Thursday, August 21, 2014

ကဲဒီ1ခါကျွန်တော်ရဲ့  apk ကိုဖုန်းကနေဖတ်ချင်သူတွေအတွက်

http://pro.downloadmm.com/zv6mg0e8qh5j/ဖုန်းသတင်းစုံ.apk.html

အလန်းပြန်လုပ်ပေးထားပါတယ်
အကုန်မြန်မာဘာသာပြန်ပေးထားတယ်
ဒေါင်းလော့ ယူလိုက်နော်

ရုပ်ထွက်ကောင်းကောင်းနဲ့ ကိုယ်ကရဲနေရာကနေ ကစားပြီး လူဆိုးကားတွေကို လိုက်ဖမ်းရတဲ့ Game လေးတစ်ခု

1_police_chase_3d

ရုပ်ထွက်ကောင်းကောင်းနဲ့ ကိုယ်ကရဲနေရာကနေ ကစားပြီး လူဆိုးကားတွေကို လိုက်ဖမ်းရတဲ့ Game လေးတစ်ခု
တင်ပေးလိုက်ပါတယ်။ 3D ရုပ်ထွက်နဲ့ ဆော့လို့လဲ အရမ်းကောင်းပါတယ်။ Apk + Data Game အမျိုးအစားပါ။
Data ကလဲဆိုဒ်သေးပါတယ်။ 64.5MB သာ ရှိပါတယ်။ ဆော့ချင်တဲ့သူတွေ ကတော့ ဒေါင်းလိုက်ပါ။ :D

Genres: Arcade, Racing
Features: 3D
1_police_chase_3d 2_police_chase_3d 3_police_chase_3d 4_police_chase_3d
Download Here >>> Police_Chase_3D.apk {11.88MB}
Download Here >>> Police_Chase_3D.zip {64.54MB}
ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်
အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။
……….::::: အဆင်ပြေပါစေ :::::……….

Gunship counter shooter 3D Game For Android

1_gunship_counter_shooter_3d

Genres: Action
Features: 3D, Shooter
Shooting Game အမျိုးအစားတွေကို  ကြိုက်တယ်ဆိုရင်တော့ ဒီ Game လေးကို စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။ 3D ရုပ်ထွက်နဲ့ ဆိုတော့
အကြိုက်တွေ့စေမှာပါ။ အပစ်အခတ်တွေကို မှ စိတ်ဝင်စားတဲ့ MMAS မှ Android User တွေအတွက်  ပြန်လည်မျှဝေပေးလိုက်ပါတယ်။
စိတ်ဝင်စားလို့ ကစားမယ်ဆိုရင်တော့ Download ရယူလိုက်ပါ။
1_gunship_counter_shooter_3d 4_gunship_counter_shooter_3d 3_gunship_counter_shooter_3d 2_gunship_counter_shooter_3d
ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်
အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။
……….::::: အဆင်ပြေပါစေ :::::……….

Vivo ဖုန်းတွေကို ဘယ်လို Firmware တင်မလဲ

Vivo-Xshot_4
SD ထည့်လို့ရတဲ့ကောင်တွေကတော့ ပြသနာ သိပ်မရှိပေမယ့် SD စိုက်မရတဲ့ကောင်တွေမှာတော့ firmware လဲ အသင့်ထည့်မထားမိ recovery ကလဲ ခေါ်မရ တိုင်ပါတ်နေတဲ့အခါတွေရှိတတ်ပါတယ်
အဲ့လိုအခြေအနေမှာ firmware တင်တဲ့နည်းလေးပါ

1.ပထမဆုံး power ပိတ်လိုက်ပါ
2.ပြီးရင် power + vol down တွဲနှိပ်ပြီး LOGO တက်လာရင် power လွှတ်ပေးလိုက်ပါ (တရုပ်စာလေး ဘယ်ဘက်ထောင့်မှာပေါ်လာပါလိမ့်မယ်)
3. Computer နဲ့ ချိတ်ပေးလိုက်ပါ (ADB သိသွားပါလိမ့်မယ်)
4.fastboot folder ထဲကို firmware.zip လေးထည့်ပေးထားပါ ပြီင်္းရင် CMD box ခေါ်ရပါမယ်
5.cmd box မှာ adb reboot recovery လို့ရိုက်ပေးလိုက်ရင် ဖုန်းက reboot ကျပြီး recovery ထဲေ၇ာက်သွားပါလိမ့်မယ်
6.recovery ထဲရောက်ပြီဆိုရင် update from adb ကိုရွေးပေးလိုက်ပါ
7.ပြီးရင် စောစောက CMD box မှာ adb sideload (firmware name).zip လို့ရိုက်ပေးလိုက်ရင် firmware ကို စပြီးဖုန်းထဲကိုပို့ပေးပါလိမ့်မယ် ပြီးရင်တော့ ဖုန်းဟာ သူ့ဘာ့သာသူ reboot ကျပြီး firmware ဆက်ရေးသွားပါလိမ့်မယ် အားလုံးပြီးသွားရင် reboot now လုပ်ပေးလိုက်ရင် firmware အသစ်နဲ့ vivo ဖုန်း လေးကိုသင်ပြန်လည်၇ရှိပါပြီ

ဘေးအနားကွပ် လုံးဝမပါသည့် စမတ်ဖုန်းတစ်မျိုး ရောင်းချရန် Softbank နှင့် Sharp ပူးပေါင်း

sharp-aquos-crystal3

ဂျပန်ဆက်သွယ်ရေးနှင့် အင်တာနက် ကော်ပိုရေးရှင်း Softbank သည် ဘေးအနားကွပ် လုံးဝမပါသည့် Aquos Crystal ဟုခေါ်သော အလယ်အလတ်တန်းစား ဟန်းဆက်တစ်မျိုးကို ရောင်းချရန်အတွက် Sharp နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။ အဆိုပါ ထုတ်ကုန်ကို Softbank ၏ ဌာနခွဲဖြစ်သော Sprint မှတစ်ဆင့် အမေရိကန်တွင် ရောင်းချဖွယ်ရှိကြောင်း သိရသည်။
Aquos Crystal သည် ကမ္ဘာ့အဆင့် ဖုန်းတစ်ခု မဟုတ်သော်လည်း ၎င်းကို ၅ လက်မနှင့် ၅.၅ လက်မ 1080p screen တို့ဖြင့် ရရှိနိုင်မည် ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းတွင် Qualcom Snapdragon 400 CPU နှင့် 1.5GB RAM တို့ကို အသုံးပြုထားသည်။
Aquos Crystal ၏ အဓိက အားသာချက်မှာ ဘေးအနားကွပ် လုံးဝမပါခြင်းဖြစ်သည်။ ဖုန်း၏ screen သည် မျက်နှာပြင် တစ်ခုလုံးနီးပါး နေရာယူထားသည်။ အကယ်၍ Softbank အနေဖြင့် သင့်တော်သည့် ဈေးနှုန်းဖြင့် ရောင်းချပါက ဘေးအနားကွပ် မပါသည့် အဆိုပါ ထုတ်ကုန်မှာ အထူးရေပန်းစားလာဖွယ်ရှိသည်။
သို့ရာတွင် ၅.၅ လက်မ Aquos Crystal ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ မကုန်မီအထိ မြင်တွေ့ရဖွယ်မရှိသော်လည်း ၅ လက်မ အမျိုးအစားကို သြဂုတ်လ ၂၉ ရက်တွင် ဂျပန်နိုင်ငံ၌ စတင်ဖြန့်ချိဖွယ်ရှိကြောင်း သိရသည်။

Coolpad ဖုန်းအားလုံးနီးပါးကို Root လုပ်ပေးနိုင်တဲ့ OneClick Root Tool

cool

Coolpad ပေါင်းများစွာကို Root လုပ်ပေးနိုင်တဲ့ Tool လေး ဖြစ်ပါတယ်။
ဒီ Tool လေးက ဟိုတစ်ချိန်တုန်းက ခေတ်စားခဲ့တဲ့ Tool လေး ဖြစ်ပါတယ်။
လူတိုင်းလည်း ရင်းနှီးပြီးသားနေမှာပါ။ အခုချိန်မှာတော့ Version အသစ်တစ်မျိုးနဲ့
ဝင်ရောက်လာတာ ဖြစ်ပါတယ်။ အဲဒီ Tool လေးကတော့ အောက်မှာပေးထားတဲ့
Coolpad Phone တွေ အကုန်လုံး Root ပေါက်ပါတယ်ခင်ဗျာ။

5860+ , 5010 , 5110 , 5210 , 5216D
5216S , 5219 , 5230 , 5820 , 5832
5855 , 5860 , 5860S , 5870 , 5876
5890 , 5891 , 5891S , 5899 , 5910
5930 , 5950 , 5951 , 7019 , 7019A
7230 , 7231 , 7235 , 7236 , 7260
7260+ , 7266 , 7268 , 7269 , 7290
7295 , 7296 , 7298A , 7500 , 7728
8010 , 8012 , 8013 , 8020 , 8022
8026 , 8050 , 8056 , 8060 , 8070
8070D , 8076 , 8077 , 8079 , 8085
8085Q , 8089Q , 8122 , 8150 , 8180
8185 , 8190 , 8190Q , 8295 , 8710
8720 , 8720L , 8720q , 8730 , 8736
8750 , 8809 , 8810 , 8811 , 8870
8900 , 8950 , 8970L , 9070 , 9100
9900 ,9930 , 9970 , 9120 , 9960
D530 , D539 , D5800 , E239 , N916
N930 , N950 , S116 , W706 , W706+
W708 , W711 , W713 , W721 , W770
Download Here >> http://www.mediafire.com/download/gmbmgdu04cjwdgl

HONOR 3C 4.4.2 မြန်မာစာ မမှန်ခြင်း အချို့ကို ရှင်းနည်း။

10590528_779657608753610_6942063392995902854_n
ပထမဦးဆုံး Root လုပ်ဖို့အတွက် အောက်က Root Tool ဖြင့်အရင်ဖောက်ပါ။

မပေါက်ခဲ့လျှင် Insecure Boot ကို Flash Tool ဖြင့် Flash ပီးမှ Root လုပ်ပါ။
http://www.shuame.com/en/root/
http://d-h.st/sVb ( Credit To Naing Lynn )
Root ဖောက်ပီးသွားလျှင်တော့ အောက်က ပေးထားသော Zip ကိုဖြည့်ပါ။
ဖုန်းကို ကွန်ပျူတာဖြင့်ချိတ်ပါ အထဲက Bat File လေးကို Run ပေးလိုက်ပါ။
ဖုန်းတွင် Superuser Request တောင်းလျှင် Access လုပ်ပေးလိုက်ပါ။
http://d-h.st/MBf ( Credit To သား ဂျူး & KO Myo )
ပီးလျှင် အောက်က SmartZawgyi.ttf font လေးကိုဒေါင်းပီး ဖုန်းထဲ Copy ကူးပါ။
http://d-h.st/R8r ( SmartZawgyi.ttf )
http://d-h.st/7cs ( Root Explorer )
Root Explorer ကို install လုပ်ပါ ပီးလျှင် Root Explorer ထဲကို ၀င်ပါ
\System\ ထဲက set_immutable.list ဆိုသည့်ဖိုင်ကို အရင် Delete လုပ်ပါ
ပီးလျှင် System \ Font \ SmartZawgyi.ttf ဖောင့်နေရာတွင် အစောက
ဒေါင်းထားသော ဖောင့်ကို Replace လုပ်ပေးပါ Permission rw-r–r– လုပ်ပါ
ဖုန်းကို Reboot ချပေးလိုက်ပါ ပြန်တက်လာလျှင် အစဉ်ပြေသွားပါပီ။
 
 
 
 
 
 
 
အားပေးနေသော Mobile User အားလုံးကို အစဉ်လေးစားလျက်

ကောသလမင်းကြီး၏အိပ်မက်(၁၆)ချက်

kaw

ကောသလမင်းကြီး၏အိပ်မက်(၁၆)ချက် သိသောသူတွေလဥ၁်းများပါတယ် ဒါပေမယ့် မသိသောသူများအတွက်ပါ နဥ၁်းနဥ၁်းလေးရှားနေသလို ခံစားရပါတယ် ဒါကြောင့် ပြန်လဥ၁်မျှဝေပေးလိုက်ပါတယ် ပုံလေးတွေပါပဲ ကြဥ၁့်ကြဥ၁့်လိုက်ပါ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကောသလမင်းကြီးဟာ ထူးဆန်းတဲ့ အိပ်မက် (၁၆)ခုကို ဆက်တိုက်မြင်မက်သတဲ့။ အဲ့ဒီလို ထူးဆန်းတဲ့အိပ်မက်တွေ မြင်မက်ပြီးတဲ့နောက် ကောသလမင်းကြီး ဟာ အထိတ်တလန့် ရှိတာနဲ့ ဘုရားရှင်ဆီ သွားရောက်ကာ အိပ်မက်တွေရဲ့ အနက် အဓိပ္ပာယ်ကို မေးလျှောက်တဲ့အခါ မြတ်စွာဘုရားရှင်က မင်းကြီးရဲ့အိပ်မက်တွေဟာ နောင်သာသနာတော် မှေးမှိန်ကွယ်ပျောက်လာတဲ့အချိန်မှာ ဖြစ်ပေါ်လာမယ့်အခြေအနေတွေလို့ကြိုတင် ဟောပြော ရှင်းလင်းပြခဲ့ပါတယ်။ ရှိထားသင့်တဲ့ application လေးတစ်ခုပါ။ JAS Myanmar မှရေးသားထုတ်ဝေထားတဲ့ app လေးတစ်ခုဖြစ်ပါတယ်။ ကောသလ အိမ်မက် for Android ကိုအောက်က Link မှာရယူပါ။
ကောသလ အိမ်မက် for Android အားရယူရန်


Firefox OS ဆိုသည်မှာ

firefox-os-phone1
Firefox OS ဆိုသည်မှာ စမတ်ဖုန်းများ၊ tablet ကွန်ပျူတာများနှင့် စမတ်တီဗီများ အတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် Linux kernel အခြေခံ မိုဘိုင်း operating system တစ်ခုဖြစ်သည်။


၎င်း operating system ကို Firefox browser ဖြင့် လူသိများသည့် Mozilla Foundation က ဖန်တီးထားခြင်း ဖြစ်သည်။ ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် open standard များအပေါ်တွင်သာ အခြေခံထားသည်။
အဆိုပါ browser အခြေခံ operating system ကို HTML5, CSS, JavaScript နှင့် C++ တို့နှင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ Firefox OS တွင် Gaia ဟုခေါ်သည့် ဝက်ဘ်အခြေခံ user interface နှင့် HTML သို့မဟုတ် JavaScript တို့ကို ဖတ်နိုင်သည့် Gecko ဟုခေါ်သော layout engine တစ်ခု ပါဝင်သည်။ ၎င်းစနစ်ကို HTML5 app များနှင့် အသုံးပြုနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
Firefox OS ပထမဦးဆုံး ဗားရှင်းကို ၂၀၁၃ ခုနှစ် နှစ်လယ်တွင် စွမ်းဆောင်ရည်နိမ့် ဖုန်းများအတွက် ဖန်တီးခဲ့သည်။ ထို့နောက်တွင် developer များက feature များ ထည့်သွင်းကာ ဈေးကွက်ရှိ Android, iOS တို့နှင့် ယှဉ်ပြိုင်နိုင်ရန် ပြုလုပ်ခဲ့ကြသည်။ Alcatel, Huawei, LG, Nexus နှင့် ZTE တို့သည် Firefox OS ထုတ်ကုန်များကို ထုတ်လုပ်သည့် ကုမ္ပဏီများ၌ ပါဝင်ခဲ့သည်။
Firefox OS ကို ပရောဂျက်စတင် ပြုလုပ်ခဲ့စဉ်က Boot to Gecko (B2G) ဟု ခေါ်ဆိုခဲ့သည်။
https://blog.mozilla.org/ux/files/2012/09/mozilla-mozcamp-firefox-os.018.jpg
https://blog.mozilla.org/ux/files/2012/09/mozilla-mozcamp-firefox-os.015.jpg

https://blog.mozilla.org/ux/files/2012/09/mozilla-mozcamp-firefox-os.019.jpg

Ref & Credit to: Interent Journal

iOS 7 နှင့် အလွန်တူညီသည့် MIUI 6 Android UI ကို Xiaomi မိတ်ဆက်

miui
တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တွင် စနေနေ့က ကျင်းပခဲ့သော ပွဲတစ်ခု၌ MIUI user interface ဗားရှင်းသစ် ဖြစ်သော MIUI 6 ကို Xiaomi က မိတ်ဆက်ပေးခဲ့သည်။
Android အခြေခံ Xiaomi ထုတ်ကုန်များ အတွက် စမတ်ဖုန်း UI သစ်ဖြစ်သည့် MIUI 6 တွင် ဒီဇိုင်းပြောင်းလဲ ပြင်ဆင်မှုများ ပြုလုပ်ထားသလို feature သစ်အချို့ကိုလည်း ထည့်သွင်းပေးခဲ့သည်။
တရုတ်နိုင်ငံ၏ Apple ကုမ္ပဏီဟု တင်စားခံရသည့် Xiaomi ကုမ္ပဏီကမူ အဆိုပါ Android skin သစ်သည် အကောင်းဆုံး MIUI ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်း MIUI ဗားရှင်းသစ်သည် Apple ၏ iOS 7 ၏ ဒီဇိုင်းနှင့် အလွန်တူညီလျက်ရှိသည်။



တရုတ်ဟန်းဆက်ကုမ္ပဏီသည် လတ်တလောတွင် MIUI 6 ကို စမ်းသပ်ဗားရှင်းအနေဖြင့်သာ ဖြန့်ချိထားသည်။ MIUI 6 developer version ကို စက်တင်ဘာလတွင် ဖြန့်ချိမည် ဖြစ်ပြီး နောက်ဆုံးအဆင့် ဗားရှင်းကို ရွေးချယ်ထားသည့် Xiaomi ဟန်းဆက်များနှင့်အတူ အောက်တိုဘာလတွင် ဖြန့်ချိမည်ဟု ကုမ္ပဏီက ကြေညာခဲ့သည်။
Xiaomi သည် MIUI 6 ကို Mi 2, Mi 2S, Mi 2A, Redmi 1S နှင့် Redmi Note များတွင် နှစ်ကုန်ပိုင်း၌ စမ်းသပ်သုံးစွဲမည် ဖြစ်ပြီး အဆင့်မြှင့်တင်ထားသည့် အဆိုပါ ထုတ်ကုန်များကို လာမည့်နှစ်တွင် ဖြန့်ချိဖွယ်ရှိကြောင်း သိရသည်။
ဒီဇိုင်းအသစ် ပြောင်းလဲပြင်ဆင်ထားသည့် MIUI 6 တွင် flat app icon များကို အသုံးပြုထားသည်။ ထို့အပြင် camera app ကို ပြောင်းလဲပြင်ဆင်ထားပြီး ၎င်း ပြောင်းလဲမှုကြောင့် အောက်ဘက်သို့ swipe လုပ်ရုံဖြင့် အရှေ့ဘက်နှင့် ကျောဘက် ကင်မရာတို့ကို ပြောင်းလဲနိုင်ခြင်း၊ ဘယ်ဘက်သို့ swipe လုပ်သည့်အခါ menu panel ဖွင့်ခြင်းနှင့် ညာဘက်သို့ swipe လုပ်သည့်အခါ filter များ ဖွင့်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။

ဖုန်းနှင့် လက်ပ်တော့များ ကိုင်ထားပြီး လမ်းပျောက်နေသူများကို သတိ

10(P)_1
လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ ကိုင်ထားသည့် အသားဖြူဖြူနှင့် လူများက လမ်းပျောက်နေသည်ဟုဆိုကာ သင့်ထံရောက်လာပါက သင်သည် လိမ်လည်လှည့်ဖြားသူများ၏ သားကောင်ဖြစ်ရန် ရွေးချယ်ခံလိုက်ရသည်ဆိုသည်မှာ သေချာသလောက်ရှိပြီဟု တွေးထားသင့်သည်။
အမှန်တကယ် လမ်းပျောက်သူလား၊ လူလိမ်များလားဆိုသည်ကို ဖော်ပြပါအချက်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်စေလိုပါသည်။
ထိုသူများက ပထမအဆင့်အနေဖြင့် မြန်မာစကားတစ်လုံးတလေမှ မပြောတတ်သည့်ဟန်ပန်ဖြင့် သင်နှင့် အနီးအနားပတ်ဝန်းကျင်မှ နေရာတစ်ခုကို မေးမြန်းပြီး ထိုနေရာတွင် သူ၏မိတ်ဆွေနှင့် အချိန်းအချက်ပြုထားကြောင်း ခြေဟန်လက်ဟန်ဖြင့် ရှင်းပြလိမ့်မည်။ သူစောင့်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူ၏မိတ်ဆွေ ရောက်မလာသေးကြောင်းလည်း ရှင်းပြလိမ့်မည်။
ဒုတိယအဆင့်အနေဖြင့် သူ့ထံတွင် ပိုက်ဆံပြတ်လပ်နေပြီး လွန်စွာအခက်အခဲရှိကြောင်း ကူညီသည့်အနေဖြင့် သူ့တွင်ပါလာသည့် နာမည်ကျော် ဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့များကို ပေးနိုင်သည့်ဈေးဖြင့် ၀ယ်ယူရန် ကမ်းလှမ်းလိမ့်မည်။
သင့်ထံရောက်လာသည့် လမ်းပျောက်သူများက အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဆိုပါက ယခင်လိမ်လည်ခံရသူများနည်းတူ သင်လည်း လိမ်ခံရတော့မည် ဖြစ်သည်။
ပြီးခဲ့သည့်နှစ်များက ရန်ကုန်မြို့၏ လမ်းမများထက်၌ လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ကိုင်ထားသည့် အသားဖြူဖြူနှင့်လူများသည် မကြာခဏ လမ်းပျောက်ခဲ့ကြသည်။
တရုတ်နိုင်ငံသားများအဖြစ် ၎င်းတို့ကိုယ်၎င်းတို့ မိတ်ဆက်ကြပြီး သန့်သန့်ပြန့်ပြန့် ၀တ်စားထားကြသည့် လိမ်လည်သူများ၏ ပစ်မှတ်သည် ယုံလွယ်သူများ၊ အသနားစိတ်ကြီးပြီး အကူအညီပေးသူများနှင့် လောဘကြီးသည့်လူများ ဖြစ်ခဲ့ရသည်။
ပြီးခဲ့သည့် ၂ နှစ်ခန့်အတွင်းက ရန်ကုန်မြို့တွင် လိမ်လည်ခံခဲ့ရသူ သုံးဦးခန့်ကို 7Day မှ တွေ့ဆုံမေးမြန်းခဲ့ရာ လာရောက်လိမ်လည်သူများ၏ ပုံစံသည် တစ်ပုံစံတည်းနီးပါးဖြစ်ကြောင်း ဖြေကြားခဲ့သည်။
‘‘သူတို့က ဗမာစကားတစ်လုံးမှ မတတ်တဲ့ပုံစံနဲ့။ အင်္ဂလိပ်လို တစ်လုံးစ၊ နှစ်လုံးစ ပြောတယ်။ ကျွန်တော့်ကိုကျတော့ No Money Hungry (ပိုက်ဆံမရှိဘူး၊ ဗိုက်ဆာတယ်)ဆိုပြီး အင်္ဂလိပ်လိုပြောတယ်’’ဟု လွန်ခဲ့သည့်တစ်နှစ်ခန့်က  Samsung အမှတ်တံဆိပ်ဖုန်း လိမ်လည်ရောင်းချခံခဲ့ရသည့် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှ ဦးစည်သူကပြောသည်။
၎င်းတို့သည် လွန်ခဲ့သည့်သုံးနှစ်ခန့်မှစတင်ပြီး ရန်ကုန်မြို့တွင် လှုပ်ရှားခဲ့ကြပြီး ပြီးခဲ့သည့်နှစ်မှစတင်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ရှိ မြို့များသို့ပါ ရောက်ရှိခဲ့သည်။
လမ်းပျောက်သူများက သူတို့၏ဖုန်းနှင့် လက်ပ်တော့ကွန်ပျူတာများကို ပြင်ပပေါက်ဈေးထက် အဆမတန်လျော့နည်းသည့်ဈေးနှုန်းဖြင့် ၀ယ်ယူသူများအား ဆွဲဆောင်ကြသည်။
၎င်းတို့ပြန်သွားပြီး ရက်ပိုင်းအတွင်း ပျက်စီးသွားခြင်းနှင့် အဆိုပါပစ္စည်းများသည် အတုများဖြစ်နေခြင်းတို့ကို သတိထားမိချိန်တွင် လမ်းပျောက်သူများက နောက်တစ်ဦးကို ထပ်မံလိမ်လည်ရန် အခြားတစ်မြို့သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည် ။
‘‘အဲဒီလိုပစ္စည်းတွေက တော်တော်သတိထားရတယ်။ ကိုယ်က သူ့ကိုကူညီတယ်ဆိုပေမယ့် ခိုးရာပါပစ္စည်းလိုမျိုးဖြစ်နေရင် လူလိမ်ခံရရုံတင်မကဘူး ထောင်ပါကျနိုင်တယ်။ ခိုးရာပါပစ္စည်း လက်ခံမှုက ထောင်သုံးနှစ်အထိ ချလို့ရတယ်’’ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။
လိမ်လည်ခံရသူအများစုကလည်း ရဲစခန်းသို့ တိုင်ကြားခြင်းမပြုဘဲ လူသိမခံခြင်း၊ မိမိကိုယ်တိုင် ဖြေရှင်းခြင်းတို့ကြောင့် လိမ်လည်သူများ ပိုမိုအတင့်ရဲလာခြင်းဖြစ်ကြောင်း အဆိုပါ တရားလွှတ်တော်ရှေ့နေက ပြောသည်။
‘‘လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက အဲဒီလိုလာလိမ်တဲ့ တရုတ်တော်တော်များများကို နယ်စပ်ကနေ တရုတ်ပြည်ထဲ ပြန်ပို့ခဲ့ရဖူးတယ်။ မန္တလေးမှာရော၊ နယ်စပ်တစ်လျှောက်မှာရော အဲဒီလိုလိမ်လာတာ ကြာပြီလို့သိရတယ်’’ဟု လိမ်လည်သူများအား နယ်စပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးကပြောသည်။
ယခုရက်ပိုင်းအတွင်း တန်ဖိုးနည်းဖုန်းများ အကန့်အသတ်မရှိ ရောင်းချနေကြောင့် လိမ်လည်သူများ၏ ပစ်မှတ်များသည်လည်း တစ်စတစ်စကြီးထွားလာနေသည်။
မြန်မာနိုင်ငံတွင် လူသုံးများသည့် Samsung, Huawei စသည့် မိုဘိုင်းဟန်းဆက်ကုမ္ပဏီများကလည်း ၎င်းတို့၏ ပစ္စည်းများကို တုပရောင်းချခြင်းများမှ ကာကွယ်ရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
‘‘ဈေးကွက်ထဲမှာ ကျွန်တော်တို့ရဲ့ ဟန်းဆက်တွေကို အတုတွေတွေ့ရတဲ့အတွက် အတုအစစ်ခွဲခြားနည်းကို ဂျာနယ်တွေထဲမှာလည်း ကြေညာသလို ဟန်းဆက်အတုတွေ့ရင် သတင်းပေးတဲ့သူတွေကို ဆုငွေပေးသွားမယ်ဆိုပြီးတော့ လုပ်ထားတာတွေရှိပါတယ်’’ဟု Huawei မြန်မာကုမ္ပဏီမှ ဖြန့်ချိရေးတာဝန်ခံတစ်ဦးကပြောသည်။
Huawei ဖုန်းများကို အတုနှင့်အစစ် ခွဲခြားနိုင်ရန်နှင့် ဈေးကွက်အတွင်း၌ အတုများကို တွေ့သောကြောင့် သတင်းပေးလိုပါက Huawei ၏ Customer ServiceCenter သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း ၎င်းကပြောသည်။
အလားတူပင် မြန်မာနိုင်ငံတွင် လူသုံးများသည့် Samsung အမှတ်တံဆိပ် ဟန်းဆက်များ တုပရောင်းချခြင်းများမှ ကာကွယ်ရန် အသေးစိတ်အစီအစဉ်များ လုပ်ဆောင်နေကြောင်း Samsung မြန်မာရုံးခွဲ၏ Head of Channel Management Mobile ဦးဇာနည်ဝင်းထွဋ်ကပြောသည်။
‘‘ဈေးကွက်ထဲမှာ အတုတွေကတော့ မကြာခဏတွေ့နေရတယ်။ Samsung ဟန်းဆက်အတုဆိုတဲ့နေရာမှာ တချို့ကလည်း ပုံစံတုလိုက်လုပ်ပြီးတော့ ရောင်းကြတယ်။ တချို့ကလည်း Offical တရားဝင်မဟုတ်ဘဲနဲ့ တင်သွင်းလာတဲ့အခါမှာ ဒီနိုင်ငံရဲ့ကွန်ရက်နဲ့ မကိုက်ညီတာမျိုးတွေ ဖြစ်တတ်ပါတယ်’’ဟု ဦးဇာနည်ဝင်းထွဋ်က ပြောသည်။
လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ကိုင်ထားသည့် အသားဖြူဖြူနှင့်လူများသည် မြန်မာနိုင်ငံတွင် မကြာခဏ လမ်းပျောက်လျက်ရှိသည်။ လမ်းပျောက်သူများကို ကူညီရင်း ယုံလွယ်သူများ၊ အသနားစိတ်ကြီးပြီး အကူအညီပေးသူများနှင့် လောဘကြီးသည့်လူများ ကိုယ်တိုင်လည်း မကြာခဏ လမ်းပျောက်သွားခဲ့ရသည်။

အူရီးဒူးဆင်းမ်ကတ်နှင့်တွဲရောင်းမည့် ဆမ်ဆောင်းဟန်းဆက်များလိုသလောက် ချပေးမည်ဟုဆို

v
အူရီးဒူး၏မိနစ်သုံးရာအခမဲ့ဖုန်းပြောဆိုခွင့်အပါအဝင်အခြားအခမဲ့အစီအစဉ်များပါသော ဈေးနှုန်းသင့်တင့်သည့်Galaxy V ဟန်းဆက်များကို နိုင်ငံတစ်ဝန်းလိုသလောက်ရရှိနိုင်စေရန် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆမ်ဆောင်းမြန်မာရုံးခွဲမှသတင်းရရှိသည်။
‘‘Galaxy V ဟန်းဆက်တွေကို နိုင်ငံတစ်ဝန်းမှာရှိတဲ့ Samsung Show Roomတွေနဲ့ အူရီးဒူးအရောင်းဆိုင်တိုင်းမှာ ရောင်းချပေးသွားပါမယ်။ ပစ္စည်းပြတ်သွားရင်လည်းမပူပါနဲ့။ ရက်ပိုင်းအတွင်းမှာပဲ လိုသလောက်ထပ်ရောက်လာမှာဖြစ်ပါတယ်’’ဟုဆမ်ဆောင်းမြန်မာမှ  Head Of Channel Mana-gement Mobile ဦးဇာနည်ဝင်းထက်ကပြောသည်။
၉၇,၅၀၀ ကျပ်ပေးရမည့် Samsung Galaxy V ဟန်းဆက်ဝယ်ယူသူများအနေဖြင့် အူရီးဒူးဆင်းမ်ကတ် အခမဲ့ရရှိမည်ဖြစ်သလို မိနစ်သုံးရာအခမဲ့ဖုန်းပြောဆိုခွင့်၊ Message အစောင်သုံးရာအခမဲ့ပို့ခွင့်နှင့် အင်တာနက် 300 MB အခမဲ့အသုံးပြုခွင့်တို့ရရှိမည်ဖြစ်သည့်အတွက် ဟန်းဆက်အသစ်ဝယ်လိုသူများအဆင်ပြေစေမည်ဖြစ်သည်။
Galaxy V ဟန်းဆက်များကို သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၁ ရက်အထိသာ ယခုရောင်းချပေးသည့်ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါကာလနောက်ပိုင်းတွင် ဝယ်ယူပါက ဈေးအနည်းငယ်တက်နိုင်သလို အူရီးဒူး၏ အခမဲ့အစီအစဉ်များလည်း ပါဝင်မည်မဟုတ်တော့ကြောင်းသိရသည်။
ထို့အပြင် Android Version 4.4.2 Kit Kat ကို ထည့်သွင်းပေးထားပြီး RAM 512 ဖြင့် တွဲဖက်ပေးထားသည့်အတွက်စွမ်းဆောင်ရည်အသင့်အတင့်ရှိသော စမတ်ဖုန်းအနေဖြင့် အသုံးပြုနိုင်သလို ရှေ့နောက်ကင်မရာနှစ်ခုပါရှိသည့်အတွက် Video Call ခေါ်ဆိုခြင်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်သည်။

စမတ်ဖုန်းတွေက လူတွေကို နီးစေမှာလား ဝေးစေမှာလား

3_0.gif
ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေ တိုးတက်လာတာနဲ့အတူ စမတ်ဖုန်းတွေ အသုံးပြုရာမှာလည်း တိုးတက်လာပြီ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ဝန်းကျင်ကစပြီး စမတ်ဖုန်းတွေ စသုံးလာတာ အခုချိန်မှာတော့ ဒီဖုန်းတွေက မရှိမဖြစ်အဖြစ် သတ်မှတ်ခံနေရပါပြီ။ အခုအခါ ဆက်သွယ်ရေး ကုမ္ပဏီသစ်တွေက နောက်ဆုံးပေါ် နည်းပညာတွေ အသုံးပြုထားတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပေးလာကြသလို ဖုန်းဆင်းကတ်တွေမှာလည်း ဈေးနှုန်းချိုသာစွာနဲ့ လွယ်လပ်ပေါများစွာ ဝယ်ယူနိုင်ကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် လက်နဲ့ ထိလိုက်ရုံနဲ့ လွယ်ကူစွာ ဆက်သွယ်ပြောဆိုနိုင်သလို၊ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မယ့် အင်တာနက် ဝန်ဆောင်မှုတွေနဲ့အတူ ကင်မရာနဲ့ စာအုပ်လို အသုံးပြုစရာတွေ ပါဝင်တဲ့ စမတ်ဖုန်းတွေက အခြေခံ လူတန်းစား အများစုအတွက် လက်လှမ်းမီလာနိုင်တဲ့ နေ့စဉ်သုံး ပစ္စည်းတစ်ခု ဖြစ်လာတော့မှာပါ။ဒီလို စမတ်ဖုန်းတွေက နေ့စဉ်ဘဝမှာ ကောင်းကျိုးများပြီး အဘက်ဘက်က အသုံးဝင်နေပေမယ့်လည်း အရင်က နွေးထွေးတဲ့ လူမှုစကားဝိုင်းတွေကိုတော့ တစ်ဖက်တစ်လမ်းက ဖျက်ဆီးပစ်နေပါတယ်လို့ ဗဟန်းမြို့နယ်မှာနေတဲ့ အသက် ၂၉ နှစ်အရွယ် ကိုနေလင်းက ပြောပါတယ်။ “စမတ်ဖုန်းသုံးရတာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေ စုပြီး လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အခါမျိုးတွေမှာတော့ အရင်က နွေးထွေးတဲ့ ရင်းနှီးမှုတွေအစား လူစုထိုင်နေတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောကြပဲ ကိုယ့်ဖုန်း ကိုယ်ထုတ်သုံးနေကြတော့ အေးစက်တဲ့ စကားဝိုင်းတွေ ဖြစ်လာတယ်လို့ ခံစားမိတယ်” လို့ ကိုနေလင်းက သူ့အမြင်ကို ပြောပါတယ်။
ဓာတ်ပုံရိုက်နိုင်၊ သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ သိနိုင်တဲ့အတွက် စမတ်ဖုန်းကို သုံးဖြစ်နေတယ်ဆိုတဲ့ ကိုနေလင်းက စကားသံတွေ တဖြည်းဖြည်း တိတ်ဆိတ်လာတဲ့ လူငယ် စကားဝိုင်းတွေကို အားမလိုအားမရ ဖြစ်မိတယ်လို့ ပြောပါတယ်။ “ကိုယ့်ဘေးနားမှာ အတူတူရှိနေတဲ့သူကို ကျော်ပြီး ကိုယ်နဲ့ အပြင်မှာတောင် တစ်ခါမှ မတွေ့ဘူးတဲ့ အင်တာနက်က သူငယ်ချင်းတွေကို လှမ်းဂရုစိုက်ပြနေကြတာ တော်တော် စိတ်မကောင်းစရာပါပဲ။ အတူထိုင်နေတဲ့ သူငယ်ချင်းတွေ အချင်းချင်း စကားမပြောကြပဲ အဝေးက လူတွေကို လှမ်းပြီး အလုအယက် စကားတွေ ပြောနေတတ်ကြတယ်” လို့ သူက ပြောပါတယ်။ လူငယ်တွေကြား ပျော်ရွှင်စရာ အကျင့်တွေကိုပါ ပျောက်ဆုံးလာစေတယ်လို့လည်း သူက ဆိုပါတယ်။ “အရင်က တစ်ယောက်နဲ့ တစ်ယောက် စနောက်တဲ့ အကျင့်တွေ၊ နောက် ကော်ဖီခွက်ထဲ ကျောက်ခဲခိုးထည့်ထားတာတို့၊ အကြောင်းအရာ တစ်ခုခုကို အလုအယက် ဆွေးနွေးငြင်းခုံတာတို့လိုတွေ မရှိတော့ဘူး။ အခုခေတ်လူငယ်တွေတင် မဟုတ်ဘူး လူလတ်ပိုင်း စကားဝိုင်းတွေလည်း တိတ်ဆိတ်လာပြီ” လို့ ကိုနေလင်းက ပြောပါတယ်။ ကိုယ်တိုင် စမတ်ဖုန်း သုံးနေချိန်မှာ တိတ်ဆိတ်လာတဲ့ စကားဝိုင်းတွေအကြောင်း သတိမထားမိပေမယ့် ဖုန်းမပါတဲ့ အချိန်တွေမှာတော့ စမတ်ဖုန်းကြောင့် ရင်းနှီးမှုပျောက်တဲ့ ပုံစံကို ပိုသိလာရတယ်လို့ သင်္ဃန်းကျွန်း မြို့နယ်မှာ နေတဲ့ မရွှေရည်က ပြောပါတယ်။
“ကျောင်းမှာ သူငယ်ချင်းတွေ အချင်းချင်း တွေ့ကြရင် ဖုန်းပဲ ထုတ်သုံးနေကြတာ အကျင့်လိုဖြစ်နေပြီဆိုတော့ သိပ်သတိမထားမိဘူး။ ဒါပေမဲ့ စကားမပြောကြပဲ တူတူထိုင်ရုံထိုင်နေကြတာကို ကိုယ်တိုင် ဖုန်းမပါတဲ့ အချိန်ကစပြီး လူတွေ သတိထားမိလာတယ်။ အင်တာနက် မသုံးရင်တောင် ဂိမ်းတွေ ဖွင့်ဆော့နေကြတာကို သတိထားမိပြီး အံ့လည်း အံ့သြတယ်” လို့ ပထမနှစ် ဥပဒေကျောင်းသူ မရွှေရည်က ပြောပါတယ်။ နောက်ထပ် သတိထားမိတဲ့ အချက်တစ်ချက်ကတော့ အင်တာနက်မှာ တစ်ယောက်နဲ့ တယောက် တွေ့ချိန် ရင်းနှီးဖော်ရွေတဲ့ စကားလုံတွေ သုံးသလောက် အပြင်မှာ တွေ့ချိန် အချင်းချင်း သိပ်မရင်းနှီးသလို ခံစားမိစေပါတယ်တဲ့။ “နေမကောင်းဘူးလို့ အင်တာနက်မှာ တင်လိုက်ရင် ဘေးမှာထိုင်နေတဲ့ သူငယ်ချင်းက ကိုယ့်ကို အပြင်မှာ အေးဆေး သူ့ဘာသာနေပေမယ့် အင်တာနက်မှာတော့ ဂရုစိုက်နော်၊ စိတ်ပူတယ်၊ ဘာညာဆိုပြီး စာတွေ ရေးလာပြန်ရော။ တူတူထိုင်ပြီး ဖုန်းကိုပဲ ဂရုစိုက်နေတာကို ကိုယ်တိုင် တွေ့နေရတော့ ဘာပြောရမှန်းကို မသိတော့ပါဘူး” လို့ မရွှေရည်က ပြောပါတယ်။ ဒီလို စမတ်ဖုန်းရဲ့ လူမှုဝန်းကျင်ကို ထိခိုက်စေတဲ့ အားနည်းချက်တွေ ရှိပေမယ့်လည်း အားသာချက်တွေကတော့ ပိုများနေတယ်လို့  မြောက်ဒဂုံမြို့နယ်မှာနေတဲ့ ကိုမျိုးလွင်ဦးက ပြောပါတယ်။ “အစ်ကိုဆို အိမ်စီးပွားရေး လုပ်တယ်၊  အပြင်မှာ အငှားကားလည်း ထွက်မောင်းတယ်။ ဘာသတင်း သိချင်လဲ ချက်ချင်း သိလာရတယ်။ ကိုယ့်လက်ထဲမှာ စမတ်ဖုန်းရှိနေတာကိုး။ အရင်ကလို ဖုန်းဆက်ပြီး မေးစရာတောင် မလိုတော့ဘူး” လို့ သူက ပြောပါတယ်။ “တကယ်လို့ အပြင်မှာ ကားလိုက်မောင်းပို့ရင်း ခရီးသည်ကို စောင့်ရရင် အရင်ကလို မပျင်းရတော့ဘူး။ အင်တာနက် မသုံးရင်တောင် ဂိမ်းဆော့ပြီး အချိန်ဖြုန်းနေလို့ ရပါတယ်” လို့ သူက ဆိုပါတယ်။ ဒါပေမဲ့လည်း မိသားစုနဲ့ အတူနေတဲ့ အချိန်တွေမှာတော့ စမတ်ဖုန်း အသုံးပြုမှုကို ခဏရပ်ထားလေ့ ရှိတယ်ဆိုတာကြောင့် တကယ်တမ်းမှာ စမတ်ဖုန်းက ဖျော်ဖြေခံ အသုံးချစရာ ပစ္စည်းတစ်ခုပဲ ဖြစ်နေပါတယ်လို့ သူက ပြောပါတယ်။ တစ်ချက် တို့ထိလိုက်ရုံနဲ့ အာရုံတစ်ခုလုံးကို ဆွဲဆောင်ထားနိုင်တဲ့ စမတ်ဖုန်းတွေရဲ့ ကောင်းတဲ့ အချက်တွေကြောင့် မသိမသာ ပျောက်ဆုံးလာတဲ့ လူမှု အသိုင်းအဝိုင်းက  နွေးထွေးမှုတွေကိုလည်း တစ်လှည့် ပြန်သတိထားမိတဲ့သူ အရေအတွက်ကတော့ အခုချိန်ထိ နည်းပါးနေတုန်းပါပဲ။ ဒါပေမဲ့ အခုချိန်မှာတော့ သက်ကြီးပိုင်းနဲ့ အင်တာနက် မရတဲ့ အချို့ ဒေသတွေကလွဲရင် လူအများစုက ခလုတ်ဖုန်းတွေကို မသုံးချင်ကြတော့ပဲ စမတ်ဖုန်းတွေကိုသာ သုံးနေကြပါပြီ။

Passcodes မသုံးဘဲ သင့်ရဲ့ဖုန်းဟာ လုံခြုံမှုရှိနိုင်ပါ့မလား…

pass
နည်းပညာခေတ်ရဲ့ ဆန်းသစ်တဲ့ထုတ်ကုန်တွေအတွက် လုံခြုံရေးအစီအမံအဖြစ် အသုံးပြုလေ့ရှိတဲ့ Passowrds နဲ့ Passcodes တွေရဲ့ အသုံးဝင်မှုဟာ ကျွန်တော်တို့အတွက် အလွန်ရေးပါခဲ့ကြပါတယ်။ ကိုယ့်ရဲ့ဖုန်းမှာ အသုံးပြုဖို့အတွက် စကားဝှက်ကို ကိုယ် နှစ်သက်တဲ့သူရဲ့နာမည်၊ စွဲလမ်းတဲ့အရာဝတ္ထု၊ နေရပ်လိပ်စာ၊ ကားနံပါတ် အစရှိတဲ့ ဆက်စပ်တဲ့ စကားစုတွေ ကိန်းဂဏာန်းနံပါတ်တွေ၊ နာမည်တွေကို အသုံးပြုလေ့လည်း ရှိခဲ့ကြပါတယ်။ လူအများစုကတော့ ခဏခဏ ရိုက်ထည့်ရတာ လွယ်ကူစေဖို့အတွက် သူတို့ရဲ့ မွေးနေ့ ဒါမှမဟုတ် အိမ်နံပါတ် အစရှိတာမျိုး ပေးကာ အလွယ်တကူ အသုံးပြုခဲ့ကြပါတယ်။ ဒီလိုမျိုး အလွယ်တကူ ပေးထားခြင်းအားဖြင့် ဖုန်း ပျောက်သွားတဲ့အခါ ဒါမှမဟုတ် အခိုးခံရတဲ့ အခါမျိုးတွေမှာ အရေးကြီးတဲ့ အချက်အလက်တွေ ဆုံးရှုံးဖို့အတွက် အခွင့်အလမ်း ဖွင့်ပေးထားသလို ဖြစ်နေတတ်ပါတယ်။ ဒီနေရာမှာ ကံကောင်းတဲ့အချက်တစ်ခုက စမတ်ဖုန်းထုတ်လုပ်သူတွေဟာ password, passcode အပြင် အခြားသော လုံခြုံရေးအစီအမံတွေကို စဉ်းစားထည့်သွင်းကာ အသုံးပြုစေခဲ့ကြပါတယ်။ ဒီလိုမျိုး လုံခြုံရေးအတွက် ဦးစားပေး ထည့်သွင်းကာ ထုတ်လုပ်ကြတဲ့ နည်းပညာထုတ်ကုန်တွေထဲမှာ စမတ်ဖုန်းတွေဟာ ထိပ်ဆုံးကနေ ပါဝင်နေတာကိုလည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာလည်း နာမည်ကြီး စမတ်ဖုန်းထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းတစ်ခုစီနဲ့ လုံခြုံရေးအစီအမံတွေထည့်သွင်းကာ အသုံးပြုသူတွေအတွက် ဘယ်လိုမျိုးလုံခြုံမှုရှိတယ်။ ထိုးဖောက်ဝင်ရောက်မှုဒဏ်ကို ဘယ်လောက်ထိ ခံနိုင်ရည် ရှိတယ်ဆိုတာကို အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြဆဲဖြစ်ပါတယ်။
စမတ်ဖုန်းတစ်လုံး ၀ယ်ယူတော့မယ်ဆိုရင် လုံခြုံရေးစနစ်အတွက် သီးသန့် ဘာတွေထည့်သွင်းပေးသလဲဆိုတဲ့ အချက်ဟာ နောက်ဆုံးပေါ် စမတ်ဖုန်းအသုံးပြုသူတွေအတွက် မသိမဖြစ် သိထားသင့်တဲ့အချက်ဖြစ်ပါတယ်။ ဒီအတွက် လုံခြုံမှုရှိပေမယ့် ပျင်းရိညည်းငွေ့စရာကောင်းတဲ့ password တွေ passcode တွေ မသုံးဘဲ ဘယ်လို နည်းလမ်းတွေက အပြည့်အ၀ အကာအကွယ်ပေးထားနိုင်သလဲဆိုတာ လေ့လာကြည့်တဲ့အခါ …

FingerPrints :
===========

မနှစ်က ထွက်ရှိတဲ့တဲ့ Apple ရဲ့ နောက်ဆုံးပေါ် စမတ်ဖြစ်တဲ့ iPhone 5S မှာ Touch ID လို့ခေါ်တဲ့ ခေတ်မီ fingerprint စနစ်ပါဝင်လာခဲ့ပါတယ်။ ထွက်ရှိစအချိန်မှာတော့ ဘယ်လိုချိုးဖောက်လို့ရတယ်ဆိုတဲ့ ကောလာ ဟလတွေ ထွက်ပေါ်လာခဲ့ပေမယ့် အခုအချိန်အထိ Touc့ ID ကို ဘယ်သူမှ မချိုးဖောက်နိုင်သေးပါဘူး။ နောက်ပြီး HTC ရဲ့ အရွယ်အစားအကြီးဆုံး စမတ်ဖုန်းလို့ပြောနိုင်တဲ့ HTC One Max မှာလည်း သီးသန့်လုံခြုံရေး အစီအမံအဖြစ် FingerPrint Sensor ပါဝင်လာခဲ့ပါတယ်။ Samsung ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်တဲ့ Galaxy S5 မှာလည်း FingerPrint sensor ပါဝင်လာခဲ့ပြီး ကိုယ်ပိုင် ပရိသတ်တွေကို အခိုင်အမာ ဆက်လက်ဆွဲဆောင်နိုင်စေခဲ့ပါတယ်။
iPhone ရဲ့ Fingerprint စနစ်ကတော့ တစ်နှစ်နီးပါး အသုံးပြုခဲ့ပေးမယ့် ကောင်းမွန်ဆဲဖြစ်ပြီး ဖုန်းကို unlock ပြုလုပ်ဖို့အတွက် လက်ချောင်း ငါး ချောင်းအထိ မှတ်သား အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Home ပေါ်ကို အသာလေး ဖိလိုက်တာနဲ့ ထည့်သွင်းထားတဲ့ လက်ဗွေရာကို မှတ်သားသိရှိနိုင်မှာဖြစ်ပါတယ်။ လက် အနေအထားအရ အပေါ်ဘက်၊ အောက်ဘက် ဘယ်လိုအနေအထားမဆို အလုပ်လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လက်မှာ ရေစိုနေတဲ့အခါ၊ ချော နေတဲ့အခါ ဒါမှမဟုတ် ညစ်ပတ်ပေရေနေတဲ့အခါမျိုးမှာတော့ လက်ဗွေရာကို သိရှိနိုင်မှာမဟုတ်ဘဲ မူလအစ အသုံးပြုခဲ့တဲ့ passcode တွေဆီကို ပြန်သွားရမှာဖြစ်ပါတယ်။
Samsung ရဲ့ FingerPrint စနစ် ကတော့ လက်ချောင်း ၃ ချောင်းအထိ မှတ်သားနိုင်ပြီး home button ပေါ်ကို အပေါ်အောက် ဖိဆွဲပေးလိုက်ကာ unlock ပြုလုပ်နိုင်ပါလိမ့်မယ်။ ဒီ FingerPrint စနစ်နဲ့ပဲ PayPal app ကိုအသုံးပြုနိုင်သလို private mode ကို ၀င်တဲ့အခါမှာလည်း အသုံးပြုနိုင်စေပါတယ်။ ဒီအချက်က ကိုယ့်ရဲ့ အရေးကြီးအချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့ အခြားအချက်အလက်တွေကို ကိုယ်ကလွဲပြီး အခြားသူတွေ မမြင်တွေ့နိုင်အောင် ဖုံးကွယ်ထားနိုင်ပါလိမ့်မယ်။
HTC One Max ရဲ့ Sensor ကတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာ ပါဝင်လာတာဖြစ်ပြီး တစ်ခါတစ်ရံ မှတ်သား ထားတဲ့ လက်ဗွေရာကို ရုတ်တရက် မမှတ်မိတာမျိုး ဖြစ်ပေါ်တတ်ပါတယ်။ နှစ်သက်စရာကောင်းတဲ့အချက်ကတော့ မှတ်သားထားတဲ့ လက်ချောင်းပေါ်မူတည်ပြီး ကြိုတင် သတ်မှတ်ထားတဲ့ App တွေကို ဖွင့်ပေးနိုင်တဲ့အချက်ဖြစ်ပါတယ်။ ဒီ Sensor စနစ်ကို One Max မှာသာ မြင်တွေ့ရမှာဖြစ်ပြီး နောက်ဆုံးထွက်ပေါ်လာတဲ့ HTC One M8 မှာတော့ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။
လုံခြုံရေးစနစ် ကျွမ်းကျင်သူအများစုကလည်း FingerPrint sensor တွေဟာ ပြည့်စုံတဲ့ လုံခြုံရေးစနစ်မဟုတ် သေးဘူးလို့ တစ်ညီတစ်ညွတ်တည်း သဘောတူထားကြပြီး ယနေ့အချိန်အထိ passcode တွေ password တွေကို အစားမထိုးနိုင်ကြသေးပါဘူး။ ဒါပေမဲ့ FingerPrint စနစ်တွေဟာ အပြည့်အ၀ မလုံခြုံသေးတာ မှန်ပေမယ့် ပျင်းရိညည်းငွေ့စရာကောင်းတဲ့ စကားဝှက်တွေ၊ နံပါတ်တွေ ရိုက်ထည့်ရတာကိုတော့ ကျော်လွှား နိုင်ခဲ့ပြီးဖြစ်ပါတယ်။ passcode စနစ်ကို အရံအဖြစ်သာ ထားရှိကြပေမယ့် ခန့်မှန်းရလွယ်ကူတာမျိုး တော့ မပေးသင့်သေးပါဘူး။
Pattern :
=======

Android ဖုန်းအသုံးပြုတွေအတွက်ကတော့ passcode ကို အသုံးပြုတဲ့သူ အတော်နည်းလိမ့်မယ်ဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံရေးစနစ်အဖြစ် ထည့်သွင်းတော့မယ် တစ်နည်းအားဖြင့် ဖုန်းကို lock ချထားချင်တယ်ဆိုရင် အလွယ်တကူနဲ့ လူသုံးအများဆုံးနည်းလမ်းဖြစ်တဲ့ Pattern နဲ့ Lock ပြုလုပ်ခြင်းကိုသာ ရွေးချယ်အသုံးပြုကြပါတယ်။ ဒီနည်းလမ်းဟာ Pattern ရှုပ်ထွေးရင် ရှုပ်ထွေးသလောက် လုံခြုံတာ မှန်ပေမယ့် unlock ပြုလုပ်တဲ့အချိန်မှာ ထည့်သွင်းထားတဲ့ Pattern ကို ဘေးမှာရှိနေတဲ့ လူတစ်ဦးတစ်ယောက်က တွေ့မြင်နိုင်သလို၊ pattern ကို invisible ပြုလုပ်ထားရင်လည်း ဖုန်းရဲ့ မျက်နှာပြင်ပေါ်မှာ ထင်ကျန်ခဲ့တဲ့ လက်ရာတွေကနေလည်း ခန့်မှန်း သိရှိနိုင်ပါလိမ့်မယ်။ ဒီနည်းလမ်း ဟာလည်း Android စနစ် အခြေပြုတဲ့ ဖုန်းတိုင်းလိုလိုမှာ အသုံးပြုနိုင်ပြီး ရှည်လျားတဲ့ Password တွေကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
KNOCK, KNOCK :
===============
http://www.soyacincau.com/wp-content/uploads/2014/02/140221-lg-g-pro-2-knockcode.jpg
ဒီလုံခြုံရေးစနစ်ကတော့ LG ရဲ့ နောက်ဆုံးထွက်ဖုန်းဖြစ်တဲ့ G3 မှာ တွေ့မြင်ရမှာဖြစ်ပြီး LG ရဲ့ အခြား model အချို့မှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့အလုပ်လုပ်ပုံကတော့ ဖုန်းရဲ့ မျက်နှာပြင်ပေါ်မှာ လေးထောင့် ကွက်ကလေး သဏ္ဍာန် သတ်မှတ်ကာ အဲဒီလေးထောင့်ကွက်ကို အပိုင်း ၄ ပိုင်း အညီအမျှ ပိုင်းထားပြီး တစ်ပိုင်းစီ(တစ်ကွက်စီ)ပေါ်ကို Knock လို့ခေါ်တဲ့ တံခါးခေါက်တဲ့ပုံသဏ္ဍာန် မျိုး သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ အကွက်လေးကွက်ရှိတဲ့ နေရာမှာ အနည်းဆုံး အကွက်သုံးကွက် အသုံးပြုရမှာဖြစ်ပြီး တစ်ကွက်စီကို ခေါက်မယ့်(knock) ပြုလုပ်ရမယ့် အကြိမ်အရေအတွက်ဟာ ၂ ကြိမ် ကနေ ၈ ကြိမ်အထိ ထားရှိနိုင်မှာဖြစ်ပါ တယ်။ အဲဒီ knock ပြုလုပ်ကာ အသုံးပြုရမယ့် လေးထောင့်ကွက်ရဲ့ နေရာကို အပေါ် အောက်၊ ဘယ် ညာ အစရှိသည်ဖြင့် ကိုယ်အစဉ်ပြေတဲ့နေရာမှာ ထားရှိနိုင်မှာဖြစ်ပါတယ်။ ဒီ လုံခြုံရေးစနစ်ကိုတော့ ဘေးကနေ ကြည့်ပြီး မခန့်မှန်းသလို မျက်နှာပြင်မှာ ကျန်ခဲ့နိုင်တဲ့ လက်ရာတွေကနေလည်း ခန့်မှန်းနိုင်မှာမဟုတ်ပါဘူး။ LG က ဒီစနစ်ကို ရှုပ်ထွေးမှုရှိပြီး အလွယ်တကူကျော်လွှားလို့မရနိုင်တဲ့ အတွက် Knock Code လို့တောင် နာမည် ပေးထားပါသေးတယ်။တစ်စုံတစ်ယောက်က ၆ ကြိမ် နဲ့အထက် မှားယွင်းပြီး Knock မိမှသာ passcode ဒါမှမဟုတ် Google account ကို sign in ပြုလုပ်ကာ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဘာပဲပြောပြော LG ရဲ့ Knock Code ဟာ Android OS ရဲ့ built-in လုံခြုံရေးစနစ်တွေအပြင်၊ Fingerprint စနစ်နဲ့ပါ ကွဲပြားအောင် စွမ်းဆောင်နိုင်တာကြောင့် တခြားစမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ Knock Code လိုမျိုး ကိုယ်ပိုင် သီးသန့် လုံခြုံရေးစနစ် တစ်ခုခုကို မဖြစ်မနေထည့်သွင်းဖို့ လိုအပ်လာခဲ့ပြီဖြစ်ပါတယ်။

(TechSpace ဂျာနယ်ထံမှပြန်လည်ဖော်ပြပါသည်)