Monday, July 14, 2014

ဦးစိုးထွန်းရှိန် နဲ့ သရုပ်ဆောင် ချမ်းမီမီကို တို့၏ မင်္ဂလာဧည့်ခံပွဲ







ဦးစိုးထွန်းရှိန် နဲ့ သရုပ်ဆောင်ချမ်းမီမီကို တို့၏မင်္ဂလာဧည့်ခံပွဲကို ဇွန်လ ၉ရက်နေ့ ညနေ ၆နာရီတွင် ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့ပါတယ်။

ဇွန်လ ၉ရက်နေ့က ချမ်းမီမီကိုရဲ့ ၂၂ နှစ်ပြည့်မွေးနေ့ဖြစ်တာကြောင့် မွေးနေ့ကိတ်လဲ ခွဲခဲ့ကြပါတယ်။ ဦးစိုးထွန်းရှိန် နဲ့ သရုပ်ဆောင်ချမ်းမီမီကို တို့က လကမ္ဘာကို ဟန်းနီးမွန်းထွက်မယ်လို့လဲ သိရပါတယ်။

လကမ္ဘာကို ပျားရည်ဆမ်းခရီးထွက်မည်ဟု သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်း ဦးစိုးထွန်းရှိန် ပြော

အသက် ၂၂ နှစ်ရှိ သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်းဖြစ်သူ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သည့် အသက် ၄၅ နှစ်ရှိ ဦးစိုးထွန်းရှိန်က ၎င်းတို့၏ မင်္ဂလာပျားရည်ဆမ်းအဖြစ် လကမ္ဘာကိုသွားရောက်မည်ဟု ဇွန်လ ၉ ရက် ညနေ ၆ နာရီတွင် Sule Shangrila ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ၎င်းတို့၏ မင်္ဂလာဧည့်ခံပွဲနှင့် ညစာစားပွဲတွင် မီဒီယာများကို ပြောကြားလိုက်သည်။

“ကျွန်တော်တို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်ကတော့ တစ်ယောက်ကို ဒေါ်လာ ၁၅ သန်း အကုန်ခံပြီး လကမ္ဘာကို သွားမယ်။ သွားချင်တာ မဟုတ်ဘူး၊ သွားကိုသွားမှာပါ” ဟု ၎င်းက ပြောသည်။ ၎င်းတို့ ဇနီးမောင်နှံသည် လကမ္ဘာကို သွားရောက်မည်ဆိုပါက မြန်မာနိုင်ငံတွင် ပထမဆုံးခရီးသည ဖြစ်လာမည် ဖြစ်သည်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အတွင်း မိုးထိမိုးမိဒေသရှိ ရွှေလုပ်ကွက်များကို လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ယင်းကုမ္ပဏီသည် ရွှေလုပ်ကွက်များ လုပ်ကိုင် ခွင့်နှင့်ပတ်သက်ပြီး လုပ်သားများ၏ ဆန္ဒပြခြင်းများကိုခံခဲ့ရသည့် ကုမ္ပဏီဖြစ်သည်။
၎င်းတို့ဇနီးမောင်နှံသည် လကမ္ဘာကို သွားရောက်မည်ဆိုပါက ဒေါ်လာ ၁၅ သန်း (မြန်မာကျပ်ငွေ ၁၅ ဘီ လီယံခန့်) ကုန်ကျမည် ဖြစ်သည်။ဇွန်လ ၉ ရက်သည် သရုပ်ဆောင် ချမ်းမီမီကို၏ ၂၂ နှစ်ပြည့်မွေးနေ့ဖြစ် သည့်အတွက် ယင်းနေ့တွင် မင်္ဂလာပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ သရုပ်ဆောင် ချမ်းမီမီကို နှင့် ဦးစိုးထွန်း ရှိန်တို့၏ ချစ်သူသက်တမ်း သုံးနှစ်ခွဲတွင် မင်္ဂလာဆောင်ခဲ့ခြင်း ဖြစ်သည်။
“သူတို့က ပျားရည်ဆမ်းခရီးအနေနဲ့ လကမ္ဘာကိုသွားမယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ တိတိကျကျပြောလို့ မရသေးပါဘူး။ ဂျပန်နိုင်ငံကို သူတို့အရင်သွားမယ်။ ပြီးရင် ဘန်ကောက်၊ လန်ဒန်၊ သြစတြေးလျ၊ အမေရိ ကန်နဲ့ ရုရှနိုင်ငံတွေကို သွားမယ်။ (လကမ္ဘာ)ကိုသွားရင် အစားအသောက်ပိုင်းတွေ၊ စာရင်းသွင်းရတာတွေ ကအစ တန်းစီပြီး စောင့်ရပါတယ်” ဟု ယင်းမင်္ဂလာပွဲ၏ wedding planner အဖြစ် ဆောင်ရွက်ခဲ့သည့် နဒီစိုးက ပြောသည်။
၎င်းတို့စုံတွဲသည် လကမ္ဘာပျားရည်ဆမ်းခရီးတွင် ကုန်ကျမည့် ကုန်ကျစရိတ်သည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၅ သန်း (မြန်မာကျပ်ငွေ ၂၅ ဘီလီယံ) ကုန်ကျမည် ဖြစ်သည်။ လက်ရှိအချိန်အထိ အာကာသ ခရီးသည် ကိုးဦးရှိပြီး ပထမဆုံးခရီးသည်သည် အမေရိကန်နိုင်ငံသား ဒန်းနစ်တီတို (Dennis Tito) ဆိုသူ ဖြစ်သည်။ ၎င်းသည် ၂၀၁၁ ခုနှစ် ဧပြီ ၂၈ ရက်မှ မေလ ၆ ရက်အထိ ရှစ်ရက်ကြာ သွားရောက်လည်ပတ် ခဲ့ပြီး အမေရိကန် ဒေါ်လာသန်း ၂၀ ကုန်ကျခဲ့သည်။
နောက်ဆုံးခရီးသည်ဖြစ်သည့် ကနေဒါနိုင်ငံသား ဂီလာလီဗယ်တေ (Guy Lali-berte) ဖြစ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ၁၁ ရက်ကြာသွားရောက်ခဲ့ပြီး အမေရိကန် ဒေါ် လာ သန်း ၄၀ ကုန်ကျခဲ့သည်။
၁၀ ရက်မှ ရက်ပေါင်း ၆၀ ကြာ အာကာသခရီးစဉ်တစ်ခုအတွက် လက်ရှိ ပေါက်ဈေးမှာ ကန်ဒေါ်လာ ၂၆ ဒသမ ၂၅ သန်းမှ ၃၆ ဒသမ ၇၅ သန်း ကုန်ကျလိမ့် မည်ဟု အမေရိကန်နိုင်ငံ လားစ်ဗီးဂပ်စ် အခြေစိုက် Bigelow Aerospace ကုမ္ပဏီ၏ တရားဝင်သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ယင်းခရီးစဉ်များကို ရုရှပြည်ထောင်စု အာကာသအေဂျင်စီ(Roscosmos)၊ ရုရှ အခြေစိုက် အာကာသယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ရေးကုမ္ပဏီ RSC Energia နှင့် Space Adventures ကုမ္ပဏီတို့က စီစဉ်ခဲ့ခြင်း ဖြစ်သည်။ အာကာသအတွင်းသို့ ခရီးသည်များပို့ဆောင်ပေးခြင်းလုပ်ငန်းကို ရပ်တန့်လိုက်ပြီဟု ၂၀၁၀ပြည့် နှစ် မတ်လ အစောပိုင်းတွင် ကြေညာခဲ့သည်ဟု ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြထားသည်။
အာကာသခရီးစဉ်များကို ၂၀၁၃ ခုနှစ်တွင် ပြန်လည်စတင်မည်ဟု ရုရှနိုင်ငံမှ ကြေညာခဲ့သော်လည်း ယနေ့ အချိန်အထိ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘဲ ၂၀၁၅ ခုနှစ်တွင်မှ စတင်နိုင်မည်ဟု ခန့် မှန်းထားသည်။ ယင်းခရီးစဉ်ကို သွားရောက်မည်ဆိုပါက ခြောက်လကြာ လေ့ကျင့်မှုသင်တန်းကို တက် ရောက်ရမည်ဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်ကိစ္စများကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။

Developer 1 ယောက်ဖြစ်ချင်သလား

သင်တို့ Developer အမြန်ဆုံးဖြစ်ချင်ပါသလားးး

Google အသိအမှတ်ပြု Developer ဖြစ်ခွင့်လူတိုင်းမှာရှိနေပါပြီ

အရမ်းကိုလွယ်ကူပါတယ်..

ကြိုးစားအားထုတ်ဖို့လဲလိုအပ်ပါတယ်....

မဆုတ်မနှစ်ကြိုးစားရင်ရနိုင်ပါတယ်..
...
ဒီခရီးက ကြမ်းတမ်းရင် ကြမ်းတမ်းမယ်

ခက်ခဲရင်ခက်ခဲမယ် ဒါပေမဲ့ ဖြစ်နိုင်ပါတယ်..

ပထမဆုံးလိုအပ်တာကတော့ သင့်မှာ ငွေ၅သိန်းဝန်းကျင်ရှိရပါမယ်။
ပြီးသွား၇င်တော့ နီးစပ်ရာဖုန်းဆိုင်မှာ

Samsung galaxy note-3 1လုံးဝယ်လိုက်ပါ
ကဲရင်ခုန်စရာအချိန်တွေရောက်လာပါပြီ

သင်တို့ Developer ဖြစ်ပါတော့မယ်....

About ဖုန်းထဲ ၀င်လိုက်ပါ

Build Number ကို ခုနှစ်ချက်လောက်ခပ်ပြင်းပြင်းနှိပ်ပြီး

စိုက်ကြည့်နေလိုက်ပါ

ကဲပြီးသွားရင်တော့ Google က ပြောပါပြီ

Your Are Developer !

ကဲသင့်တို့ဖြစ်ချင်တဲ့ Developer ဖြစ်နိုင်ပါပြီ။

Funny ! !
post by --tintunoo

မိမိ android ဖုန်းမှာ 41401 လို့ ပေါ်နေတဲ့ အခါ မကြိုက်တတ်တဲ့ အခါ ဖျက်လို့လဲ ရပါတယ် နံမည် ပြန်ပြောင်းလို့ ရပါတယ

မိမိ android ဖုန်းမှာ 41401 လို့ ပေါ်နေတဲ့ အခါ မကြိုက်တတ်တဲ့ အခါ ဖျက်လို့လဲ ရပါတယ် နံမည် ပြန်ပြောင်းလို့ ရပါတယ် ကိုယ့်စိတ်ကြိုက်ကလိလို့ မကြိုက်ရင်လည်း
အရင်ဟာ ပြန်ထားလို့ ရပါတယ် ခင်ဗျာ လိုအပ်တာလေးတွေ အရင် ဒေါင်းထားလိုက်ပါ
http://www.mediafire.com/download/guf3t6mis2nk7au/Carrier+Name_1.2.apk

http://www.4shared.com/file/UfAVERHS/

ပြီးရင် လုပ်ငန်းစပါတော့မယ် မိမိဖုန်းကိုတော့ အမြစ်တူးထားဖို့ လိုမယ်နော...
နံပတ်(၁) အဲဒီကောင်တွေကို မိမိဖုန်းမှာ install လုပ်ပေးပါ
နံပတ် (၂) ပြီးရင် Carrier Name ကိုဖွင့်လိုက်ပါ premisson တောင်းရင် allow ကို နှိပ်ပေးပါ တရုတ်စာလေး တက်လာပါကလည်း ညာဘက်က ဟာလေးကို နှိပ်ပေးလိုက်ပါ ပြီးရင်အဲဒီထဲက New Operator name ကို ဖျက်ပြီးတော့ အင်္ဂလိပ် စလုံး ကြိုက်နှစ်သက်ရာ အမည်ပေးပါ
ကျွန်တော်ကတော့ mpt လို့ ပြောင်းလိုက်ပါတယ် ဒါကလည်း MPT စာသားလေးကို
ပြောင်းလိုက်တာပါ ပြီးမှ ပြန်ပြောင်းလို့ ရပါတယ် ခင်ဗျာ
ပြီးရင် 0k ကိုနှိပ်ပါ ပြီးရင် အောက်ညာဘက်နားလေးက Reboot ကို နှိပ်ပေးလိုက်ပါ
နံပတ် (၃) ဖုန်း ပြန်တက်လာရင် rootexploer လေးကို ဖွင့်လိုက်ပါ ပြီးရင် system/etc/ သွားလိုက်ပါ အဲဒီထဲမှာ ဒီဖိုင် သုံးဖိုင် ရောက်နေပါလိမ့်မည်
spn-conf.xml.BACKUP/spn-conf.xml/spn-conf.xml ရှိနေပါလိမ့်မည်
spn-conf.xml ဖိုင်လေးကို လက်လေးနဲ့ ဖိထားလိုက်ပါ Options တက်လာပါလိမ့်မယ်
အဲဒီထဲက Open in Text Editor ကို ဖွင့်ပြီးတော့ ပြင်လို့ရပါပြီ 41401 လဲ ပြင်လို့ရတယ် mpt စာလေးကို မကြိုက်ရင်လည်း မြန်မာလို ပြင်လို့ရပါတယ် ပြီးရင် save & exit ကို နှိပ်ပြီး reboot ချပေးလိုက်ပါ ပြန်တက်လာရင် အဆင်ပြေပါပြီ ခင်ဗျာ
ထက်ပြီးတော့ လေ့လာပါအုန်းမည်

samsung ace 3 version 4.2 ကို root

ဒါမတင်ခင်ကျွန်တော့်ရဲ့အဖျက်သမားလေး KO SI Thu

ကို Credit ပေးပါတယ် … သူ့အပြင် Credit ပေးရမဲ့သူက GOOGLE SEARCH ENGINE ကိုပါ ...

လိုအပ်တဲ့ File လေးတွေကို Download အရင်ဆွဲလိုက်ပါ..

Please Download reQ File

လိုတာတွေဆွဲပီးရင်တော့စမယ်ဗျာ …

Phone ကို power ပိတ်ပါ..Battery ဖြုတ်ပါ.. ငါးစက္ကန့် လောက်နေပြီး Battery ပြန်တပ်ပါ..

Vol down + Home + Power ကိုတွဲနှိပ်ပါ..Warning ဆိုတဲ့စာတန်းတွေပေါ်လာရင် Vol up ကို

တစ်ချက်နှိပ်ပေးလိုက်ရင် Download Mode ထဲဝင်သွားမှာပါ..

Download ဆွဲထားတဲ့ File တွေထဲက Odin ကိုဖွင့်ပါ..

PDA အကွက်မှာ Nrecovery.tar ဆိုတဲ့ File လေးကိုထည့်ပေးပါ..

Download Mode ၀င်ထားတဲ့ Phone ကို Computer မှာ Join လိုက်ပါ..

Odin ကနေ ဖုန်းကိုသိသွားတာနဲ့  Odin မှာ Start ကိုနှိပ်လိုက်တာနဲ့  Recovery တင်နေမှာပါ..

ခဏစောင့်ပြီး ဖုန်း Reboot ကျပြီး Firmware ပြန်တက်လာရင် Custom Recovery တင်ပြီးပါပြီ..

ပြီးရင် Sd card ထဲကို UPDATE-SuperSU-v1.41.zip ဆိုတဲ့ File လေးထည့်ပါ..ဖုန်းကိုပြန်ပိတ်ပါ..

Recovery Mode ၀င်ပါမယ်.. Vol up + Home + Power ကိုစုံဖိထားပါ..

Logo ပေါ်လာရင် အကုန်လွှတ်လိုက်ပါ..Recovery Mode ၀င်သွားပါမယ်..

Install Zip ထဲက Choose for sd card ကိုရွေးပြီး UPDATE-SuperSU-v1.41.zip ဆိုတဲ့ File လေးကို

Install လုပ်ပေးလိုက်ရင် Phone ကို Power ပိတ်ပြီး ပြန်ဖွင့်လိုက်ရင် Super su လေးနဲ့  Root ပေါက်ပါပြီ..

(မှတ်ချက် – Download ဆွဲခိုင်းတဲ့ File ထဲမှာ Nrecovery နဲ့  Trecovery ဆိုပြီး recovery နှစ်ခုပါပါတယ်..

ကျွန်တော့်တုန်းကတော့ Nrecovery နဲ့ အဆင်ပြေသွားပါတယ်. Nrecovery နဲ့ အဆင်မပြေရင် Trecovery နဲ့ 

ပြောင်းတင်ကြည့်ပါ)

ပုံထဲမှာမှာ စူသီ့ခေါင်းပါတယ်နော် …

Thank For your watching my Post !!!

 tintun++++++oo

http://www.myanmarmobilesoftwaredeveloper.com/?p=8423
See More