
မိုဘိုင်းလောကကိုလှုပ်ကိုင်နိုင်တဲ့သတင်း သို့မဟုတ် မျက်နှာပြင်နှစ်ဖက်နဲ့ Yota SmartPhone 2
MWC 2014 ပွဲမှာ စတင်မိတ်ဆက်ပြသပေးမယ့် Yota 2 စမတ်ဖုန်း အကြောင်းကိုစူးစမ်းရအောင်နော်
LCD Display မျက်နှာ ပြင်နှစ်ဖက်ကို အသုံးပြုထား ပြီး တစ်ဖက်က e-ink ရုပ်ထွက်ကို အသုံးပြုထားတဲ့
Yota Smart Phone ကို ၂၀၁၃ ခုနှစ် CES ပွဲမှာ မိတ်ဆက်ပြသပေးခဲ့ပါတယ် ။
အခုထွက်ရှိလာမယ့် Yota Phone 2 ကို
၂၀၁၅ အစောပိုင်းမှာ စတင်ထုတ်လုပ်နိုင်ဖွယ်ရှိပြီး Yota 1 ထက်သာလွန်တဲ့ Specification နဲ့ ထွက်ရှိလာမှာပါ။
အသစ်ထွက်လာမယ့် Yota 2 မှာတော့
ပင်မ မျက်နှာပြင်ကို 1080p ရုပ်ထွက်နဲ့ ပြသပေးနိုင်မယ့် ၅လက်မ AMOLED Display ကိုတပ်ဆင်ပေးထားကာ e-ink လို့ခေါ်ဆိုတဲ့
နောက်ကျောဖက် မျက်နှာပြင်မှာတော့ ၄.၇ လက်မကိုဘဲတပ်ဆင်ပေးထားပြီး အဖြူ အမဲ ဖြင့်သာဖော်ပြပေးမှာပါ ။ အဆိုပါ မျက်နှာပြင်ဟာ ယခင်
ပထမမျိုးဆက် ထက်များစွာသာလွန်နေပါတယ် ။
ပထမမျိုးဆက်မှာတော့ Dual-core S4 Pro CPU ကိုသာ အသုံးပြုထားပြီး ယခုမျိုးဆက်မှာတော့
2.3 GHZ ထုတ်လုပါပေးနိုင်မယ့် quad-core Qualcomm Snapdragon 800 ကို အသုံးပြု ပေးထားတာကြောင့် သုံးစွဲရတာပေါ့ပါစေမှာပါ။
RAM ကို တော့ 2 GB ထိထည့်သွင်းပေးထားတာကြောင့် စက်ကို လေးလံ စေတာမျိုးမဖြစ်တော့ပါဘူး ။ နောက်ကျောဖက် ကို
8 MP အရည်အသွေးရှိတဲ့ ကင်မရာတပ်ဆင်ပေးထားပြီး LED Flash ကိုလည်း အထောက်အပံ့ ပေးထားမှာပါ ။
ရှေ့ဘက် ကင်မရာကိုတော့ 2MP သာတပ်ဆင်ပေးထားမှာဖြစ်ပြီး ဖုန်းတွင်းသိုလှောင်မှုကိုတော့ 32GB တစ်မျိုးတည်းသာရရှိနိုင်မှာပါ။
Battery ကိုတော့ 2500 mAh ကိုသာတပ်ဆင်ပေးမှာဖြစ်ပြီး
NFC , Wireless Charging စနစ်တို့ကိုလည်းထောက်ပံ့ပေးထားပြီး
LTE Network ကိုလည်း အသုံးပြုနိုင်မှာပါ ။ ဖုန်းကိုတော့ Android version 4.4 KitKat ကို ထည့်သွင်းလည်ပတ်စေမှာပါ ။
Company မှ ကျန်းမာရေး အထောက်အကူပြု ဆော့ဝဲတွေကို ထည့်သွင်းပေးထားပြီး
ယခင်မျိုးဆက်ထက်ပိုမိုကောင်းမွန်စေရန်လည်း
ကတိပေးထားပါတယ်။ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို နောက်ကျောဖက် e-ink မျက်နှာပြင်မှ အသိပေးဖော်ပြပေးမှာဖြစ်ပြီး
Power Saving Mode ကိုဖွင့်လိုက်လျှင် AMOLED Display ကို e-ink မျက်နှာပြင်သို့ပြောင်းလဲ ကာ စွမ်းအင်သုံးစွဲမှုကို ချွေတာနိုင်မှာပါ။
e-ink display မှာ သီးသန့် အသုံးပြု နိုင်မယ့်
စိတ်ဝင်စားဖွယ် Application များကိုလည်း ပြုလုပ်ကာထည့်သွင်းပေးမှာဖြစ်ပါတယ် ။
အဆိုပါ ထူးခြားချက်တွေနဲ့ ပြည့်နှက်နေတဲ့ Yota 2 ကို ရုရှား ၊ ဥရောပ နဲ့ အရှေ့အလယ်ပိုင်းဒေသတွေကို စတင်ဖြန့်ချီပေးမှာဖြစ်ပြီး
US နဲ့ China ကိုတော့ ၂၀၁၄ အကုန် ၂၀၁၅ လောက်မှ ဖြန့်ချီပေးနိုင်မှာဖြစ်ပါတယ်။
ဈေးနှုန်းကတော့ $ 500 နဲ့ $550 ကြားဟု
ခန့်မှန်းပြောဆိုထားပြီး မျက်နှာပြင် နှစ်ဖက်နဲ့ ပြိုင်ဖက်တွေကို ဘယ်လို အနိုင်ယူမလဲ ဆိုတာကို စောင့်မျှော်ရအုံးမှာ ဖြစ်ပါတယ်…………