Samsung မှ နာမည်ကြီးခဲ့တဲ့ Galaxy Grand phablet ရဲ့ နောက်ဆက်တွဲ Series ဖြစ်တဲ့ Grand 2 ကိုထပ်မံ ထုတ်လုပ်ပေးလိုက်ပါပြီ။ Grand မှာအသုံးပြုခဲ့တဲ့ dual-core processor အစား 1.2 GHz ရှိတဲ့ Quad-core processor ကိုထည့်သွင်းအသုံးပြုပေးထားတာဖြစ်ပါတယ်။

Read more at: http://www.hardwarezone.com.mm/2013/12/02/samsung-galaxy-grand-2-with-quad-core-processor-launched/ | HardwareZone Myanmar

Photo: Galaxy Grand 2 ထွက်ပါပြီ...

## Facebook တွင် ပို့စ်တင်ခြင်း Guide ##

Faebook ဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံးနဲ့ အအောင်မြင်ဆုံး Social Network ဆိုတာ ငြင်းစရာမရှိပါဘူး.။ ကျနော်တို့မြန်မာပြည်မှာလဲ လူတွေဟာ တခြား Website တွေတောင်သိပ်မသုံးတော့ဘဲ Facebook ကိုပဲ အရမ်းသုံးလာကြတာတွေ့ရပါတယ်.။ (လောလောဆယ် မြန်မာပြည်မှ user 1.1 million ရှိနေပါတယ်) ဒီတော့ ဈေးကွက်ထိုးဖောက်မှုအပိုင်းမှာလဲ Facebook ကိုအသုံးပြုပြီး အောင်မြင်မှုရဖို့ ကြိုးစားလာကြပါတယ်.။ ကိုယ့် Product ဒါမှမဟုတ် ဆိုင်အတွက် Facebook Page ထောင်ပြီး ပို့စ်တွေတင်မယ်၊ Like များများရအောင်ကြိုးစားကြပါတယ်.။ Facebook မှာ ကြော်ငြာထည့်သွင်းချင်သူတွေ များလာသလို ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေလဲ ရှိလာပါတယ်.။ Facebook ဟာ လုပ်ငန်းရှင်တွေအတွက် ထိရောက်တဲ့ ဈေးကွက်ကြီးတစ်ခုဖြစ်လာပါပြီ.။ ဒါပေမယ့် Facebook Page ဟာ Like လုပ်ထားတဲ့သူတိုင်းကို ပို့စ်နဲ့ ဓါတ်ပုံတွေ ပြပေးတာတော့မဟုတ်ပါဘူး.။ Like လုပ်သူရဲ့ 17% ကိုသာ ပြပေးတာဖြစ်ပါတယ်.။ ဒီအတွက် ကိုယ်တင်တဲ့ပို့စ်ဟာ စိတ်ဝင်စားစရာဖြစ်ဖို့ Like နဲ့ Share များများရဖို့ လိုပါတယ်.။ ဒါမှသာ Viral ဖြစ်ပြီး များများ ပျံ့နှံ့သွားမှာပါ.။ Belle Beth Cooper ဟာ Facebook Page တွေရဲ့ Viral ဖြစ်မှုကို သိပ္ပံနည်းကျ လေ့လာပြီး ကိုယ့်ပို့စ်တွေ မြန်မြန်နဲ့ အများဆုံး ပျံ့နှံ့ အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ Guide လေးတစ်ခု ရေးထားခဲ့ပါတယ်.။ ဒီပို့စ်မှာ ကျနော် အဲဒီနည်းလမ်းတွေကို ပြန်လည်မျှဝေချင်ပါတယ်…

# အကောင်းဆုံးအချိန် #

Facebook မှာ User တွေအများကြီးရှိနေတယ်ဆိုပေမယ့် ကိုယ့်ပို့စ်ကို သူတို့ဖတ်မိဖို့လိုပါတယ်.။ လေ့လာမှုတစ်ခု အရ “အလုပ်လုပ်ချင်စိတ် နည်းပါးလာလေလေ၊ Facebook မှာ အချိန်ပိုရှိလေလေ” လို့ ဆိုပါတယ်.။ နေ့တစ်နေ့အစပြုတဲ့ မနက်ပိုင်းအချိန်မှာ လူတွေဟာ တက်ကြွနေပါသေးတယ်၊ အလုပ်လုပ်နိုင်ပါသေးတယ်.။ ဒါကြောင့် မနက်ပိုင်းမှာ ပို့စ်သိပ်မတင်တာအကောင်းဆုံးပါ.။ ပို့စ်တင်ဖို့ အကောင်းဆုံးကတော့ နေ့လည် ၁ နာရီကနေ ည ၉ နာရီအတွင်းဖြစ်ပါတယ်.။ နေ့လည် ၁ နာရီကျော်မှာ တင်တဲ့ပို့စ်တွေဟာ Share အများဆုံး ရတတ်ပြီး၊ ညနေ ၃ နာရီကျော်မှာ တင်တဲ့ပို့စ်တွေကတော့ Like အများဆုံးရပါသတဲ့.။

# အကောင်းဆုံးနေ့ #

“အလုပ်လုပ်ချင်စိတ် နည်းပါးလာလေလေ၊ Facebook မှာ အချိန်ပိုရှိလေလေ” ဆိုတဲ့ အပေါ်က သဘောတရားအတိုင်းပဲ၊ လူတွေဟာ အားလပ်ရက်နီးလာလေလေ Facebook ပိုသုံးလာလေလေပါပဲ.။ လေ့လာမှုအရ တနင်္လာနေ့မှသည် ဗုဒ္ဓဟူးနေ့အထိ တင်တဲ့ပို့စ်တွေဟာ Engagement rates 3.5% အောက်ပဲရှိတာကို တွေ့ရပါတယ်.။ ဆိုလိုတဲ့သဘောက တနင်္လာမှသည် ဗုဒ္ဓဟူးနေ့အတွင်းမှာ Facebook မှာ လူဦးရေ နည်းတဲ့အတွက် နှိပ်ကြည့်တဲ့ Rate ကလဲ နည်းတာဖြစ်ပါတယ်.။ ပို့စ်တင်ဖို့အကောင်းဆုံးနေ့ကတော့ ကြာသပတေးနေ့ ပဲဖြစ်ပြီး 20% ကျော်အထိ Rating ရှိတာတွေ့ရပါတယ်.။ သေကြာနေ့ဟာလဲ ပို့စ်တင်ဖို့ကောင်းတဲ့နေ့တစ်နေ့ ဖြစ်ပြီး 10% ကျော်ရှိပါတယ်.။ Weekends တွေမှာတော့ 32% အထိ ရှိတတ်တာကိုတွေ့ရပါတယ်.။ ဒါပေမယ့် သက်ဆိုင်ရာကဏ္ဍအလိုက်နဲ့ နိုင်ငံအလိုက်ကွဲပြားမှုတော့ ရှိပါတယ်.။ ကျနော်တို့နိုင်ငံမှာဆို အများအားဖြင့် ရုံးမှာသုံးသူတွေ၊ ဖုန်းနဲ့သုံးသူတွေ အွန်လိုင်းတက်တတ်တဲ့ ကြာသပတေး၊ သောကြာ၊ စနေနေ့လည်ပိုင်းတွေမှာ တင်ရင်အဆင်ပြေပါလိမ့်မယ်.။ တနင်္ဂနွေနေ့ကတော့ အပြင်သွားသူသွား၊ အိမ်အလုပ်လုပ်သူလုပ်နဲ့မို့ ပုံမှန်လောက်ပဲရှိမှာပါ.။

# အကောင်းဆုံးကဏ္ဍ #

ပို့စ်တစ်ပို့စ် Like များများရဖို့၊ Share ရဖို့ဆိုတာ ကိုယ်တင်တဲ့ပို့စ်ရဲ့ ကဏ္ဍပေါ်မှာလဲ အများကြီးမူတည်ပါတယ်.။ လတ်တလောလူစိတ်ဝင်စားတဲ့ ကိစ္စမျိုးတွေဆို Like and Share များများရတတ်တာ တွေ့ရပါတယ်.။ မြန်မာပြည်မှာ လူစိတ်ဝင်စားဆုံးပို့စ်အမျိုးအစားတွေကတော့ Motivation နဲ့ပတ်သက်တဲ့အကြောင်းအရာများ၊ အင်တာနက်ကော်နက်ရှင်မြန်အောင် ဘယ်လိုလုပ်မလဲစသဖြင့် ဖုန်းနဲ့ အင်တာနက်နဲ့ပတ်သက်တဲ့ အကြောင်းအရာများ၊ သတင်း နဲ့ လတ်တလောပေါက်နေတဲ့အကြောင်းအရာများနဲ့ မော်ဒယ်နဲ့ အနုပညာရှင်တွေရဲ့ သတင်းဓါတ်ပုံများ အစရှိတဲ့ပို့စ်တွေဖြစ်ပါတယ်.။ အချစ်အကြောင်းနဲ့ အလုပ်အကြောင်း၊ နိုင်ငံရေးအကြောင်းတွေကလဲ စိတ်ဝင်စားမှုရှိတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်.။ မြန်မာလူမျိုးတွေဟာ သူများ Share ရင် ဘာရယ်ညာရယ်မဟုတ်ကိုယ်လဲ လိုက် Share တတ်တဲ့အတွက် လတ်တလော Hot နေတာလေးတွေကိုလဲ သိဖို့လိုပါတယ်.။

ဒါတွေကတော့ Cooper ရဲ့ Scientific Guide မှာဖော်ပြထားတဲ့အချက်အလက်တွေထဲမှာ မြန်မာပြည်နဲ့ သင့်တော်မယ့် ကျနော့်ရဲ့အာဘော်အတွေ့အကြုံလေးတွေ ပေါင်းစပ်ထားတာဖြစ်ပါတယ်.။ မိတ်ဆွေများ Facebook သုံးခြင်းဖြင့် အောင်မြင်ကြပါစေ.။

Aung Mon Chan | HardwareZone Myanmar
In association with Dream Riser: Content Creation Service
www.hardwarezone.com.mm

Search Keywords | #facebookpostingguide #hardwarezonemyanmar #dreamriser #aungmonchan
Photo: ## Facebook တွင် ပို့စ်တင်ခြင်း Guide ##

post-------- tintunoo

Google Play Edition Program မှာ ပါဝင်လာတဲ့ Sony Xperia Z Ultra

Google Play Edition Program မှာ ပါဝင်လာခဲ့တဲ့ Android vendor ထဲမှာ LG တစ်ခုတည်းမဟုတ်တော့ပါဘူး။ အခုဆိုရင် Sony ရဲ့ ပထမဆုံး Phablet ဖြစ်တဲ့ Xperia Z Ultra ဟာ ဆိုရင်လည်း ဒီ Program ထဲက အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ Xperia Z Ultra ဟာ Sony ရဲ့ ပထမဦးဆုံးသော Google Play Edition (GPE) 4G LTE phablet ဖြစ်ပြီး တန်ဖိုးအနေနဲ့ US$ 649 ဖြင့် ရောင်းချနေပြီ ဖြစ်ပါတယ်။ Android OS ကို 4.4 KitKat ထည့်သွင်းထားတာဖြစ်ပြီး phablet ဆိုတဲ့အတိုင်း 6.44 လက်မ Screen ကို Full-HD (1,920 x 1,080 pixels) display ပါရှိပါတယ်။ Processor အနေနဲ့ကတော့ Qualcomm Snapdragon 800 quad-core 2.2GHz ကိုထည့်သွင်းအသုံးပြုထားပါတယ်။ 2GB RAM, 16 GB internal storage, Sony Exmor RS 8-megapixel rear camera နှင့် 3,000 mAh battery တို့လည်းပါဝင်ပါတယ်။ အထူအားဖြင့် 6.5 mm သာရှိပြီး Sony တို့ရဲ့ ထုံးစံအတိုင်း IP55 (dust-proof) နဲ့ IP58 (water-resistant) ရှိပါတယ်။

Read more at: http://www.hardwarezone.com.mm/2013/12/11/sony-xperia-z-ultra-joins-the-google-play-edition-program/ | HardwareZone Myanmar
Photo: Google Play Edition Program မှာ ပါဝင်လာတဲ့ Sony Xperia Z Ultra

post by- tintunoo

Design ဆန်းတဲ့ K-Array Anakonda Speakers

အသံစနစ် ကောင်းမွန်လှတဲ့ Speaker တွေ အပြိုင်အဆိုင် ပေါ်နေသကဲ့သို့ Design ဆန်းတဲ့ Speaker တွေလည်း အများအပြားပေါ်ထွက် လျက်ရှိပါတယ်။ အခုတစ်ခါမှာတော့ အရင်ထွက်ရှိခဲ့ဖူးတဲ့ Speaker Design ပုံစံတွေနဲ့ လုံးဝကွဲပြားတဲ့ K-Array ကထုတ်လုပ်ထားတဲ့ Anakonda Speaker ကိုလေ့လာကြည့်ရအောင်

Read more at: http://www.hardwarezone.com.mm/2013/12/08/k-array-anakonda-speakers-with-unique-design/ | HardwareZone Myanmar
Photo: Design ဆန်းတဲ့ K-Array Anakonda Speakers

Spykid | HardwareZone Myanmar 

အသံစနစ် ကောင်းမွန်လှတဲ့ Speaker တွေ အပြိုင်အဆိုင် ပေါ်နေသကဲ့သို့ Design ဆန်းတဲ့ Speaker တွေလည်း အများအပြားပေါ်ထွက် လျက်ရှိပါတယ်။ အခုတစ်ခါမှာတော့ အရင်ထွက်ရှိခဲ့ဖူးတဲ့ Speaker Design ပုံစံတွေနဲ့ လုံးဝကွဲပြားတဲ့ K-Array ကထုတ်လုပ်ထားတဲ့ Anakonda Speaker ကိုလေ့လာကြည့်ရအောင်

Read more at: http://www.hardwarezone.com.mm/2013/12/08/k-array-anakonda-speakers-with-unique-design/ | HardwareZone Myanmar

ကမ္ဘာပထမဆုံးသော သော့တံ မရှိတဲ့ စက်ဘီးသော့ခလောက် BitLock

ကျွန်တော်တို့ IT လောက ပတ်ဝန်းကျင်မှာ Smartphone ဖြင့် unlock ပြုလုပ်နိုင်တဲ့ ပစ္စည်းတွေ အများအပြားရှိပြီးဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံး ထုတ်လုပ်ထားတဲ့ သော့တံ မရှိတဲ့ စက်ဘီးသော့ခလောက် ဖြစ်ပါတယ်။ BitLock လို့အမည်ပေးထားပြီး စက်ဘီးချစ်သူတွေ အတွက်တော့ အသည်းစွဲမယ့် Locker ပဲဖြစ်ပါတယ်။ BitLock အတွင်းမှာ Proximity sensor ပါဝင်တဲ့အတွက်ကြောင့် စက်ဘီးပိုင်ရှင်ကို အနီးအနားမှာ ရှိမရှိကို သိရှိနိုင်ပါတယ်။ Smartphone နဲ့ ချိတ်ဆက်အသုံးပြုရမှာဖြစ်ပြီးတော့ iOS, Android နှစ်မျိုးမှာသာ အသုံးပြုနိုင်မှာပါ။ အကွာအဝေး အနေနဲ့ သုံးပေ အတွင်းမှာ ပိုင်ရှင်ရှိနေပြီးဆိုရင်တော့ Smartphone ကနေ unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ BitLock ကို တီထွင်ခဲ့သူတွေရဲ့ အဆိုအရတော့ ဒီ BitLock အတွင်းမှာ ပါဝင်တဲ့ Battery ဟာ ငါးနှစ်သက်တမ်းရှိပြီး unlock, lock ပြုလုပ်တဲ့ အကြိမ်ရေပေါင်း 10000 ခန့်အထိကို လုပ်ဆောင်ပေးနိုင်ပါတယ်။ BitLock ကို Smartphone မရှိတဲ့ အချိန်မှာ အသုံးပြုဖို့အတွက်တော့ 16-digit binary code ကို အသုံးပြုမှသာ unlock ဖြစ်မှာဖြစ်ပါတယ်။ BitLock ဟာ သော့ခလောက် သက်သက်သာမကပဲ သွားခဲ့တဲ့ လမ်းကြောင်းတွေကို မှတ်သားထားခြင်း၊ မောင်းနှင်ခဲ့တဲ့ အကွာအဝေးများကို တိုင်တားခြင်း၊ အကွာအဝေးအလိုက် Calories တွေဘယ်လောက် လောင်ကျွမ်းသွားလည်းဆိုတာကိုပါ တွက်ချက်ပေးနိုင်မှာပါ။ သူ့ရဲ့ တန်ဖိုးကတော့ $140 ရှိပါတယ်။

Read more at: http://www.hardwarezone.com.mm/2013/12/08/bitlock-is-worlds-first-keyless-lock-for-your-bike/

USB stick ထဲမှာ ဆောင်ထားသင့်တဲ့ Software 10 ခု

USB memory Stick ဟာ ယခုခေတ်မှာ ဈေးနှုန်းသက်သာလာတဲ့ အပြင် အလွယ်တကူလည်း သယ်ယူသွားနိုင်တဲ့ အတွက်ကြောင့် လူတိုင်းလိုလိုမှာ ရှိကြပါတယ်။ ဒီလို ကိုယ်နဲ့ အတူဆောင်ထားတတ်တဲ့ USB Stick ထဲမှာလည်း ဆောင်ထားသင့်တဲ့ Software လေးတွေရှိပါတယ်။ အဲဒီထဲကမှ Software 10 ခုကိုပြောပြပေးသွားမှာပါ.။

Read more at: http://www.hardwarezone.com.mm/2013/12/08/10-essential-softwares-should-keep-on-a-usb-stick/ | HardwareZone Myanmar
Photo: USB stick ထဲမှာ ဆောင်ထားသင့်တဲ့ Software 10 ခု

Spykid | HardwareZone Myanmar 

USB memory Stick ဟာ ယခုခေတ်မှာ ဈေးနှုန်းသက်သာလာတဲ့ အပြင် အလွယ်တကူလည်း သယ်ယူသွားနိုင်တဲ့ အတွက်ကြောင့် လူတိုင်းလိုလိုမှာ ရှိကြပါတယ်။ ဒီလို ကိုယ်နဲ့ အတူဆောင်ထားတတ်တဲ့ USB Stick ထဲမှာလည်း ဆောင်ထားသင့်တဲ့ Software လေးတွေရှိပါတယ်။ အဲဒီထဲကမှ Software 10 ခုကိုပြောပြပေးသွားမှာပါ.။

Read more at: http://www.hardwarezone.com.mm/2013/12/08/10-essential-softwares-should-keep-on-a-usb-stick/ | HardwareZone Myanmar

Sony ကအသစ်မိတ်ဆက်လိုက်တဲ့ Multi-Functional VAIO Fit PC

Sony ဟာ VAIO Fit A ကို စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီ mobile PCs ဟာ traditional clamshell laptop ကို အသုံးပြုရသလို အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် Tablet တစ်လုံးအနေနဲ့လည်း အကောင်းမွန်ဆုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်.......

Read more at: http://www.hardwarezone.com.mm/2013/12/18/sony-multi-functional-vaio-fit-pc/ | HardwareZone Myanma

WhatsApp ကို $19 billion နဲ့ ၀ယ်လိုက်တဲ့ Facebook

Facebook ဟာ Messaging apps တစ်ခုဖြစ်တဲ့ WhatsApp ကို $19 billion နဲ့ ၀ယ်ယူလိုက်ပါတယ်။ $12 billion ကို Facebook share နဲ့ ပေးချေပြီး $4 billion ကို cash နဲ့ ပေးချေကာ $3 billion ကို employee retention အတွက် ပေးချေတာကို တွေ့ရပါတယ်။ မကြာသေးခင်က Messaging apps တစ်ခု ဖြစ်တဲ့ Viber ကို ဂျပန်က e-commerce company တစ်ခုက ၀ယ်သွားခဲ့ပါတယ်။ အခုဆိုရင် WhatsApp ဟာ ဒုတိယမြောက် ရောင်းချတဲ့ messaging apps တစ်ခုဖြစ်သွားပါပြီ။ ထူးခြားတာက WhatsApp ဟာ သီးသန့် နဂိုအတိုင်း သူ့ရဲ့ brand က ဆက်လက်တည်ရှိနေမှာ ဖြစ်ပြီး Apps ဟာလည်း ဆက်လည် run နေမှာ ဖြစ်ပါတယ်။ WhatsApp ရဲ့ co-founder လည်းဖြစ် CEO လည်း ဖြစ်တဲ့ Jan Koum ကတော့ Facebook ရဲ့ director board အဖွဲ့ကို ၀င်ရောက် join နိုင်တော့မှာ ဖြစ်ပါတယ်။ WhatsApp မှာ 450 million ( Monthly Active Users ) တွေရှိနေပါပြီ။ အဲ့ဒီ users တွေအားလုံးရဲ့ 70% ကနေ့တိုင်း WhatsApp ကို အသုံးပြုကြပါတယ်။ တွက်ချက်ကြည့်လိုက်တဲ့အခါမှာ တစ်နေ့ကို 1 million users လောက် WhatsApp ကို အသုံးပြုကြပါတယ်။ Facebook ဟာ WhatsApp နဲ့ ပူးပေါင်းပြီး သူ့ရဲ့ Messangers ကို ပိုကောင်းအောင်ပြုလုပ်မလား ဒါမှမဟုတ် Messaging နဲ့ပတ်သက်ပြီး ဘာတွေ ခြေလှမ်းလှမ်းဖို့ ပြင်နေသလဲ…စဉ်းစားစရာတွေကတော့ ရှိနေပါတယ်။ မကြာသေးခင်က photo messaging app တစ်ခုဖြစ်တဲ့ snapchat ကို $3 billion နဲ့ ၀ယ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် တစ်ဖက်က ပယ်ချတာကို ကြုံခဲ့ရတဲ့ Facebook ဟာ အခုဆိုရင်တော့ WhatsApp နဲ့ ပူးပေါင်းနိုင်နေပြီ ဖြစ်ပါတယ်။

post--- tintunoo