Sunday, August 31, 2014

Metal Body အလန်းနဲ့ ထွက်လာဦးမယ့် Lenovo ရဲ့ Vibe X2

lenovo_vibe_x2_leak_01-525x700
လွန်ခဲ့တဲ့ ၁ပတ်လောက်က ထွက်ရှိလာတဲ့ သတင်းတွေအရ Lenovo ဟာ Vibe X ရဲ့ မျိုးဆက် Vibe X2 ကိုထုတ်လုပ်မယ့်စာရင်းမှာဖော်ပြခဲ့ပါတယ်
အခုဆို Vibe X2 ရဲ့ ပုံတွေ Online မှာထွက်ရှိလို့လာပါပြီ ။ ကိုယ်ပိုင် ဟန် ၊ ဒီဇိုင်း ၊ ကောင်းမွန်မှုတွေနဲ့ အချိန်တို အတွင်းနေရာရလာတဲ့
Lenovo ဟာ အသစ်ထပ်မံထုတ်လုပ်မယ့် Vibe X2 ကို သုံးစွဲသူများရွေးချယ်နိုင်မယ့် အရောင်မျိုးစုံရွေးချယ်နိုင်အောင်စီမံထားပါတယ်
ထွက်ရှိလာတဲ့ ပုံအနေအထားအရ Vibe X2 ဟာ Metal Body ကို အသုံးပြုထားပြီး Metal တွေကို အလွှာလိုက်ပေါင်းစပ် တည်ဆောက်ထားတဲ့ပုံပေါ်ပါတယ်
ထို့အပြင် နောက်ကျောအောက်နားမှ အပေါက် ၃ ပေါက်ဟာ Dock Charging အတွက်ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပြောဆိုထားပါတယ်
အဆိုပါ Vibe X2 နဲ့ ပတ်သက်တဲ့ အချက်အလက် တချို့ကတော့ Lenovo ဟာ Vibe X2 ကို Media Tek Octa-core processor ကို အသုံးပြုဖွယ်ရှိပြီး
Screen မျက်နှာပြင် ၅ လက်မမှာ 1920 x 1080 resolution နဲ့ ပြသပေးနိုင်မယ့် Full HD Display ကို တပ်ဆင်ပေးမယ်လို့ သိရပါတယ်။
lenovo_vibe_x2_leak_03-150x150   lenovo_vibe_x2_leak_04-150x150
Vibe X2 ဟာ ဖုန်းတွင်းသိုလှောင်မှု 16GB နဲ့ ထွက်ရှိလာနိုင်ပြီး Android Versio 4.4.2 ကို ထည့်သွင်းမောင်းနှုင်ပေးမှာပါ
Lenovo ဟာ ၄င်းတို့ရဲ့ ထုတ်ကုန် အသစ်ဖြစ်တဲ့ Vibe X2 ကို October မှာ ထုတ်လုပ်ဖွယ်ရှိပြီး ၄င်းရဲ့အချက်အလက်ကို အသေးစိတ်သိရတော့မှာ့ဖြစ်ပါတယ်
လှပရှင်းလင်းတဲ့ Design မှာ နည်းပညာအမြင့်နဲ့ ထုတ်လုပ်မယ့် Vibe X2 ဟာ ဈေးနှုန်းချိုသာမလား ဆိုတာကိုတော့………
Via : Weibo

No comments:

Post a Comment