Tuesday, July 1, 2014

Facebook e book

ကဲ သူများတွေ ဖေ့ဘုတ်ဟက်တာတွေ ဘာတွေရေးနေကြတယ် ကိုယ်တော့ ဟက်တာမပြောနဲ့ ကိုယ့်အကောင့် တောင် မ၀င်ဖြစ်လို့ Password တောင် မေ့နေတယ်။ အမြဲအသုံးပြုတဲ့ အကောင့်လောက်ဘဲ မှတ်မိတယ် ကျန်တာ
တော့ သိပ်မမှတ်မိချင်ဘူး..။ သူများကို ဟက်လို့လည်း ဟက်တာဘဲရှိမှာပေါ့ ကိုယ့်အတွက် ဘာအကျိုးရှိမှာလဲ
ဟက်ဖို့တော့မလွယ်ပါဘူးဗျာ။ ဒါပေမယ့် အဆင့်မြင့်တင်ပြီး ထိန်းသိမ်းနည်းလေးတော့ သိသင့်တယ် အကျိုးရှိ
မယ်လို့ ထင်တဲ့အတွက် တင်ပေးလိုက်ပါတယ်။ နှစ်မျိုးပါ..တစ်ခုကတော့ ဖေ့ဘုတ်က ရေးသားတဲ့ စာအုပ်လေးပါ
Page တစ်ခုတည်ဆောက်ချင်ရင် ဒါလေးတော့ ကြည့်သင့်ပါတယ်။ များသောအားဖြင့် ဖေ့ဘုတ်မှာလည်း စာအုပ်
လေးတွေ ရှိတတ်ပါတယ်။ သူတို့ရဲ့ ဖေ့ဘုတ်ကို ဘယ်လို အသုံးပြုရမယ် တည်ဆောက်ရမယ်ဆိုတာကို စာအုပ်
လေးတွေ လုပ်ပြီး တင်ပေးထားတတ်ပါတယ်။ ကျုပ်တော့ တောင်နှိပ်မြောက်နှိပ် မြင်သမျှ ကောက်နှိပ်လိုက်တာဘဲ
ဗဟုသုတ ရတာပေါ့ဗျာ။ အချိန်တော့ သူများထက်ပေးဆပ်ရတာပေါ့။ ကဲအသုံးလိုမယ်ထင်ရင် ဒေါင်းလော့ချပြီး
ကြည့်ရှုလိုက်ပါ။ ဒီနေ့ည ကံမကောင်းဘူးဗျာ မှားဖျက်မိတာ စာအုပ်သုံးအုပ် ဘယ်စာအုပ်ဖျက်မိသလဲတောင်
မသိတော့ဘူး.. ကိုယ်က ခုမှတင်လိုက်တဲ့ စာအုပ်က နှစ်အုပ်ဖြစ်နေလို့ ဖျက်တာ အမှန်ခြစ်လေးပေးမိထားတဲ့
ကောင် သုံးအုပ်ပျက်သွားပါလေရော သြော်ဒုက္ခဒုက္ခ လိုင်းမကောင်းပါဘူးဆို လက်လေးက ဇွတ်မြန်တာကိုးဗျ။
ကဲဗျာ ကျုပ်တင်ထားတဲ့ပို့စ်တွေထဲက စာအုပ် ဒေါင်းလော့ချမရရင် လှမ်းအော်လိုက်ပါဦးဗျာ ဘယ်စာအုပ်မိသွား
သလဲမသိဘူး..


Page တစ်ခုတည်ဆောက်တာက လွယ်ပါတယ်ဗျာ မခက်ပါဘူး လုပ်စမ်းကြည့်ပါ လွယ်ပါတယ်ပြောမှ Create Page တောင်မတွေ့မိပြန်ဘူး များသေားအားဖြင့်တော့ ဖေ့ဘုတ်ဝင်ဝင်ခြင်း ညာဘက်ခြမ်း အပေါ်နားမှာ Create
Page လို့ ပေါ်နေတတ်တယ် အဲဒီမှာ မတွေ့ရင် ဘယ်ဘက်ခြမ်းက Page ဆိုတာလေးနှိပ်ပြီး ရှာပါ။ Create Page
ဆိုတာကို မတွေ့တွေ့အောင်ပြီး လုပ်ပေါ့ဗျာ။ ကုမ္မဏီအတွက်လား တစ်ကိုယ်ရေအတွက်လား အားကစား
အတွက်လားဆိုပြီး ပုံလေးတွေနဲ့ ပြထားတယ်။ ကိုယ်သဘောကျတာလုပ်ပေါ့ မသိရင်တော့ ကျုပ်ရှေ့မှာတင်ခဲ့
တဲ့ ဖေ့ဘုတ်နဲ့ဆိုင်တဲ့ စာအုပ်တွေ ဒေါင်းပြီး ဖတ်ပေါ့ အသေးစိတ်သိချင်ရင်ပြောပါတယ်။ ကျုပ်လိုအင်္ဂလိပ်
မတတ်တဲ့သူတောင် လုပ်သေးတာဘဲ တောင်နှိပ်မြောက်နှိပ်နဲ့ တည်ဆောက်ထားတာ အဆင်ကို ပြေလို့ဗျာ။
စမ်းကြည့်ပါ လုပ်ဖူးတာပေါ့ ဟုတ်ဘူးလား..အကျဉ်းပြရင် အကျယ်ကို လေ့လာလိုက်တော့ ပညာဆိုတာ လေ့မှ
လာမှာပါ မလေ့ဘဲနဲ့တော့ လာမှာမဟုတ်ပါဘူး..အမှားတွေကြုံဖူးမှ အမှန်မြင်မှာ မဟုတ်လား...ဟာဟား..
မိုက်တယ်နော် သဘောတူရင် စမ်းကြည့်ကြဗျာ...

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။




 


۩۩۩۩  DOWNLOAD FACEBOOK  ۩۩۩۩
۩۩۩۩  DOWNLOAD FACEBOOK PAGE  ۩۩۩۩
ဖေ့ဘုတ်နှင့် ပါတ်သက်လို့ ဒါလေးပါ ကူးထည့်ပေးလိုက်တယ်
နှစ်သစ်ကူးကာလတွင် အသစ်ထည့်သွင်းလိုက်သော Facebook privacy shortcuts များအကြောင်း

Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။

ဒီလို privacy shortcuts များကို US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။

ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

-Blocking

Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။

Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ မိမိ Block လိုတဲ့ user ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။

ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။

-Privacy Shortcuts

Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။

Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။

နောက် Facebook Privacy shortcuts pop-up box ရဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I'm tagged in? ဆိုတဲ့နေရာမှာတော့ သင်မတင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။

ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။

Facebook Privacy shortcuts pop-up box ရဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွားပါမယ်။

မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။ ဒါကြောင့် "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။

ဒါဆိုရင် သင့်ရဲ့ profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။


အခုပြောပြမှာကတော့ နောက်ဆုံးအချက်ပါ။

Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ "who can contact me" ကို click လိုက်ပါ။

ပထမဆုံးအကြောင်းဖြစ်တဲ့ Whose messages do I want filtered into my Inbox? ဆိုတာကတော့ မိမိကို message ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။

ဒုတိယအကြောင်းဖြစ်တဲ့ Who can send me friend requests? ဆိုတာကတော့ ဘယ်သူတွေက သူငယ်ချင်းဖြစ်ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပြောရရင် မိမိနဲ့ သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက buttomကို ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။
Ads by PlusHD.4Ad Options

အစိုးရတွေမဖော်ပြတဲ့ ဒေါ်အောင်ဆန်းဆုကြည်ရဲ့ ခရီးစဉ်

မန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့  နိုဘယ်လ်ဆု လက်ခံပွဲ အပါအ၀င် ဥရောပ ခရီးစဉ်ကို နိုင်ငံပိုင် သတင်း မီဒီယာတွေက လုံးဝ မဖေါ်ပြခဲ့ပါဘူး။ အဲသလို မဖေါ်ပြတဲ့ အကြောင်းက ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ်ဟာ ပုဂ္ဂိုလ်ရေး ခရီးစဉ် သက်သက်ဖြစ်နေတဲ့ အတွက်ကြောင့် ထုတ်လွှင့် ဖေါ်ပြမှု မရှိတာ ဖြစ်ကြောင်း အစိုးရပြန်ကြားရေး ၀န်ကြီးဌာန အမှုဆောင် ညွန်ကြားရေးမှုးချုပ် ဦးရဲထွဋ် က ပြောဆိုလိုက် ပါတယ်။
ဥရောပကို ရောက်ရှိနေတဲ့ ဦးရဲထွဋ် ဟာ သူရဲ့ခရီးစဉ် အတွင်း ဇွန်လ (၁၉) ရက်နေ့ ဒိန်းမိတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တော်မှာကျင်းပတဲ့
မြန်မာသတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ အဲသလို ပြောဆိုခဲ့တာပါ။

အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု အခမ်းအနား သတင်းနဲ့တကွ တခြားဥရောပ ခရီးစဉ် တွေကို ဘာကြောင့် အစိုးရ သတင်းမီဒီယာတွေက မဖေါ်ပြတာပါလဲ ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်လို့ ဦးရဲထွဋ် ပြန်လည် ဖြေကြားခဲ့ပုံကို အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဒိန်းမတ် အခြေစိုက် ဘားမားကမ်ပိန်း အဖွဲ့က မခင်မိုးမိုးက ပြောပြပါတယ်။
"သူဖြေတာမှာ အဲဒီ USDP က ကိုယ်စားလှယ်နဲ့ NLD က ကိုယ်စားလှယ်တယောက်နဲ့ အတူတူပါပဲပေါ့။ သာမန် ကိုယ်စားလှယ် တယောက်ဖြစ်လို့ နိုင်ငံပိုင် သတင်းမီဒီယာမှာ မျက်နှာလိုက်ပြီးတော့ ဖော်မပြနိုင်ဘူးလို့ သုံးနှုန်း ပြောဆိုပါတယ်။"

ဒါ့အပြင် အစိုးရ မီဒီယာအနေနဲ့ ပါတီတွေရဲ့သတင်းတွေကို ဖေါ်ပြရာမှာ စည်းကမ်း သတ်မှတ်ထားပြီး ပုဂ္ဂိုလ်ရေး ခရီးစဉ်နဲ့ သက်ဆိုင်ရာ ပါတီတွေရဲ့လှုပ်ရှားမှု သက်သက်ဆိုရင် ဖေါ်ပြတာမျိုး မရှိဘူးလို့ ဦးရဲထွဋ် က ပြောဆို ကြောင်း၊ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော် ကိုယ်စားပြု ပြီး သွားမယ်ဆိုရင်တော့ သတင်း
အဖြစ်ဖေါ်ပြမှာ ဖြစ်တယ်လို့ ဆိုကြောင်း လည်း မခင်မိုးမိုးက ပြောပါတယ်။

ဒီကိစ္စ နဲ့ပတ်သက်လို့ ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသ ကတော့ -
"လူပုဂ္ဂိုလ် တဦးချင်းရဲ့ ခရီးမို့လို့ နိုင်ငံပိုင် သတင်းစာက ဖော်မပြနိုင်တာ
ဆိုရင်တော့ သတင်း အမြင်အရ ဆိုရင်တော့ တမျိုး ဖြစ်မယ်လေ။ ဒါက သတင်းထူးတခုပေါ့လေ။ ကိုယ့်တိုင်းပြည် အတွက် အရေးကြီးတဲ့သတင်း၊ ကိုယ့်တိုင်းပြည် အတွက် ဖော်ပြသင့်တဲ့ သတင်း ဟုတ်လား မဟုတ်လား
ဆိုတာကတော့ ဒါကိုတော့ ထပ်ပြီး မေးခွန်း ထုတ်စရာ ရှိတာပေါ့လေ။ ဒီသတင်းကို ဘလက်အောက် လုပ်တယ် မှောင်ချတယ်တော့ မဟုတ်ဘူးပေါ့လေ။ ဒီပြည်တွင်း ပုဂ္ဂလိက ဂျာနယ်တွေမှာ ကတော့ အတော်လေးကို အကျယ်တ၀င့် ထဲ့ကြတယ်ပေါ့။"

CNN/ BBC/ Al-Jazeera အပါအ၀င် ကမ္ဘာ့သတင်း မီဒီယာကြီးတွေ
ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ (၅) နိုင်ငံခရီးစဉ်အတွင်း လှုပ်ရှားမှုတွေကို အဆက်မပြတ် ထုတ်လွှင့် ပြသနေပါတယ်။

RFA Burmese
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၃၀)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
 

30 Days Stats

Sparkline 42,601,735

Sponsors

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

widget by: NBT

အင်္ဂလိပ်သတင်းများ

widget by: NBT


ထူးဆန်းထွေလာပြည်မြန်မာ

ကျွန်တော်တို့ ဥက္ကံကလူတွေဖတ်ဖို့ တင်ပေးလိုက်ပါတယ်
ရယ်စရာလေးပါ
post by----tintunoo
မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။
(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပြီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။
(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။
(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည် မြန်မာနိုင်ငံတွင်သာရှိသည်။
(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။
(၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည်
ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။
(၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ် (၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်)
အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။
(၈) လေအေးစက်တပ်ထားသောအခန်းများတွင်နောက်မှီကုလား ထိုင်ပေါ် ထိုင်၍ တောင်းစားသောသူတောင်းစားများမှာမြန်မာနိုင်ငံတခု တည်းတွင် သာရှိသည်။
(၉) နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသော
အမှိုက်စွန့် စံနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။
(၁၀) ဒီမိုကရေစီပါလီမန်ဟုဆိုသော လွတ်တော်ထဲတွင် (၂၅%) သော
စစ်ယူနီဖေါင်းဝတ်ထားသူများ မျက်နှာမာများနှင့် မျက်နှာပြောင်တိုက်
ထိုင်နေသော ဒီမိုကရေစီလွှတ်တော်သည် ကမ္ဘာ့ပထမဆုံးသော
ဒီမိုကရေစီလွှတ်တော်ဖြစ်သည်။
(၁၁) အိမ်သာများတွင် နိုင်ငံခြားသားအတွက်သီးသန့် 
(Foreigner Only)ဟုခွဲခြားသောဆိုင်းဘုတ်များသည်
မြန်မာတနိုင်ငံ တည်းတွင်သာရှိသည်။
(၁၂) မြို့ လည်ခေါင်တွင် ခရီးသည်တင်ကားများကို လက်တား၍
ပိုက်ဆံတောင်းသော ဓါးပြများကိုမဖမ်းပဲခွင့်ပြုထားသောတိုင်းပြည်သည်
မြန်မာပြည်ဖြစ်သည်။
(၁၃) ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရ ဆုံးတိုင်းပြည်မှာမြန်မာပြည်ဖြစ် သည်။
(၁၄) ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှင့် Overseas PhoneCall ဈေးအကြီးဆုံးမှာ မြန်ပြည်ဖြစ်သည်။
(၁၅) ဈေးဝယ်ပြီး ငွေအကြွေ မအမ်းနိုင်၍ပစ္စည်းနှင့်လဲလှယ်သော
စနစ်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်၌သာရှိသည်။
(16) ????
(၁၇) အာဏာရူးလောဘရူးများကို တရိုတသေဖြင့် “အဘ” ဟုခေါ်
ရသော ကမ္ဘာ့အယဉ်အကျေးဆုံးတိုင်းပြည်သည် မြန်မာပြည်ဖြစ်သည်။
(၁၈) “လာဘ်ပေးရန်မလို” (လာဘ်ပေးလျှင် ရန်မလို)
“လာဘ်ပေး ရန်မလို”ဟူသော အဓိပ္ပါယ်ရသည့်ဆိုင်းဘုတ်များကို
ရုံးဌာနများတွင် ပြောင်ပြောင်တင်းတင်းကပ်ထားသည့် ကမ္ဘာတွင်
တခုတည်းသောတိုင်းပြည်ဖြစ်သည်။
(၁၉) ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပိုင်ရှင်ရှိနေသည့်
ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေသောတိုင်းပြည်ဖြစ်သည်။
(၂၀) ဖိနပ်များကိုသဲကြိုးပြန်တပ်၍ စီးခြင်း၊ တခါသုံးဓါတ်ငွေ့ 
မီးခြစ်များကိုဓါတ်ငွေ့ နှင့်မီးခြစ်ကျောက်များပြန်ထည့်၍
အသုံးပြုသောစံနစ်တို့ အား မြန်မာနိုင်ငံမှ စတင်ခဲ့သည်။
(၂၁) အကြော်များအား တာရှည်ခံရန်အတွက် ပလတ်စတစ်
ကြွတ်ကြွတ်အိတ်များအား အကြော်ဆီအိုးထဲတွင်ထည့်ကြော်
သော နည်းစံနစ်ကို မကြောက်မလန့် - မြန်မာနိုင်ငံတွင် ပထမဆုံး
တည်ထွင်ကြံဆ အသုံးချခဲ့သည်။
(၂၂) တတိုင်းပြည်လုံးနီးနီးမှောင်နေသော်လည်း လျှပ်စစ်ဓါတ်အားများ
ပိုလျှံနေ၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေသည့် ထူးခြားသော
တိုင်းပြည်ဖြစ်သည်။
(၂၃) တိုင်းပြည်တွင် ရေနံ နှင့် သဘာဝဓါတ်ငွေတို့ အလျှံပယ်
ထွက်ရှိနေသော်လည်း နိုင်ငံခြားမှ ဒီဇယ်ဆီဝယ်သုံးနေသည့်
အလွန်ချမ်းသာသောတိုင်းပြည်ဖြစ်သည်။
(မှတ်ချက်။ ဒီဇယ်ဆီကို အန္ဒိယမှဝယ်ပါသည်)
(၂၄) ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့်
အာဏာရသွားသော အစိုးရအုပ်ချုပ်သည့် ကမ္ဘာပေါ်တွင်
တစ်ခုတည်းသော ဒီမိုကရေစီတိုင်းပြည်။
(၂၅) လက်မူ့ လယ်ယာမှစက်မူ့ လယ်ယာသို့ဟုကြွေးကြော်ကာ
ဘိုးဘွားပိုင်ဓါးမဦးချလယ်ယာမြေများကို ခရိုနီများနှင့်အာဏာပိုင်များ
ပေါင်းကာ သိမ်းယူ၍ စက်မူလယ်ယာစံနစ်ကိုအကောင်အထည်ဖေါ်
သော ထူးခြားသည့်နိုင်ငံဖြစ်သည်။
(၂၆) နိုင်ငံအတွင်း ဆင်းရဲမှူ့ ပပျောက်ရေးဟု ကြွေးကြော်ပြီး အခြေခံလူတန်းစားများ နေထိုင်ပိုင်ဆိုင်သော အိမ်ယာမြေများကို
ဥပဒေအသစ် ပုဒ်မအသစ်များတပ်၍ သိမ်းယူကာ ဆင်းရဲမူ
ပပျောက်အောင် ဖေါ်ဆောင်သောစံနစ်သည် ကမ္ဘာပေါ်တွင်
မြန်မာတနိုင်ငံတည်း၌သာရှိသည်။
(၂၇) ကုန်း/ရေ နှစ်မျိုးသွား (Amphibian) လူစီးဘတ်စ်ကား
များအားကမ္ဘာပေါ်၌ မြန်မာနိုင်ငံတွင်ပထမဆုံးအသုံးပြုနိုင်ခဲ့သည်။
(၂၈) ” မြေကြီးက ရွှေသီးလို့ ပြည်ဝမ်းဝနေဆိုတဲ့” သီချင်းအား
ရုပ်မြင်သံကြားတွင် သတိယတိုင်းလွှင့်နေပြီး ပညာတတ်များနှင့်
အရွယ်ရောက်သူ (၅) သန်း ကမ္ဘာပတ် ကျွန်ခံနေရသောတိုင်းပြည်
ဖြစ်သည်။
(၂၉) မြန်မာနိုင်ငံသည်လျှပ်စစ်မီးသီးကိုတီထွင်ခဲ့သော
အမေရိကန်နိုင်ငံသား သောမတ်စ်အက်ဒီဆင်အား
ဂုဏ်ပြုဆုံးသောတိုင်းပြည်အဖြစ် မှတ်တမ်းတင်ထားခြင်းခံရသည်။
(အက်ဒီဆင်အားဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ တွင်
အမေရိကန်နိုင်ငံ၌ လျှပ်စ်မီးကိုငါးမီးနစ်တိတိ ဖြတ်တောက်ထား
ခဲ့ဖူးပါသည်)။
(၃၀) ငွေမပေးနိုင်လျှင်အကူအညီမပေးသော၊ ဘာတစ်ခုမှစေတနာဖြင့်
ကူညီဖေါ်မရသောသူများက “ကူညီပါရစေ” ဆိုင်းဘုတ်အား မူပိုင် ယူထားသည်မှာလည်း မြန်မာနိုင်ငံတခုတွင်သာရှိပါသည် ။
(၃၁) (၂၁) ရာစုတွင် ကျောင်းသားများအားတန်းစီ၍
(ဘယ်ပြန်ညာပြန် ဒုတိယကမ္ဘာစစ်က ဖက်ဆစ်ဂျပန်စတိုင်) ပါးရိုက်
သော ဆရာမမျိုးသည်လည်းကမ္ဘာတွင် မြန်မာနိုင်ငံမှ ပထမဆုံး
ပေါ်ထွန်းခဲ့သည်။ (မှတ်ချက်။ ရန်ကုန် TTC ကျောင်းဆရာမ)

General အောင်ဆန်းသတင်းလေးပါ

ဇွန်၁၁ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး
 အဖွဲ့ရုံးခန်း၌ ဇာတ်ညွှန်းအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ဇာတ်ညွှန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော ဦးကြည်စိုးထွန်း၊ ဦးချစ်ဦးညို၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး၊ ဒေါ်ကြည်ဖြူသျှင်နှင့် သမိုင်းသုတေသီတစ် ဦးဖြစ်သူ ဦးဇော်လင်းတို့ တက်ရောက်ခဲ့ကြပါသည်။
ထိုအစည်းအဝေးတွင် ဇာတ်ညွှန်းအကြမ်း ထွက်ရှိရေး အတွက် ဆွေးနွေး ခဲ့ကြသည်။ ဇွန်လ၁၂၊၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်း ၌ ဗိုလ်ချုပ်အောင်ဆန်း၏နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ် လျှောက်ထားသူ များအား ဒုတိယနေ့ လူတွေ့စစ်ဆေးခြင်းပြုလုပ် ခဲ့ကြပါသည်။ သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့မှ ဦးလူမင်း၊ ဦးအရိုင်း၊ဒေါ်အိအိခိုင်၊ ဒေါ်ကြည်ဖြူသျှင်နှင့် ပြင်ပပညာရှင် များ ဖြစ်ကြသော ဦးကြည်စိုးထွန်း၊ ဦးအောင်လွင် တို့က ဒိုင်အဖြစ် ရွေးချယ် အမှတ် ပေးခဲ့ကြပါသည်။
တိယအကြိမ် လျှောက်ထားသူ ၈၈ဦး အနက် လာရောက် ဆက်သွယ်သူများကို လူတွေ့စစ်ပြီး ဖြစ်ပါသည်။ မကြာမီ ဆန်ခါတင် အဖြစ် ထပ်မံရွေးချယ်ပြီးလျှင် အရွေးချယ်ခံရသူ စာရင်းကို သတင်းထုတ်ပြန် ကြေညာပေးမည်ဖြစ်ပါသည်။ သရုပ်ဆောင်ရွေး ချယ်ရေးနှင့် ပတ်သက်၍ အခြား သတင်းထုတ်ပြန်ချက်များ ရှိလျှင်လည်း ဆက်လက်ပြီး အသိပေးထုတ်ပြန် ပေးသွားမည်ဖြစ်ပါသည်။

ဒီ 1 ခါ နိုင်ငံရေးအကြောင်းလေးတွေဖတ်လိုက်ရအောင်

  1. အများက ပြင်ဆင်ဖို့လိုလားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သမ္မတ ဦသိန်းစိန်ကိုယ်တိုင်က ပြင်ဖို့ လိုလားဟန်မရှိဘူး၊ တပ်မတော်သားတွေ အနေနဲ့လည်း တခြားပြည်သူ ပြည်သားတွေထက် ပိုပြီးတော့ အခွင့်အရေးရနေတာဟာ တကယ်ဝမ်းသာစရာဟုတ်ရဲ့လားဆိုတာကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ပါတယ်။ ရန်ကုန် ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။
  2. မန္တလေးတိုင်းပလိပ်ချည်ထည်
    စက် ရုံလုပ်သားများလ ခ အပြည်ဝမရ၍ဆန္ဒဖော်ထုပ် ရာ(ရဲမှုးကမိုက်မိုက် ရိုင်းရိုင်းဆက်ဆံ ပြီးအာဏသုးံပုံပါကြည် ပေပြီးရှယ် ပေးပါ)

  3. ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်နိုင်ဖို့  ကန့်သတ်ထားတဲ့ အချက်အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ အချက် ၇၃ ချက်ကို ပြင်ဖို့  ပြည်ထောင်စုကြံခိုင်ရေးပါတီ ဆုံးဖြတ် ။

    Credit : DVB

    ပြန်လည်မျှဝေပေးပါတယ်.
    လေးစားလျက်
    Martin Swe
  4. ၂၀၁၅ ရွေးကောက်မှာ NLD ၀င်ပြိုင်ကိုပြိုင်မယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီဇင်ဘာ ၂၈ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အစည်အဝေးအပြီး တောင်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။