Saturday, September 6, 2014

Ooredoo And Voice Mail


Voice Mail ကလက်ခံသူအတွက်လုံးဝအခမဲ့ပါ။ ခေါ်ဆိုသူကတော့ သက်ဆိုင်ရာ Operator ကသက်မှတ် ထားတဲ့ ဈေးနှုန်းကိုပေးရမှာဖြစ်ပါတယ်။ (MPT to Ooredoo 50Ks/Min, Ooredoo to Ooredoo 25Ks/min, Ooredoo to MPT (not available)) နည်းလမ်းနှစ်နည်းရှိပါတယ်။

ပထမနည်းကတော့ အရင်ဆုံး ဖုန်း call settings ထဲကိုသွားပြီ voice mail မှာ number ကို 3131 လို့ထည့်ပါ။ call settings ထဲမှာပဲ call forwarding ကိုရှာပါ။ Always Forward, Forward when busy, Forward when unanswered , Forward when unreachable ဆိုပြီး ၄ ခုရှိပါတယ်။ ကိုယ်လိုချင်တဲ့အခြေအနေကိုရွေးပြီး 3131 လို့ထည့်လိုက်ပါ။ ကျွန်တော်ကတော့ပုံမှန်ဆို Forward when unanswered , Forward when unreachable မှာထည့်ထားပါတယ်။ ကျွန်တော်ဖုန်းမကိုင်ရင် voice mail ထဲရောက်မှာဖြစ်ပြီး ဖုန်းပိတ်ထားရင်လဲ voice mail ထဲရောက်မှာဖြစ်ပါတယ်။ voice mail ဝင်နေရင် sms ပို့ပေးမှာဖြစ်ပါတယ်။ နားထောင်ချင်ရင်တော့ dialer မှာ 1 ကိုဖိနှိပ်ထားပါ ဒါမှမဟုတ် 3131 ကိုဖုန်းခေါ်ပြီးနားထောင်လို့ရပါတယ်။

No comments:

Post a Comment