Friday, August 29, 2014

Huawei C8816 & C8816D တွေမှာ  Unlock Bootloader & Root & Network Unlock & 

Myanmar Font ကို bat file လေးနဲ့ အလွယ်တကူဖြေရှင်းနိုင်ပါပြီ။

Myanmar Font ကို  -ျ တွေလဲ အဆင်ပြေအောင် လုပ်ပေးထားတာ တွေ့ရပါတယ်။

အရင်ဆုံးတော့ Bootloader unlock code တောင်းရပါမယ်။

Bootloader unlock code ကို >>> ဒီကနေ <<< တောင်းလိုက်ပါ။

SN တို့ IMEI တို့ကို Phone ရဲ့ အနောက်မှာပါတဲ့ စာလုံးများနှင့်တောင်းပါ။

လုံးဝ ရပါတယ် … မြန်လဲမြန်ပါတယ်။

Unlock code ရပြီဆိုရင်တော့…….


ဒါလေးတွေကို အရင်ဒေါင်းပါ။ ☺
 
 
 
 
 
 
 
Unlock code ရပြီ ဆိုရင်တော့ ဒေါင်းထားတဲ့ နှစ်ခုထဲက ကိုယ်လုပ်ချင်တဲ့ ပာာကိုဖွင့်ုပြီး
 
Phone ကို USBDebugging ကို on , Unknow Source ကို on ပြီး PC (Computer)
 
နဲ့ Connect လုပ်လိုက်ပါ။
 
ပြီးရင်တော့ bat file မှာ ပါတဲ့နံပါတ်တွေအတိုင်း မိမိနှစ်သက်သလို အသုံးပြုနိုင်ပါပြီ။
 
ဒီ bat file ကို ပြုလုပ်ဖန်တီးသူကတော့ Developer ကိုရဲကြီး ပါ။
 
~~~~~~~~~~~~~~~~~~~~~~~~~
 
 
 
Credit : ကိုရဲကြီး
 
 
 
 
ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်
 
အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။
 
 
 
 
 
……….::::: အဆင်ပြေပါစေ :::::……….

 
51a0f857ec881_thumb900
Android Phone များကို Admin Userတစ်ဦးလို အသုံးပြုချင်သူများအတွက် မဖြစ်မနေပဲ Rootလုပ်ငန်းစဉ်ကိုလုပ်ဆောင်ကြရပါတယ် အရင်တုန်းကတော့ Root လုပ်ငန်းစဉ်ကို Computerနဲ့တွဲဖက်ပြီးပြုလုပ်ခဲ့ရပါတယ် အခုနောက်ပိုင်းမှာတော့ မိမိရဲ့ ph အတွင်းမှာပဲ apk လေးတစ်ခုနဲ့တင် Root ပြုလုပ်လာနိုင်ကြပါပြီ
အသုံးများတဲ့ Rooting Applications တွေကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။

Root apk Collection
** Baidu Root **
https://app.box.com/s/4q94hgzb7d8u67cn8xq4
** King Root **
https://app.box.com/s/adpo1i5ls9kbk5g3p3ck
** Root Master **
https://app.box.com/s/9qwme1okrmqixa45p4ga
** Vroot **
https://app.box.com/s/elc18e5b5q7ifv1ype8e
** Universal Sales Root **
https://app.box.com/s/3fphsug0w22jgxttzam6
** Z4 Root **
https://app.box.com/s/f5wf5azgxm4rw3pgttg5
** Android Version 4.3 Root **
https://app.box.com/s/hif71irnf7fj7qm13u5e
** Pro Myanmar Root **
https://app.box.com/s/k8xanu7mvwoe8klg7hac
** tr Rool Tool **
https://app.box.com/s/kjrlx9aney7n0bicunuy
အထက်ပါ one touch apk များကတော့Android Version 2.3မှစလို့ 4.4.2 အထိပင် Root ပြုလုပ်နိုင်ပါတယ်။
 

မြန်မာ့ဆက်သွယ်ရေး MPT SIM Card များကို နိုင်ငံတစ်ဝန်းရှိ လက်လီ အရောင်းဆိုင်များ တွင် ဝယ်ယူရရှိ နိုင်တော့မည်။

15-1-13-1
MPT SIM
မြန်မာ့ဆက်သွယ်ရေး များကို စက်တင်ဘာလတစ်ရက်နေ့တွင် ကျယ်ကျယ်ပြန်ပြန်ရောင်းချပေးမည်ဖြစ်ကြောင်း အောက်ပါအတိုင်း ရေးသားထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိဘပြည်သူများအား SIM ကဒ်များ ပိုမို လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တန်ဖိုးနည်း SIM ကဒ်များကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်လီအရောင်းဆိုင်များတွင် စက်တင်ဘာလ (၁)ရက်နေ့မှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးမည်ဖြစ်ပါသည်။ SIM ကဒ်များကို လစဉ်လတိုင်း ဝယ်ယူရရှိနိုင်ရေးနှင့် နိုင်ငံအနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
ရောင်းချပေးမည့် မြို့နယ်စာရင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။

Apple မှ စက်တင်ဘာ ၉ ရက်နေ့တွင် iPhone 6 မိတ်ဆက်ပြသမည်ဖြစ်ကြောင်းတရားဝင်အတည်ပြု

image-iPhone-event
Apple မှ စက်တင်ဘာ ၉ ရက်နေ့တွင် iPhone 6 မိတ်ဆက်ပြသမည်ဖြစ်ကြောင်းတရားဝင်အတည်ပြု လိုက်ပြီဖြစ်ပြီး ကမ္ဘာ့မီဒီယာအသီးသီးထံသို့ Event ဖိတ်ကြားလွှာ များစတင်ပေးပို့နေပြီဖြစ်သည်။ Apple ၏ ထုံးစံအတိုင်း ၄င်းတို့ရဲ့ Event Invitation တွင် မိတ်ဆက်ပြသမည့် Product အသစ်များအကြောင်းကို အရိပ်အမြွတ်ထည့်သွင်းပြောထားလေ့ရှိရာ ယခု ၂၀၁၄ စက်တင်ဘာလ ၉ ရက်နေ့တွင်ပြုလုပ်မည့် Event Invitation တွင် Apple Logo ကိုနောက်ခံထားပြီး 9.9.2014 ဟုရေးသားထားသည့်အတွက် စက်တင်ဘာလ ၉ ရက်နေ့တွင်ကျင်းပမည့် Apple Event ကိုရည်ညွှန်းခြင်းဖြစ်ပြီး “Wish we could say more.” ဟူသောစာသားကြောင့် ယခု Event တွင် iPhone အပြင် ပြီးခဲ့တဲ့နှစ်ကတည်းက ထွက်ရှိရန် နာမည်ကြီးနေသည့် iOS Device များနှင့်တွဲဖက်အသုံးပြုနိုင်မည့် လက်တွင်ဝတ်ဆင်အသုံးပြုနိုင်သော နာရီကိုပါ မိတ်ဆက်ပြသနိုင်ခြေရှိကြောင်းကိုလည်း သုံးသပ်ပြောဆိုနေကြသည်။

ဝတ်ဆင်နိုင်သည့် ထုတ်ကုန်တစ်မျိုးကို စက်တင်ဘာလ ၉ ရက်တွင် Apple မိတ်ဆက်ဖွယ်ရှိ

gsmarena_001
နာမည်ကျော် Apple ကုမ္ပဏီသည် စက်တင်ဘာလတွင် iPhone သစ်နှစ်မျိုးနှင့်အတူ ဝတ်ဆင်နိုင်သည့် ထုတ်ကုန်တစ်မျိုးကို မိတ်ဆက်ပေးဖွယ်ရှိကြောင်း Re/code မှ ဖော်ပြခဲ့သည်။
Re/code မှ ဂျွန်ပက်စ်ကိုစကီး၏ ပြောကြားချက်အရ Apple သည် စက်တင်ဘာလတွင် ကုမ္ပဏီ၏ ပထမဦးဆုံး ဝတ်ဆင်နိုင်သည့် ထုတ်ကုန်ကို မိတ်ဆက်ဖွယ်ရှိကြောင်း သိရသည်။ ပက်စ်ကိုစကီးသည် အဆိုပါ ထုတ်ကုန်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။ ထို့အပြင် အဆိုပါ ထုတ်ကုန်ကို ခေါ်ဆိုမည့် အမည်ကိုလည်း ၎င်းက ပြောကြားခဲ့ခြင်း မရှိပေ။
သို့သော်လည်း အဆိုပါ ထုတ်ကုန်သည် iOS 8 တွင် ပါဝင်လာသည့် Apple ၏ HealthKit နှင့် အသုံးပြုနိုင်ကာ သုံးစွဲသူ၏ ကျန်းမာရေး အချက်အလက်ကို ခြေရာခံပေးနိုင်မည်ဟု ဆိုသည်။
ထို့အပြင် ၎င်း ဝတ်ဆင်နိုင်သည့် ထုတ်ကုန်ကို Apple HomeKit software နှင့်တွဲဖက်ကာ အိမ်အတွင်းရှိ အရာများကို ထိန်းချုပ်နိုင်မည်ဟု သိရသည်။