Android ဖုန်းတွေအတွက် Google မှ “Messenger” လို့အမည်ရတဲ့ application
အသစ်ကိုထုတ်ဝေလိုက်ပါတယ်။ ဒီ application ဟာ ဖုန်းမှာ မူရင်းပါတဲ့
SMS/Message app နေရာမှာအစားထိုးအသုံးပြုဖို့ဖြစ်ပါတယ်။ Messenger app
ကိုအသုံးပြုပြီး SMS/MMS Messaging များကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Messenger app မှာပါဝင်တဲ့ Feature တွေကတော့
– ဓာတ်ပုံ ၊ ဗီဒီယိုတွေကို ဒီ app ကနေအလွယ်တကူမျှဝေနိုင်ပါတယ်။
– ဖုန်း contact တွေကိုရှာဖွေရာမှာပိုမိုတိကျမြန်ဆန်အောင်ပြုလုပ်ပေးထားပါတယ်။
-Design အသွင်အပြင်ကတော့ Google ရဲ့နောက်ဆုံး Design ပုံစံဖြစ်တဲ့
Material Design အသွင်အပြင်နဲ့ဖြစ်တဲ့အတွက် ပုံစံကတော့လုံးဝဆန်းသစ်နေပါတယ်။
– SMS ပို့သူကို Block ထားနိုင်တဲ့ Feature ပါဝင်ပါတယ်။ SMS Sender ကို
block ထားခြင်းဖြင့် ထိုသူပို့လာမယ့် SMS
တွေအတွက်စိတ်ရှုပ်ခံနေစရာမလိုတော့ပါဘူး။
– ဖုန်း Contact ထဲမှာရှိနေတဲ့သူတွေကို audio message ပေးပို့နိုင်ခြင်း စတဲ့ Feature တွေပါဝင်ပါတယ်။
Messenger app ကို Material Design ဖြင့်ပြုလုပ်ထားပြီး Android version
4.1 နှင့်အထက်ဖုန်းတွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Messenger app
ကိုအောက်က link များကနေရယူနိုင်ပါတယ်။
Messenger app ကို Material Design ဖြင့်ပြုလုပ်ထားပြီး Android version
4.1 နှင့်အထက်ဖုန်းတွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Messenger app
ကိုအောက်က link များကနေရယူနိုင်ပါတယ်။