Saturday, September 6, 2014

Ooredoo And Voice Mail


Voice Mail ကလက်ခံသူအတွက်လုံးဝအခမဲ့ပါ။ ခေါ်ဆိုသူကတော့ သက်ဆိုင်ရာ Operator ကသက်မှတ် ထားတဲ့ ဈေးနှုန်းကိုပေးရမှာဖြစ်ပါတယ်။ (MPT to Ooredoo 50Ks/Min, Ooredoo to Ooredoo 25Ks/min, Ooredoo to MPT (not available)) နည်းလမ်းနှစ်နည်းရှိပါတယ်။

ပထမနည်းကတော့ အရင်ဆုံး ဖုန်း call settings ထဲကိုသွားပြီ voice mail မှာ number ကို 3131 လို့ထည့်ပါ။ call settings ထဲမှာပဲ call forwarding ကိုရှာပါ။ Always Forward, Forward when busy, Forward when unanswered , Forward when unreachable ဆိုပြီး ၄ ခုရှိပါတယ်။ ကိုယ်လိုချင်တဲ့အခြေအနေကိုရွေးပြီး 3131 လို့ထည့်လိုက်ပါ။ ကျွန်တော်ကတော့ပုံမှန်ဆို Forward when unanswered , Forward when unreachable မှာထည့်ထားပါတယ်။ ကျွန်တော်ဖုန်းမကိုင်ရင် voice mail ထဲရောက်မှာဖြစ်ပြီး ဖုန်းပိတ်ထားရင်လဲ voice mail ထဲရောက်မှာဖြစ်ပါတယ်။ voice mail ဝင်နေရင် sms ပို့ပေးမှာဖြစ်ပါတယ်။ နားထောင်ချင်ရင်တော့ dialer မှာ 1 ကိုဖိနှိပ်ထားပါ ဒါမှမဟုတ် 3131 ကိုဖုန်းခေါ်ပြီးနားထောင်လို့ရပါတယ်။

Clean Master v5.8.3 apk for Android

Clean master
Clean Master သုံးတဲ့ဘော်ဒါတွေအတွက်
update လေးတွေ့ လို့ တင်ပေးလိုက်ပါတယ်။Update မလုပ်ရသေးရင် လုပ်လိုက်ဦးနော် :D
သုံးဖူးသမျှ Task killer တွေထဲမှာ ဒီကောင်အကြိုက်ဆုံးပဲ။
ဒီကောင်လေးကိုဆောင်ထားကတည်းက စက်ကပေါ့ပေါ့ပါးပါးပဲဗျာ။
ဒီကောင်လေးမှာ Function 4 မျိုးပါ ပါတယ်။ကျွန်တော်တို့ စက်တွေထဲမှာ
မလိုအပ်တဲ့ Junk ဖိုင်တွေအကုန်လုံး အသေးစိပ်ရှာပီး ဖျက်ပေးနိုင်တဲ့အတွက်
စက်ကိုလုံးဝပေါ့သွားစေပါတယ်။App တစ်ခုကို uninstall လုပ်လိုက်ပီဆိုရင်
စက်ထဲမှာ အဲ့ဖျတ်လိုက်တဲ့ App နဲ့ ဆိုင်တဲ့ ဖိုင်တွေပျက်သွားပီလို့ ထင်နေရင်
တော့မှားသွားမယ်။အဲ့လိုကျန်ခဲ့တဲ့ အမှိုက်တွေ Junk ဖိုင်တွေကိုလည်းဖျတ်
ပေးပါတယ်။အရေးကြီးတဲ့ဖိုင်တွေကိုတော့လုံးဝဖျတ်ပေးမှာမဟုတ်ပါဘူး။
Task killer ကလည်း လုံးဝထိထိရောက်ရောက်ကို kill ပေးနိုင်ပါတယ်။
သုံးကြည့်ပါ အပြောနဲ့  လက်တွေ့ ယုံသွားစေရမယ်။လိုချင်ရင်တော့
အောက်ကလိပ်စာမှာရယူလိုက်ပါ။အဆင်ပြေပါစေ။



Download Here 

မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်ခဲ့တဲ့ ASUS ရဲ့ ZenWatch

“Time has been transformed, and we have changed” ဆိုတဲ့ ASUS ရဲ့ ဆောင်ပုဒ်ကို IFA မှာ လက်တွေ့
အကောင်အထည်ဖော်ခဲ့ပြီဖြစ်ပါတယ် ။ အခုဆိုရင် ASUS ဟာ၎င်းတို့ရဲ့ ပထမဆုံးမျိုးဆက် ZenWatch ကို စတင်မိတ်ဆက်
လိုက်ပါပြီ။ ပြောင်းလဲလာတဲ့ နည်းပညာတွေထဲမှာ SmartWatch ရဲ့ ပြိုင်ဆိုင်မှုကို တော်တော်အလေးပေးလာတာကို
တွေ့မြင်ရမှာပါ။ အဆိုပါပြိုင်ဆိုင်မှူတွေထဲကမှ လှပသေသပ်တဲ့ ဒီဇိုင်း စွဲမက်ဖွယ်မျက်နှာပြင် တို့နဲ့ခွဲထွက်လာတဲ့
ASUS ရဲ့ ZenWatch ကိုတွေ့ရမှာပါ ။ အခုဆိုရင် ASUS ဟာ IFA ရဲ့ စင်မြင့်ပေါ်မှာ ၄င်းတို့ရဲ့ ZenWatch ကို
Official မိတ်ဆက်ပေးလိုက်ပါပြီ ။ ZenWatch ဟာ အခြားပြိုင်ဖက်တွေ ဖြစ်တဲ့ Samsung , LG တို့ရဲ့ Smartwatch
တွေထက် မသာလွန်နိုင်တောင် ဒီဇိုင်းပိုင်းမှာတော့ တော်တော်လေးလှပပါတယ်။

အဆိုပါ Smartwatch ကို
Stainless steel နဲ့ပြုလုပ်ပေးထားပြီး ပါးလွှာတဲ့ ပုံစံကွေးကောက်တဲ့ မျက်နှာပြင် ဒီဇိုင်းကို ပုံစံဖော်ထားလို့ ဒီဇိုင်းပိုင်းမှာ
လှပသပ်ရပ်တယ်ဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး ။ ZenWatch ရဲ့ Display ကို ရုပ်ထွက်ကောင်းမွန်လှတဲ့
AMOLED Display နည်းပညာကို အသုံးပြုထားပြီး မျက်နှာပြင်ကို အကာကွယ်အကောင်းဆုံးပေးနိုင်မယ့်
Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ထားပါတယ်။
asus-zenwatch-announcement3 (1)
အထူးခြားဆုံးကတော့ Smartwatch ရဲ့ ကြိုးကို ကောင်းမွန်လှတဲ့
Leather ကြိုးကို အသုံးပြုထားပြီး လွယ်ကူသက်သာစွာဝတ်ဆင်နိုင်စေရန် အီတလီ ဒီဇိုင်းနာက အထူးရေးဆွဲချုပ်လုပ်ပေးထားပါတယ်
ASUS Zenwatch ASUS ရဲ့ ဒီဇိုင်း စင်တာမှ အုပ်ချုပ်သူဖြစ်တဲ့ Mitch Yang က မိတ်ဆက်ပြသပေးခဲ့ပါတယ် ။

ASUS ရဲ့ smart watch မှာတော့ စိတ်ဝင်စားဖွယ်ကောင်းမွန်လှတဲ့ နာရီ မျက်နှာပြင်ပေါင်း ရာကျော် ပါဝင်ပြီး
Smart watch မျက်နှာပြင်ကို ၂ချက်နှိပ်ယုံနဲ့ ဖုန်းကို ရှာဖွေပေးမှာဖြစ်ပြီး အလိုလျောက်လဲ Unlock လုပ်ပေးမှာပါ။
အခြားသောနည်းပညာတွေအနေနဲ့ ဖုန်းကင်မရာကို smartwatch မှ ထိန်းချုပ် ရိုက်ကူးနိုင်မှာဖြစ်ပြီး ကျန်းမာရေးကို
အထောက်အကူပြုမယ့် Heartrate monitor ကို လည်းထည့်သွင်းပေးထားပါတယ်။ အဆိုပါ heartrate ကိုတော့ ဖုန်း
မှာပါဝင်တဲ့ ASUS Wellness app မှာကြည့်ရှုနိုင်မှာဖြစ်ပြီး ကယ်လိုရီလောင်ကျွမ်းမှုနှုန်း ၊ လေ့ကျင့်ခန်းလုပ်ဆောင်မှုကြာချိန်
နဲ့ အနားယူတဲ့အချိန်တွေကို တိုင်းတာနိုင်မှာဖြစ်ပါတယ် ။ သရုပ်ပြနေချိန်မှာ Mitch Yang ဟာ Smartwatch ရဲ့ မျက်နှာပြင်
ကို လက်နဲ့ အုပ်ရုံနဲ့ ဖုန်းအ၀င်ခေါ်ဆိုမှုကို အသံဖျောက်ပြသွားခဲ့ပါသေးတယ် ။ ထို့အပြင် Zenwatch အတွက်
Officail Page တစ်ခုကိုပြုလုပ်ပေးထားပြီး Unofficial မဟုတ်ဘူးဆိုတာတွေကိုသက်သေပြခဲ့ပါတယ် ။
ASUS ရဲ့ ZenWatch ကို 199 Euros နဲ့ ရောင်းချပေးမယ်လို့ကြေငြာခဲ့ပြီး အဆိုပါဈေးဟာ ဈေးကွက်ထဲမှာရှိတဲ့Samsung , LG တို့ရဲ့ Android wearing device တွေရဲ့ ရောင်းချဈေးနှုန်းနဲ့ တူတူဘဲဖြစ်ပါတယ်………..asus-zenwatch1 (2)

Samsung မှ Samsung Galaxy Note 4 ကိုတရားဝင်မိတ်ဆက်ပြသ

n
ကမ္ဘာ့နံပါတ်တစ် မိုဘိုင်းဖုန်းထုတ်လုပ်သူ Samsung မှ Galaxy Note စီးရီး၏ စတုတ္ထမြောက်ဖုန်းဖြစ်သော Samsung Galaxy Note 4 ကို ၂၀၁၄ စက်တင်ဘာလ ၃ ရက်နေ့ တွင်တရားဝင်မိတ်ဆက်ပြသခဲ့သည်။ Samsung Galaxy Note 4 သည် Screen size အားဖြင့် 5.7 လက်မရှိပြီး Super Amoled HD , 2.5D Gorilla Glass 3 Screen တို့ကိုတပ်ဆင်ထားသည်။

ဖုန်း၏ ဘေး Frame ကို Metal ဖြင့်ပြုလုပ်ထားပြီး နောက်ကျောကာဗာဖုံးကို Note 3 ကဲ့သို့ပင် faux leather ဖြင့်ပြုလုပ်ထားသည်။ Galaxy Series ဖုန်းများ၏ အမှတ်သင်္ကေတဖြစ်သော S Pen ကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ထားသည်ကိုလည်းတွေ့ရသည်။ Samsung Galaxy Note 4 တွင် Snap Note ဟူသော app တစ်ခုလည်းပါဝင်လာပြီး printed documents များကိုပြင်ဆင်ရေးသားနိုင်သော Text Document အဖြစ်ပြောင်းလဲပေးနိုင်သည်။ Samsung Galaxy Note 4 ကို “Snapdragon 805 chipset and LTE Cat. 6 connectivity” နှင့် “Exynos 5433 chipset and LTE Cat. 4 connectivity” Version နှစ်မျိုးဖြင့်ထုတ်လုပ်သွားမည်ဖြစ်သည်။ Samsung Galaxy Note 4 တွင် Android version 4.4 Kitkat ကိုအသုံးပြုထားသည်။

Samsung Galaxy Note 4 တွင် RAM 3 GB, Finger Print Scanner, Heartrate Monitor,Front Camera 3.7 MegaPixel နှင့် Back Camera 16 MegaPixel Camera ကိုတပ်ဆင်ပေးထားသည်။ Samsung Galaxy Note 4 တွင် ရေစိုခံနိုင်သော Feature ကိုတော့ထည့်သွင်းတည်ဆောက်ပေးထားခြင်းမရှိပေ။ Samsung Galaxy Note 4 ၏ Battery ကို 3220 mAh ရှိ Battery ကိုအသုံးပြုထားပြီး Battery Percentage ၅၀ ရာခိုင်နှုန်းကို မိနစ် ၃၀ အတွင်းအမြန်အားသွင်းနိုင်သည့် Rapid Charge Feature ပါရှိသည်။

Samsung Galaxy Note 4 ကို Frosted white, Charcoal black, Bronze Gold and Blossom Pink စသည့်အရောင်သုံးမျိုးဖြင့်ထုတ်လုပ်ပေးသွားမည်ဖြစ်သည်။

Chrome Browser (Latest) ….for Android

အသစ်ထွက်ရှိလာတဲ့ Chrome Browser လေးပါ
Chrome ဆိုသုံးဖူးတဲ့ သူတွေသိပါတယ် ကောင်းမွန်မြန်ဆန်ပြီး Personal Data အတွက် Save
အဖြစ်ဆုံး Browser ၁ခုဆိုတာ အားလုံးသိမှာပါ Google ရဲ့ Product ၁ ခုဖြစ်ပြီး
အခု ထွက်ရှိလာတဲ့ Chrome မှာတော့ UI နည်းနည်းပြောင်းလဲမှုတွေရှိပြီး
ပိုမိုမြန်ဆန်ကောင်းမွန်လာတာကိုတွေ့မြင်ရမှာပါ
 အောက်မှာဒေါင်းယူနိုင်ပါတယ်
Playstore Link
download
Play store မရှိသောသူများအတွက် ဒေါင်းရန် Link
download
အဆင်ပြေပါစေgoogle_Chrome_android

ပေါက်ကြားတဲ့ ပုံ အတိုင်းထွက်ရှိခဲ့တဲ့ Huawei ရဲ့ Ascend Mate 7

nexus2cee_Huawei-Ascend-Mate7_Group-2_Hi-res9_thumb
IFA မတိုင်ခင် ထွက်ရှိလာတဲ့ သတင်းတွေ ပြန့်နေပါတယ် ဆိုတဲ့ Ascend Mate 7 ဟာ တကယ်ထွက်ပေါ်လာပါပြီ။
Rumor ဆိုက်တွေက ပေါက်ကြားခဲ့တဲ့ ပုံစံအတိုင်း အတိအကျထွက်ရှိလာခဲ့ပါတယ် ။ ကြီးမားတဲ့ မျက်နှာပြင်မှာကောင်းမွန်တဲ့
အရည်အသွေးအပြင် အမြင့်ဖုန်းတွေမှာပါရှိလေ့ရှိတဲ့ Fingerprint sensor ပါရှိလာပြီး အကောင်းမွန်ဆုံးလို့Hawei ကကြေငြာထားပါတယ်။
Ascend Mate 7 မှာတော့၆လက်မ မျက်နှာပြင်မှာ 1080p LCD ကိုတပ်ဆင်ပေးထားတာ့ဖြစ်လို့ ကောင်းမွန်လှတဲ့ HD ရုပ်ထွက်ကို မြင်တွေ့ရမှာပါ။
Huawei ရဲ့ ကိုယ်ပိုင် Chip ဖြစ်တဲ့ Kirin 950 Octa-core processor ကို အသုံးပြုထားပြီး RAM ကတော့ 16GB version
အတွက် 2GB ပါရှိမှာဖြစ်ပြီး 32 GB version အတွက်ကတော့ RAM ကို 3GB အထိ ပါဝင်မှာဖြစ်ပါတယ် ။
ကောင်းမွန်လှတဲ့ 4100mAh Battery ကို အသုံးပြုထားကာ LTE Cat6 ချိတ်ဆက်မှု လည်း အသုံးပြုနိုင်မှာပါ ။
13MP ကင်မရာပါဝင်မှာဖြစ်ပြီး အရည်အသွေးကောင်းမွန်တဲ့ ပုံရိပ်တွေကို မှတ်တမ်းတင်နိုင်မှာပါ။ 5MP ရှေ့ကင်မရာပါတာကြောင့်
Selfie ရိုက်လိုတဲ့ ကိုကိုမမတွေအတွက် အဆင်ပြေစေမှာပါ ။ Android version 4.4 ကိုထည့်သွင်းပေးထားကာ Android L
ကို အဆင့် မြှင့်တင်နိုင်မယ်လို့ ဆိုထားပါတယ် ။ Huawe ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ Emotion UI 3.0 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး
ဖုန်းတစ်ခုလုံးကို Metal body ကို အသုံးပြုထားပါတယ်။ မြန်မာလူမျိုးတွေ အကြိုက်တွေ့နေတဲ့ Huawei ဘယ်လိုကောင်းမွန်တဲ့
အရည် အသွေးတွေနဲ့ ရောက်ရှိလာမလဲဆိုတာ စောင့်မျှော်ရအုံးမယ်ဗျာ….

အရောင်အသွေးစုံလင်ပြီး Mid-Range ဖုန်းဖြစ်တဲ့ Desire 820 ကို HTC မှ မိတ်ဆက်

nexus2cee_HTC-Desire-820-Group_thumb
HTC ကတော့ User အများစု မျှော်လင့် ထားတဲ့ One Family မျိုးဆက်သစ် ထွက်ရှိမလာဘဲ အရောင်အသွေးစုံလင်တဲ့
Desire မျိုးဆက်သစ် ဖြစ်တဲ့ Desire 820 ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Mid-range ဖုန်းလေးမှာတော့
စုံလင်လှတဲ့ အရောင်အသွေးတွေရရှိနိုင်မှာဖြစ်ပြီး ဖုန်းကိုတော့ ကောင်းမွန်လှတဲ့ polycarbonate နဲ့ ပြုလုပ်ထားပြီး
ပါးလွှာတဲ့ Body မှာ HTC ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ Dual Speaker ကို မျက်နှာပြင်မှာတပ်ဆင်ထားပါတယ် ။
ရုပ်တရက် ကြည့်လိုက်ရင်တော့ HTC One M8 လိုလို , iPhone 5C လိုလို ဒီဇိုင်းကို မြင်တွေ့ရမှာပါ ။
ဖုန်းအတွင်းကပိုင်းမှာတော့ Qualcomm’s ရဲ့Snapdragon 615 octa-core 1.8Ghz, 64bit processor ကို အသုံးပြုထားတာဖြစ်ပြီး
Clock speed ပိုမိုမြန်ဆန်လာကာ Graphic အတွက် Adreno 405 GPU ပါရှိပါတယ် ။ Kit kat version မှာတော့ 32bit
ဘဲ အလုပ် လုပ်နိုင်မှာဖြစ်ပြီး Android L ကို အဆင့်မြင့်ပေးတဲ့ အချိန်မှသာ 64 bit ကို အပြည့် အ၀ အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။
၅.၄ လက်မ မျက်နှာပြင်မှာ 720P HD ရုပ်ထွပ် ရရှိနိုင်မှာဖြစ်ပြီး ကျောဖက် ကင်မရာကိုတော့ 13MP တပ်ဆင်ပေးမှာပါ။
ထူးခြားတဲ့ အချက်ကတော့ ရှေ့ကင်မရာကို 8MP အထိ တိုးမြှင့်တပ်ဆင်ပေးထားပြီး Selfie ရိုက် ဖို့ အတွက်ကောင်းမွန်လှတဲ့
ပုံရိပ်တွေကို မှတ်တမ်းတင်နိုင်မှာပါ။ 4G LTE nwtwork ကို အထောက်အပံ့ ပေးထားပြီး Dual sim အနေနဲ့ ထွက်ရှိမှာပါ။
Desire 820 အတွက် RAM ကို 2GB ထည့်သွင်းပေးထားပြီး ဖုန်းတွင်းသိုလှောင်မှုအနေနဲ့ကတော့ 16 GB ပါရှိမှာဖြစ်ပါတယ်
ထပ်မံတိုးချဲ့ လိုသူတွေအတွက် Micro SD တိုးချဲ့ အသုံးပြုနိုင်ပြီး 2600mAh battery တပ်ဆင်ပေးထားပါတယ် ။
ဖုန်းအထူက 7.7 mm သာရှိတော့ ပါးလွှာလှပြီး Desire မျိုးဆက်သစ်ဖြစ်တဲ့ Desire 820 ကို လှပတဲ့ အရောင်မျိုးစုံနဲ့ ရရှိမှာဖြစ်ပြီး
ဈေးနှုန်းနဲ့ ထုတ်လုပ်မယ့် အချိန်ကိုတော့ မပြောကြားခဲ့ပါဘူး။ အရည်အသွေးကောင်းမွန်လှတဲ့ HTC Smart Phone တွေအတွက်
ဈေးကွက် ထွေထွေထူးထူးရှာစရာမလိုဘဲ ကောင်းမွန်တဲ့ mid-range ဖုန်းတစ်လုံးဆိုတာသေချာသလောက်ဖြစ်နေပါပြီ…..

MPT နဲ့ Ooredoo ပြိုင် ဘယ်သူနိုင်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက GSM ဆင်းမ်ကတ် တွေ ၁၅၀၀ ကျပ်နဲ့ အကန့်အသတ်မရှိ ရောင်းပေးနေတာကြောင့် အူရီဒူး ဆင်းမ်ကတ်တွေ ဝယ်ယူမှု ကျဆင်းလာတယ်လို့ သိရပါတယ်။
အူရီဒူး ကတ်တွေကို စရောင်းပေးတဲ့နေ့ကနေ တစ်ပတ်လောက်အထိပဲ ရောင်းချရပြီး နောက်ပိုင်းမှာ အသုံးပြုလို့ အဆင်မပြေတာတွေ၊ လိုင်းမမိတာ တွေကြောင့် ဝယ်ယူသူတွေ လျော့နည်းလာတယ်လို့ မိုဘိုင်းလ် အရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“ခု MPT ကလည်း ရောင်းနေတော့ အူရီဒူးကို ဝယ်တဲ့လူမရှိတော့ဘူး။ အူရီဒူး ဆင်းမ်ကတ်တွေကို ဟန်းဆက်ဝယ်ရင် အလကားပေးနေရတယ်” လို့ သူကဆိုပါတယ်။
ခုလို အူရီဒူး ကတ်တွေ ရောင်းအားကျလာတာနဲ့ ပတ်သက်ပြီး အူရီဒူး ကုမ္ပဏီရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုကို ဆက်သွယ် မေးမြန်းပေမယ့်လည်း မှတ်ချက် မပေးလိုဘူးလို့ ပြန်လည် ဖြေကြားပါတယ်။
အူးရီဒူး အနေနဲ့ကတော့ တယ်လီဖုန်းဆက်သွယ်မှု ကွန်ရက်နဲ့ တာဝါတိုင်တွေ တိုးချဲ့ လုပ်ဆောင်သွားမယ်လို့ ဒေါ်သီရိကြာညိုက ဆိုပါတယ်။
Sun Shine Mobile အရောင်းဆိုင် တာဝန်ခံ ကိုဖိုးသားကတော့ MPT ကတ်တွေ ရောင်းပေးနေပေမယ့်လည်း ဝယ်ယူရာမှာ အခက်အခဲတွေ ရှိနေတာကြောင့် MPT ကတ်မရသူတွေဟာ အူရီဒူး ကတ်တွေ ဝယ်ကြတယ်လို့ ပြောပြပါတယ်။
အူရီဒူးရဲ့ အင်တာနက်အသုံးပြုခ နှုန်းထားဟာ အရင်က 1MB ကို ၂၅ ကျပ် ဖြစ်ပြီး ခုနောက်ပိုင်း မှာတော့ 1MB ကို ၁၀ ကျပ်ပဲ ကောက်ခံမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သတင်းထုတ်ပြန် ခဲ့ပါသေးတယ်။
လက်ရှိမှာ အူရီဒူးဆင်းမ်ကတ် အရောင်းကိုယ်စားလှယ်ဆိုင် ၆၅၀၀ ကျော်ရှိပြီး သုံးစွဲသူ တစ်သန်းကျော် ရှိတယ်လို့ အူရီဒူးမြန်မာက ထုတ်ပြန်ထားပါတယ်။
c