Thursday, July 24, 2014

ကသိကအောက်ဆန်သော မေးခွန်းနှင့် ဘုကလန့်အဖြေ (ဟာသ)


၁။ ရုပ်ရှင်ရုံတွင် -

အတန်းစီနေချိန် “သယ်ရင်း. မင်းဘာလုပ်နေလဲ” ဟု အမေးခံရသောအခါ အကောင်းဆုံးအဖြေ – “အေး လက်မှတ် တစ်စောင်နဲ့ သိန်းတစ်ထောင် အလကား ပေးတယ်ဆိုလို့ တန်းစီနေတာလေ”

၂။ ဘတ်စ်ကားပေါ်တွင် -

အမျိုးသမီးတစ်ဦးက ဒေါက်ဖိနပ်ချွန်ဖြင့် တက်နင်းပြီး “ဆောရီးနော်. နာသွားလာဟင်” ဟု မေးသော အခါ အကောင်းဆုံး အဖြေ – ” ဟင့်အင်း. ခြေထောက်က သံနဲ့ လုပ်ထားတာ။ မာနေတာပဲ။ နောက်တစ်ခေါက် ထက်နင်းပါအုံး”

၃။ ည သန်းခေါင် အိပ်ကောင်းနေချိန်တွင် -

သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီး “ဆောရီး..။ အိပ်ပျော်နေတာလား” ဟု မေးသောအခါ အကောင်းဆုံး အဖြေ “ဟင့်အင်း ငါးလေးတွေ ဘယ်အချိန်အိပ်တတ်လည်း သိချင်လို့ မအိပ်ပဲ Research လုပ်နေတာ”

၎။ ဆံပင် အတိုညပ် ထားသော အခါ -

သူငယ်ချင်းက ” သယ်ရင်း မင်းဆံပင်ညှပ်ထားတာလား” ဟု လာမေးလျှင် အကောင်းဆုံး အဖြေ ” ဟင့်အင်း၊ ဆံပင်တွေ နွေဦးရောက်လို့ သူ့ပါသူ ကြွေကုန်တာ”

၅။ အိမ်ကြိုးဖုန်းတွင် -

သူငယ်ချင်းက “သယ်ရင်း မင်းဘယ်တွေရောက်နေလဲ” ဟု မေးသော အခါ အကောင်းဆုံး အဖြေက “အေး၊ ငါ့အိမ်ဖုန်းကို လည်ပင်းမှာဆွဲပြီး စူပါမားကတ် လျှောက်သွားနေတယ်”

၆။ ကားရေဆေးနေသော အခါ -

အိမ်နီးချင်းမိတ်ဆွေက “မိတ်ဆွေ ကားရေဆေးနေတာလား” ဟုမေးသော အခါ အကောင်းဆုံး အဖြေ – “ဟင့်အင်း ကားကို ရေလောင်းပေးတော့ ဘော်ဒီများ ပိုကြီးလာမလားလို့ပါ

၇။ အိမ်တွင် တီဗီ ကြည့်နေစဉ် -

သူငယ်ချင်းက ရောက်လာပြီး “မင်း တီဗီကြည့်နေတာလား” ဟုမေးသော အခါ အကောင်းဆုံး အဖြေ “ဟင့်အင်း တီဗီထဲကနေ လူတွေ အပြင်ထွက်လာ မလားလို့ စောင့်ကြည့်နေတာ”

အစရှိသဖြင့် မဆီလျော်သော မေးခွန်းနှင့် မဆီလျော်သော အဖြေများစွာ …

” မစွပ်စွဲပါဘူး..” (ဟာသ)


ကိုမိုးကြီးက ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ နယ်ဘက်မှာ တံတားဆောက်ဖို့ တာဝန်ကျတယ်။

သူ့မိန်းမက ကျောင်းဆရာမ၊ မြို့ပေါ်မှာ တာဝန်ကျတယ်။
ဒီတော့ မိန်းမလုပ်သူက ယောက်ျားတာဝန်ကျရာကို လိုက်နေလို့ မရဘူး။
သီတင်းကျွတ်မှာ ကျောင်းက တပတ်ပိတ်တော့ ကိုမိုးကြီးရှိရာကို သူ့မိန်းမ လိုက်လာတယ်။

ကျန်တာက ပြသနာမရှိပေမယ့် အိမ်ဖော်ကောင်မလေး ခေါ်ထားတာက ပြသနာဖြစ်နေတယ်။

‘ရှင့် အိမ်ဖော်ကလဲ ချောလှချည်လား ကိုမိုးကြီးရဲ့’

‘ချောလား မချောလား မသိပါဘူးကွာ၊ အဝတ်လျှော် ထမင်းချက်တတ်ရင် ပြီးတာဘဲ ဆိုပြီး ခေါ်ထားလိုက်တာပါ’

‘ရှင်နဲ့ရော ကင်းရှင်းရဲ့လား’

‘ရှင်းပါ့’

‘တအိမ်လုံးမှာ ရှင်တို့နှစ်ယောက်ထဲ ဆိုတော့’

‘ဘာဆိုင်လဲကွာ၊ ညမိုးချုပ်တာနဲ့ သူ့အခန်းသူအိပ်၊ ငါ့အခန်းငါအိပ် သီးခြားဆီပါ’

‘ပြီးတာပါပဲ’

ဒီလိုနဲ့ ကျောင်း ပြန်ဖွင့်တော့ သူ့မိန်းမလည်း ပြန်သွားတယ်။
နှစ်ရက်၊ သုံးရက်နေတော့ အိမ်ဖော်လေးက သတင်းပို့တယ်။
ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေတယ်တဲ့။
ဆရာမ ပြန်သွားကတည်းက ပျောက်တာ၊ မှားများပါသွားလေသလား မေးကြည့်ပါအုံး ဆိုတော့….
ကိုမိုးကြီးလည်း သူ့မိန်းမဆီ စာရေးပြီး မေးရတာပေါ့… …

‘မိန်းမရေ…
မင်းယူတယ်လို့ မစွပ်စွဲပါဘူး
မင်းပြန်သွားကတည်းက ဒယ်အိုးကြီး ပျောက်နေလို့’

သူ့မိန်းမဆီက စာပြန်လာတယ်… …

‘ယောက်ျားရေ…
ရှင်တို့ အတူအိပ်တယ်လို့ မစွပ်စွဲပါဘူး
သူသာ သူ့အိပ်ယာမှာ သူအိပ်ရင် ဒယ်အိုးကို ပြန်တွေ့တာ ကြာပြီ၊
ဒယ်အိုးက သူ့ခေါင်းအုံးအောက်မှာ’

အွန်

ဒီ1ခါပျင်းနေမှာစိုးလို့ ဟာသလေးတွေဖတ+်လိုက်ရအောင်


သူငယ်ချင်းနှစ်ဦး မူးပြီးပြန်လာကြသည်။

အိမ်ပြန်ရောက်အောက် မပြန်နိုင်ဖူးဟု ယူဆကြသဖြင့် တည်းခိုခန်းတစ်ခန်းတွင်ဝင်အိပ်ကြသည်။

အခန်းထဲရောက်တော့ မူးမူးနှင့်မီးခလုပ်လိုက်စမ်းကြသည်။ မတွေ့။ သို့နှင့် အမှာင်ထဲမှာပဲ အိပ်ဖို့ပြင်ဆင်ကြသည်။

နှစ်ယောက်သား ခုတင်ပေါ်တက်ကြရင်း တစ်ယောက်ကိုတစ်ယောက် စမ်းမိကြသည်။

" ဟေ့ရောင်သူငယ်ချင်း ငါ့ခုတင်မှာ လူတစ်ယောက်ရှိနေတယ်ကွ ငါ့ကိုလာစမ်းနေတယ် "

"အေး... ငါ့ခုတင်ပေါ်မှာလည်း လူတစ်ယောက်ရှိနေတယ် ဒီကောင်လည်းငါ့ကို လာစမ်းနေတယ.်.မထူးဘူးဟေ့ရောင် ကိုင်ပေါက်ကြရအောင် "

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကိုင်ပေါက်ကြသည်။
တစ်ယောက်ခုတင်ပေါ်တွင် ကျန်၍ တစ်ယောက်ခုတင်အောက်ကျသွားသည်။ 
ခုတင်အောက်က ငမူးက ဤသို့ပြော၏။

"ဟေ့ရောင် သူငယ်ချင်း ငါ့ခုတင်ပေါ်ကကောင်ကို ငါမနိုင်ဘူး ဒီကောင်က ဗလကောင်းတယ်ကွ ငါ့ကိုခုတင်ပေါ်က ပစ်ချတယ် "

ခုတင်ပေါ်ကျန်နေသောငမူးကဤသို့ပြောသည်။

"ငါ့ခုတင်ပေါ်ကကောင်ကိုတော့ ငါကန်ချလိုက်ပြီ
ထူးပါဘူး သူငယ်ချင်းရယ် လာငါနဲ့ပဲ လာအိပ်တော့ "

ချစ်ချစ်ခင်ခင်နှင့်ဖက်အိပ်ကြ လေ၏။
------------------------------------------------------------------------------
---------------------------------------------------------------------------------
--------------------------------------------
 
 
 
ဒါမျိုးလာကျောလို့ကတော့ ဘယ်ရမလဲ -ဟာသ

အမေရိကန်တိုးရစ်တစ်ယောက်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နေရင်း taxi ကားဖြင့် ရန်ကုန်မြို့ကို ပတ်လေသည်။ 

ဒရိုင်ဘာမှာ မြန်မာလူမျိုး ဖြစ်သည်။ သွားရင်းလာရင်းနှင့်  ဘုရင့်နောင် ဂုံးကျော်တံတားသို့ ရောက်လာသည်။ ထိုအခါ အမေရိကန်ကြီးမှ မေးလိုက်သည်။ 

" ဟေ့....... ဟိုတံတားက ဘာတံတားလဲ...."

" ဘုရင့်နောင်ဂုံးကျော်တံတား လို့ ခေါ်ပါတယ်......"

" တံတားဆောက်တာ ဘယ်လောက်ကြာလဲကွ......"
"၁နှစ်လောက်တော့ကြာ ပါတယ်...."

" ဒါမျိုးတံတားတွေကို ငါတို့ အမေရိကန်မှာ ဆို၇င် ၆လလောက်နဲ့ပြီးတယ်....."

ထို့နောက် ဆက်မောင်းလာရင်း လှည်းတန်း တံတားနား ရောက်လာသည်။ အမေရိကန်တိုးရစ်မှ ထပ်မေးပြန်သည်။

" ဒါကရောဘာတံတားလဲဟ..."
"လှည်းတန်းကုန်းကျော်တံတားလို့ ခေါ်ပါတယ်......"
"ဘယ်လောက်ကြာလဲဆောက်တာ......"

" ၈လလောက်တော့ရှိတယ်...."

" အင်း.... ဒါမျိုးဆိုရင်တော့ ငါတို့ဆီမှာ ၂လလောက်နဲ့ ဆောက်လို့ရတယ်......"

မြန်မာလူမျိုးကားသမားသည် နည်းနည်းတော့ ဒေါသထွက်လာသည်။ ဒီအမေရိကန်တိုးရစ် သက်သက်လာ ကြွားနေတာခံရသည်။ ကားဆက်မောင်းလာရင်းနှင့် ရွှေခုံတိုင်ဂုံးကျော်တံတားပေါ်သို့ ရောက်လာသည်။ အမေရိကန် တိုးရစ်က မေးပြန်သည်။

" ဒီတံတားကရော ဘာတံတားလဲဟင်......"

ကားသမားက ပြန်ဖြေလိုက်သည်မှာ...

" ကျွန်တော်လည်း မသိပါဘူးခင်ဗျာ.......မနက်ကလာတုန်းက ဒီမှာ ဘာမှမရှိသေးဘူး........"

ငင်..!!!

ငှင်းငှင်း...သေတောင်သွားဦး မယ်..

အပါးလွှာဆုံးဖုန်း Huawei Ascend P7 ကျပ်လေးသိန်းနီးပါးဖြင့် ရောင်းမည်


မိုဘိုင်းလ်ဖုန်း ကုမ္ပဏီ Huawei က လက်ရှိ အပါးလွှာဆုံးဖုန်းအဖြစ် သတ်မှတ်ထားခံရသည့် Ascend P7 စမတ်ဖုန်းကို ကျပ်လေးသိန်း နီးပါးဖြင့် ရောင်းချမည် ဖြစ်ကြောင်း Huawei Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Mr. Roson Luo က ပြောကြားသည်။

“P7 ကို ၃၉၉,၀၀၀ ကျပ်နဲ့ ဝယ်လို့ရပါပြီ။ 4G LTE စနစ်သုံးနိုင်တဲ့ ဖုန်းပါ” ဟု ၎င်းကဆိုသည်။

Ascend P7 စမတ်ဖုန်းသည် လက်ရှိတွင် ကမ္ဘာ့အပါးလွှာဆုံး ဖုန်းဖြစ်ပြီး iPhone 5S (၇ ဒသမ ၆ မီလီမီတာ) နှင့် Galaxy S5 (၈ ဒသမ ၁ မီလီမီတာ) တို့ထက် ပိုမိုပါးလွှာကာ ၆ ဒသမ ၅ မီလီမီတာ သာထူကြောင်း Huawei ကုမ္ပဏီထံမှ သိရသည်။

“ဈေးနှုန်းကတော့ လက်ခံနိုင်စရာပါ။ ဒါပေမဲ့ အရင် P6 တုန်းက ရောင်းရပေမယ့် ဘက်ထရီက အရမ်းပူလို့ နောက်ပိုင်း လူတွေက သိပ်သဘော မကျတော့ဘူး။ အခုထွက်တဲ့ Galaxy S5 အပါအဝင် ဖုန်းအမြင့်တွေလည်း ဒီအတိုင်းပဲ။ ဘက်ထရီတွေက တော်တော်ပူတယ်။ P7 လည်းပူရင် လူတွေ သိပ်ကြိုက်ကြမယ် မထင်ဘူး” ဟု မရမ်းကုန်းမြို့နယ်ရှိ Mobile Heart မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်မှ ဦးသီဟကိုက ဆိုသည်။

Huawei စမတ်ဖုန်းများသည် မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် မိုဘိုင်းလ်ဖုန်း အမျိုးအစားဖြစ်ပြီး ဈေးကွက်၏ ၄၅ ရာခိုင်နှုန်းခန့် ရှိကြောင်း ပြည်တွင်း မိုဘိုင်းလ်ဖုန်းဆိုင်ရာ စစ်တမ်းများအရ သိရသည်။

ဦးတေဇပိုင်ဆိုင်သော ဗိုလ်ချိုလမ်းက သရဲခြောက်သည့်အိမ်ကြီး


ရန်ကုန်၊ သရဲခြောက်သည်ဟု နာမည်ကြီးနေသော ဗိုလ်ချိုလမ်းထောင့်ရှိ ရှေးဟောင်းအဆောက်အအုံအား နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းဧည့်သည်များသွားရောက်ကြည့်ရှုသူများပြားနေကြောင်း သိရသည်။


အဆိုပါအိမ်ကြီးသည် နှစ်ပေါင်းတစ်ရာကျော်ကြာမြင့်နေသော ရှေးဟောင်း အိမ်ကြီးဖြစ်ပြီး တစ်အိမ်လုံးကျွန်းသစ်များဖြင့် ဆောက်လုပ်ထားသည်။

”ဒီအိမ်ကြီးကို စိတ်ဝင်စားတဲ့သူတွေ လာကြည့်ကြတယ်။ နိုင်ငံခြား ခရီးသွားတွေရော ပြည်တွင်းကလူတွေပါ တစ်လလေးငါးရှစ်ယောက် လောက် ဝင်ကြည့်ကြတယ်။ အခုက တရားဝင်ကြည့်ခွင့်ပေးထား တာမဟုတ်သေးပါဘူး။ တရားဝင်ခွင့် ပြုမယ်ဆိုရင်တော့ နေ့တိုင်းဝင်နိုင်တယ်။ အိမ်ကြီးကကျွန်း သစ်တွေနဲ့ ဆောက်ထားတယ်။ နှစ်ပေါင်းတစ်ရာ ကျော်ရှိပါပြီ”ဟု ရှေးဟောင်းအိမ်အား စောင့်ရှောက်ပေးသော ဝန်ထမ်းဦး ထွန်းဝင်းက ပြောသည်။

အိမ်ကြီးကိုစိတ်ဝင်စားသူများ သည်အိမ်ကြီးအပြင်မှ ဓာတ်ပုံရိုက် ခြင်း၊ အိမ်ခြံတံခါး အပြင်ဘက်မှအထဲ သို့ကြည့်ရှုလေ့လာခြင်းများပြုလုပ် ကြသည်။

”အိမ်ကြီးက စိတ်ဝင်စားဖို့ ကောင်းတယ်။ အိမ်ထဲလဲ ဝင်ကြည့် ချင်တယ်။ သရဲခြောက်မလားလို့လဲ ကြောက်မိတယ်။ အပြင်ကနေတော့ ခဏခဏဓာတ်ပုံရိုက်ဖူးတယ်”ဟု ရှေး ဟောင်းအဆောက်အအုံများကို စိတ်ဝင်စားသူတစ်ဦးကပြောသည်။

အိမ်ကြီးအားလာရောက်လေ့ လာသူနိုင်ငံခြားသူတစ်ဦး၏ခရီး သွားလမ်းညွှန်တစ်ဦးကလည်း ”သူ က အိမ်ကြီးကိုစိတ်ဝင်စားတယ်ဆိုပြီး ဒီကိုအတင်းလာတာ။ ကိုယ့်ဘာသာ ကိုယ်ဆိုရင်ဝင်ရဲမှာမဟုတ်ဘူး။ သူက တော်တော်လေးသတ္တိရှိတယ်။ သူက စာရေးဆရာမတစ်ဦးပါ”ဟု ပြောသည်။

ရှေးဟောင်းအိမ်ကြီးမှာ ညောင် ပင်များကပ်ပေါက်နေပြီး မှောင်မည်း နေသောကြောင့် သရဲခြောက်သည် ဟုအများက ထင်မြင်နေကြခြင်းဖြစ် ကြောင်း သိရသည်။

”ကျွန်တော်တို့က ညဘက်ဆို မီး သိပ်မထွန်းတော့မှောင်နေပြီး ကြောက် စရာကောင်းနေတာပါ။ မီးတစ်ပွင့်ပဲ ထွန်းထားတယ်။ သရဲကတော့ သိပ်မခြောက်ပါဘူး။ ခြောက်လဲ မကြောက်ပါ ဘူး။ တစ်ခါတလေကိုယ့် နားမှာရိုးတိုး ရိတ်တိတ်လေး ဖျတ်ခနဲ ဖြတ်သွားတာ မျိုးလောက်ပဲကြုံဖူး တယ်”ဟု အိမ်ကြီး တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ယင်းအိမ်ကြီးအားယခင်က သစ်တောဝန်ထောက် ဦးမောင်မောင် မှပိုင်ဆိုင်ခဲ့ပြီး ယခုအခါမြန်မာ့စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦး တေဇပိုင်ဆိုင်သော အိမ်ကြီး ဖြစ်ကြောင်း ဦးထွန်းဝင်းက ပြောသည်။

မြန်မာပြည်ဖွားဘောလိဝုဒ် မင်းသမီး လိုင်လာခမ်း တိုက်ဆိုင်မှုရှိလျှင် ရိုက်ကူးအပြီး အိန္ဒိယ၌ လုပ်ကြံခံရ


တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံမှ ဘောလိဝုဒ်မင်းသမီး လိုင်လာခမ်းသည်၎င်း၏မိသားစုများနှင့် အတူ ၂ဝ၁၁ခုနှစ်တွင်မွမ်ဘိုင်းမြို့အနီး၌ သေနတ်ဖြင့် ပစ်သတ်ခံ ရသည်ဟု www.alibaba.comတွင် ပထွေးဖြစ်သူက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
လိုင်လာခမ်းနှင့် မိသားစုများသည် ၂ဝ၁၁ခုနှစ် ဖေဖော်ဝါရီ ၇ရက်မှ စတင်ပြီး ၎င်းတို့နေထိုင်ရာ တိုက်ခန်းမှ ပျောက်ဆုံးခဲ့ပြီး ၎င်းတို့ကို ပထွေးဖြစ်သူ ပါဗက်ဇ်တက်ခ် က နာရှစ်ခ်ခရိုင် လယ်တဲဆီသို့ ခေါ်ဆောင် သွားခဲ့သည်ဟု မွမ်ဘိုင်းရဲတပ်ဖွဲ့က လိုင်လာ၏ ဆဲလ်ဖုန်း မှတ်တမ်းမှ တစ်ဆင့် နောက်ဆုံး ခြေရာခံမိပြီး ယင်းလယ်တဲ ကိုလည်း မီးရှို့ခြင်း ခံရသည်ဟု ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကို လိုင်လာ၏ ဖခင်နာဒီပါတဲလ်က မါမ်ဘိုင်းရဲတပ်ဖွဲ့ကို အမှုဖွင့် တိုင်ကြားခဲ့ ခြင်းဖြစ်သည်။ ယင်းအပြင် ကက်ရှ် ဒေသရှိ ပါပက်ဇ်ပိုင် စတိုးဆိုင်တွင် လိုင်လာ၏ SUVကားကို တွေ့ရှိပြီး နောက်တွင် ပါပက်ဇ်ကို ဂျစ်မူးနှင့် ကက်ရှ်မီးယား ရဲတပ်ဖွဲ့က ဇွန်၂၁ရက်တွင် ဖမ်းဆီးခဲ့သည်။ ပါဇ်သည် လိုင်လာ၏ မိခင်ဖြစ်သူ၏ တတိယမြောက် ခင်ပွန်းဖြစ်ပြီး ပေါင်းသင်း နေထိုင်နေသူတစ်ဦးဖြစ်သည်။

ယင်းဖြစ်စဉ်တွင် လိုင်လာ၏ ချစ်သူနှင့်အတူ အမျိုးသား သုံးဦးကိုလည်း ပစ်သတ်ခဲ့သည်ဟု လိုင်လာနှင့် ၎င်း၏ ဆွေမျိုးများ ပျောက်ဆုံးပြီး ၁၁လအကြာ တွင် ပါပက်ဇ်က ဂျမ်မူရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ လိုင်လာကို ပစ်သတ်ရခြင်းသည် လိုင်လာနှင့် မိခင်ဖြစ်သူတို့ ပိုင်ဆိုင်သည့် တိုက်ခန်းများနှင့် ပစ္စည်း ဥစ္စာများကို ရယူလိုခြင်းကြောင့်ဖြစ်သည်။

လိုင်လာခမ်းသည် ၂ဝဝ၈ခုနှစ်က ထုတ်လွှင့်ခဲ့သည့် Wafa ရုပ်ရှင် ဇာတ်ကားတွင် မင်းသားဂျက်ရှ်ခမ်နာနှင့် အတူ တွဲဖက် သရုပ်ဆောင် ထားသည်။ ရုပ်ရှင် ထုတ်လုပ်သူ ရာက်ရှ်ဆာဝပ်နှင့် အကြမ်းဖက် သမားများ ချိတ်ဆက်မှု ရှိမရှိနှင့် ၎င်း၏ ငွေကြေးသုံးစွဲ ခြင်းကိုလည်း မဟာရက်ရှ်ထရာ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ၏ မေးမြန်းမှုကို ခံခဲ့ရသည်။

ငွေတွေခင်းထားတဲ့ အိပ်ယာပေါ်မှာ ဘီကီနီနဲ့ အိပ်ပြရင်း ကျိကျိတက်ချမ်းသာကြောင်း ကြွားလိုက်တဲ့ မော်လ်ဒယ်လေး


အင်တာနက်မှာ ခေတ်စားနေတဲ့ သီရိရှင်းသန့်ရဲ့ ကမ္ဘာ့ဖလား ဓာတ်ပုံများ

ကဲဥက္ကံသားတွေကြည့် ရအောင်








Miss Supranational ခင်ဝင့်ဝါ သရဖူ ရုပ်သိမ်းခံရ


Miss Supranational 2013 သရဖူရှင် ခင်ဝင့်ဝါ၏ သရဖူ ပြန်လည်ရုပ်သိမ်း ခံလိုက်ကြောင်း သိရသည်။ သို့ဖြစ်၍ Miss Supranational 2014 ဆုရတဲ့သူကို Miss ခင်ဝင့်ဝါအနေနဲ့ သရဖူလွှဲပြောင်းပေးအပ်ခွင့်မရှိတော့ပြီဖြစ်သောကြောင့် ခင်ဝင့်ဝါအား စင်တင်ပေးခဲ့သော Miss Golden Land Myanmar Organization မှ Founder and CEO ကိုဝေယံအောင်ကို တွေ့ဆုံမေးမြန်းခဲ့သည်။

“ခင်ဝင့်ဝါကို ကျွန်တော်တို့ Miss Golden Land Myanmar Organization ကနေပြီးတော့ ဒီနှစ်ဆုရတဲ့ Miss ကို သရဖူလွှဲပြောင်းပေးအပ်ခွင့် မပြုတော့ ပါဘူး။ Miss တစ်ယောက်က တခြား Miss တစ်ယောက်ကို သရဖူလွှဲပေး တယ်ဆိုတာ သူ့အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကို နောက်နှစ် Miss အတွက်ကို လွှဲပြောင်းပေးတဲ့စနစ်ပါ။ အဲဒီစနစ်ကို သရဖူလွှဲပြောင်းပေးတယ်လို့ နိုင်ငံတကာက သတ်မှတ်ထားပါတယ်။

ခင်ဝင့်ဝါအနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကျေပွန်တယ်လို့ မယူဆတဲ့အတွက် တာဝန်လွှဲပြောင်းပေးစရာ မလိုပါဘူး။ အဲဒီအတွက် သရဖူဆောင်းပေးခွင့်မပေး တာပါ။ အဓိကကတော့ Organization နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိလို့ပါပဲ။ အဲဒီအတွက် Organization အပေါ်မှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်တယ်လို့ မယူဆပါဘူး။ ခင်ဝင့်ဝါအစား Miss Supranational Philippiness 2013, runner-up ရခဲ့တဲ့ ဖိလစ်ပိုင်အလှမယ်က ဒီနှစ်ရတဲ့ Miss ကို လာပြီးတော့ သရဖူဆောင်းပေးမှာပါ”

“ခင်ဝင့်ဝါရဲ့ အနုပညာလုပ်ငန်းတွေဆိုရင် ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်နဲ့ Management အောက်ကနေ လုပ်ရတယ်ဆိုတာ စာချုပ်ထဲမှာ ပါပြီးသားပါ။ အဲဒါတွေကို မလိုက်နာဘူး။ သူ့ရဲ့ အနုပညာလုပ်ငန်းတွေက ကုမ္ပဏီက ပြန်ပြောမှ သိရတာတွေရှိတယ်။ ဓာတ်ပုံတွေ Facebook ပေါ်မှာ တက်လာမှ
သူ ဒီပွဲကို တက်ရောက်ခဲ့ပါသလားဆိုတာ သိရပါတယ်။ အဲဒီအတွက် သူ့ကို စာချုပ်စည်းကမ်းလိုက်နာအောင် သတိပေးလိုက်တာပါ။

Miss တစ်ယောက်ဖြစ်ပြီဆိုရင် Organization နဲ့ ပူးပေါင်းနိုင်ရမယ်။ နိုင်ငံ့ အကျိုးပြုတွေ လုပ်နိုင်ရမယ်။ တစ်နှစ်ကလေးတောင် စာချုပ်စည်းကမ်း မလိုက်နာနိုင်ဘူးဆိုရင် Miss Myanmar တစ်ယောက်ရဲ့ ဂုဏ်ပုဒ်နဲ့ ရေရှည်ဘယ်လိုတည်နိုင်မလဲလို့ ပြောခဲ့ပါတယ်။”

ကိုဝေယံအောင်ရဲ့ စကားတွေနဲ့ပတ်သက်ပြီး Miss ခင်ဝင့်ဝါကို ဆက်ပြီးမေးမြန်း ခဲ့ရာမှာတော့ “ထုံးစံအရ သရဖူကို 2013 Miss ကနေ 2014 Miss ကို လွှဲပြောင်းပေးရတာပါ။ ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပထမဆုံးသွားပြိုင် ခဲ့တယ်။ အခု သရဖူလွှဲခွင့်မရတော့ဘူးဆိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ တစ်ခါတလေ ကြော်ငြာ၊ မဂ္ဂဇင်း cover တွေရိုက်ရင် ပြောဖို့ မေ့ကျန်ခဲ့ တာတွေလောက်ပဲရှိပါတယ်။ အနုပညာအလုပ်တွေ ဖြစ်တဲ့ Brand Ambassador တို့၊ ထုတ်လုပ်ရေးတို့နဲ့ စာချုပ်ချုပ်ရင်လည်း Organization က လူကြီးတွေ ကိုယ်တိုင်ပါတယ်။ သူတို့လည်း လက်မှတ်ထိုးတယ်။ ဇာတ်ကားရိုက်တာတွေ ကိုလည်း အသိပေးပါတယ်။ Facebook တင်ရင်တောင်မှ ဖုန်းဆက်ပြီးပြော ပါတယ်။ ဒါပေမဲ့ အခုစာချုပ်ဖောက်ဖျက်တယ်၊ သရဖူဆောင်းခွင့် မပေးဘူး ဆိုတာ သိရတော့ အံ့သြမိတယ်။ စိတ်မကောင်းလည်းဖြစ်ရပါတယ်။

Organization နဲ့ စာချုပ်ချုပ်ကတည်းက အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အချိန်ဆိုရင်လည်း အမြဲအချိန်မှန်၊ အချိန်ပြည့်ကြိုးစားခဲ့တယ်။ ခင်ဝင့်ဝါရဲ့ အကျင့်စာရိတ္တ၊ စိတ်ထားကိုလည်း အားလုံးသိပါတယ်။ လူဆိုတာကတော့ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိနေကြစမြဲပါ။ ထုတ်ဖော်ပြောလို့ရတာရှိသလို၊ မရတာတွေလည်း ရှိပါတယ်။ တစ်နှစ်လုံး အကောင်းဆုံးဖြစ်အောင် နေခဲ့ပေ မယ့် အခု တစ်နှစ်ပြည့်ခါနီးကာမှ ဒီသတင်းကြားရတာ စိတ်မကောင်း ပါဘူး။ ပထမဆုံး သူတို့ ပျိုးထောင်ပေးခဲ့တဲ့ Miss တစ်ယောက်ဖြစ်လို့ ပရိသတ်အထင် လွဲစေမယ့် စကားတွေ မပြောစေချင်ပါဘူး။ ခင်ဝင့်ဝါအကောင်းဆုံးဖြစ်အောင် အမြဲနေခဲ့ပေမယ့် သရဖူလွှဲခွင့်မပေးဘူး။ စည်းကမ်းမလိုက်နာဘူးလို့ ပြောတာတွေကို တကယ်စိတ်မကောင်းဖြစ်မိပါတယ်”လို့ ဆိုသွားခဲ့ပါရဲ့။

ခင်ဝင့်ဝါ၏ မိခင်မှလည်း “စာနယ်ဇင်းတွေအားလုံးလည်း ဒီကိစ္စနှင့်ပတ်သက်၍ စိတ်မကောင်းမဖြစ်ပါနဲ့ သူတို့လက်ထဲမှာရှိနေတော့လည်း သူတို့သဘော ပဲပေါ့နော်။ သူတို့ဘက်က နဂို ၆ လလောက်ကတည်းက လွှဲပေးရမယ့် Miss ကို စောင့်ခိုင်းထားတာဆိုတော့ တမင်သက်သက်ချောက်ချတဲ့သဘောမှာ ရှိနေတယ်။ အင်တာဗျူးတွေဆိုရင်လည်း မဖြေပါနဲ့လို့ ပြောပါတယ်။ သူတို့နဲ့က စာချုပ်ရှိနေခဲ့ပြီး စာချုပ်မှာလည်း ဒီအကြောင်းအရာတွေက ပါနေတဲ့အခါ အန်တီတို့ဘက်က အမှားမရှိအောင်တော့ အတတ်နိုင်ဆုံးနေခဲ့ပါတယ်။ ပရဟိတဆိုလည်း လုပ်ခဲ့တာပဲလေ။ စာနယ်ဇင်းတွေမှာလည်း ပါနေတာပဲ။ အားလုံးလည်း သိပါတယ်။ အန်တီတို့ဘက်ကတော့ ဘာမှ မပြောတော့ပါဘူး။ စာချုပ်လည်းပြည့်ဖို့ တစ်လလောက်ပဲလိုတော့တာဆိုတော့လေ၊ သမီးကတော့ စိတ်မကောင်းဖြစ်နေတယ်။ သူ့အနေနဲ့ အနုပညာလုပ်ငန်းတွေမှာလည်း ကြိုးစားနေတယ်။ ပရဟိတလည်း လုပ်နေရဲ့နဲ့ အကြောင်းမရှိအကြောင်းရှာ တာပါ။ တချို့နိုင်ငံတော်နဲ့ပတ်သက်တဲ့ပွဲတွေမှာ လူညီတဲ့အခါတွေမှာ တော့ အကြောင်းမကြားမိတာလေးတွေရှိပါတယ်”ဟု ဆိုပါတယ်။

ခင်ဝင့်ဝါဟာ ဂျွန်လွင်၏ Star&Model အေဂျင်စီသင်တန်းဆင်းတဦးဖြစ်ခဲ့ပြီး ထိုစဉ်က Miss Supranation ပြိုင်ပွဲဝင်ရန်အတွက် အခြားမည်သည့်အေဂျင်စီနှင့်
မှ သာချုပ်ချုပ်ဆိုခြင်းမပြုရဟူသော စာချုပ်ပါ စည်းကမ်းကို ဖောက်ဖျက်၍ Miss Golden Land Myanmar Organization နှင့် စာချုပ် ချုပ်ဆိုခဲ့သောကြာင့် Star&Model အေဂျင်စီ၏ တရားစွဲဆိုဖြင်းခံခဲ့ရပြီး ရော်ကြေးငွေသိန်း ၃၀ ပေးခဲ့ရဖူးသည်။

“ကျွန်တော်က ဒီကိစ္စကို နားမလည်ဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စင်ပေါ်မှာ တရားဝင်ကမ္ဘာသိလူသိရှင်ကြား ရခဲ့တာပဲ၊ သူတို့မနေနဲ့လဲ နာမည်တခုရပြီး လုပ်စားလို့လဲ ၀နေပါပြီ၊ အခုအချိန်မှာ ဒီနာမည်နဲ့ အိမ်မှာ အိပ်နေလဲ ဘာမှမဖြစ်တော့ဘူး၊ ဒီသရဖူသိမ်းသွားလဲ ဘာဖြစ်လဲ၊ အဓိကက သရဖူက ဘာမှလုပ်လို့ရတာ မဟုတ်ဘူး၊ နာမည်နဲ့ အောင်မြင်မှုက အဓိကပါပဲ” လို့ ဂျွန်လွင်က ပြောပါတယ်။

မလေးရှား လေကြောင်းလိုင်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ယူကရိန်း အရှေ့ပိုင်း၌ ပစ်ချခံခဲ့ရသော ၎င်းတို့၏ MH 17 လေယာဉ်ပေါ် ပါသွားသည့် ခရီးသည်များအတွက် စေတနာ ထောက်ပံ့ကြေးငွေ အဖြစ် ကနဦးပေးငွေ ဒေါ်လာ ငါးထောင်စီကို ပေးအပ်ခဲ့ကြောင်း သိရသည်။




မန္တလေးပဋိပက္ခဖြစ်ပွားစေခဲ့သည့် လ္ဘက်ရည်ဆိုင်ပိုင်ရှင်က အဓမ္မပြုကျင့်သည်ဟု ပျဉ်းမနားမြို့မ ရဲစခန်းတွင် လိမ်လည်တိုင်းတန်ခဲ့သည့် အမျိုးသမီးနှစ်ဦးကို ပြည်ထောင်စုရှေ့နေ့ချုပ်ရုံး၏ အကြံပြုချက်ဖြင့် ပျဉ်းမနားမြို့နယ်တရားရုံးတွင် တစ်ပတ်အတွင်း တရားစွဲဆိုသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသည့် အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

 "ဒီလီဆယ်တိုင်းတန်မှုကြီးက ဘယ်လောက်ထိ ကြီးကျယ်သွားလဲဆိုတော့ မန္တလေးမြို့ကြီးမှာ ပဋိပက္ခဖြစ်တဲ့အထိ ဖြစ်သွားတယ်ဆိုတော့ အဲဒီပဋိပက္ခ ဖြစ်အောင် အကွက်ဆင်တဲ့သဘောပေါ့” ဟု အဆင့်မြင့်အရာရှိကပြောသည်။

အဆိုပါအမှုကို တရားစွဲဆိုရန်အတွက် ရဲတပ်ဖွဲ့အနေဖြင့် မည်သည့်ပုဒ်မများဖြင့် အရေးယူဆောင်ရွက်မည်ကို ပြည်ထောင်စုရှေ့နေ့ချုပ်ရုံးသို့ အကြံပြုချက် တောင်းခံထားခြင်းဖြစ်ပြီး အဆိုပါရုံး၏ အကြံပြုချက်အတိုင်း တရားစွဲဆိုသွားမည်ဖြစ်သည်။

လီဆယ် တိုင်တန်းရန် စီစဉ်ညွှန်ကြားသူများဖြစ်သည့် ဖြူဖြူမင်း(ခ)ကတုံးမနှင့် နုနုမြတ် နှစ်ဦးကို ပျဉ်းမနားမြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီး ဒုတိယအကြိမ်ရမန်ကြီး နှစ်ပတ်ယူထားသော်လည်း တစ်ပတ်အတွင်း တရားစွဲဆိုသွားမည်ဖြစ်သည်။ စီစဉ်ညွှန်ကြားသူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ရဲထွဋ်(ခ) သူရရဲထွဋ်မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

အဆိုပါကိစ္စအတွက် ပျဉ်းမနားမြို့မ ရဲစခန်းက (ပ) ၃၁၂၊ ၂ဝ၁၄ ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၃၆/၅၁၁/၁၄၇/၁၈၂/၁ဝ၉ လီဆယ်မှု ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားသည်။

မလေးရှား လေကြောင်းလိုင်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ယူကရိန်း အရှေ့ပိုင်း၌ ပစ်ချခံခဲ့ရသော ၎င်းတို့၏ MH 17 လေယာဉ်ပေါ် ပါသွားသည့် ခရီးသည်များအတွက် စေတနာ ထောက်ပံ့ကြေးငွေ အဖြစ် ကနဦးပေးငွေ ဒေါ်လာ ငါးထောင်စီကို ပေးအပ်ခဲ့ကြောင်း သိရသည်။


 မလေးရှား လေကြောင်းလိုင်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ယူကရိန်း အရှေ့ပိုင်း၌ ပစ်ချခံခဲ့ရသော ၎င်းတို့၏ MH 17 လေယာဉ်ပေါ် ပါသွားသည့် ခရီးသည်များအတွက် စေတနာ ထောက်ပံ့ကြေးငွေ အဖြစ် ကနဦးပေးငွေ ဒေါ်လာ ငါးထောင်စီကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မလေးရှား အစိုးရပိုင်ဖြစ်သည့် ထိုနိုင်ငံပိုင် လေကြောင်းလိုင်းက ၎င်း တို့သည် လေယာဉ် ပျက်ကျရာတွင် ပါဝင်ခဲ့သည့် ခရီးသည်များ၏ ကျန် ရစ်သူ မိသားစုများ အတွက် စေတနာဖြင့် ထောက်ပံ့ငွေ သဘောအပြင် စီးပွားရေးလိုအပ်ချက်များလည်း ပြေလည်နိုင်စေရန် ပေးခဲ့ခြင်း ဖြစ်ကြောင်းဆို သည်။

လေကြောင်းလိုင်းမှ ထုတ်ပြန်ချက်တွင် ရန်ပုံငွေတွေကို ထောက်ပံ့ရေး ရည်ရွယ်ချက်တွေအတွက် ယခင်ကလည်းထားရှိပြီးသား ဖြစ်ပါတယ်။ ဒီဘဏ္ဍာရေး အထောက်အပံ့တွေက သေဆုံးသူတွေအတွက် နောက်ဆုံးပိတ် အပြီးသတ် လျော်ကြေးမဟုတ်သလို မိသားစုတွေဘက်က တရားဥပဒေ ကြောင်းအရ စွဲဆိုမှုတွေကိုလည်း တက်ရောက်မှာ မဟုတ်ပါဘူး ဟု ဆိုထားသည်။ လေကြောင်းလိုင်းသည် ကျန်ရစ်သူ မိသားစုများ အတွက် ဟိုတယ်များ ငှားရမ်းထားရှိပေးခြင်း၊ အစားအသောက်နှင့် ပို့ဆောင်ဆက်သွယ်ရေး စီစဉ်ပေးခြင်း၊ နှစ်သိမ့် ဆွေးနွေးပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေသည်။ MH 17 လေယာဉ်သည် ခရီးသည် (၂၈၃) ဦးနှင့် ယာဉ်ဝန်ထမ်း(၁၅)ဦး အပါအ၀င် ယူကရိန်းအရှေ့ပိုင်း ဝေဟင်မှ ဖြတ်ပျံသန်း နေစဉ် ရုရှားလိုလားသည့် ခွဲထွက်ရေးဝါဒီများက ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်ဖြင့် ပစ်ချလိုက်ဖွယ် ရှိကြောင်း သိရသည်။

Android Factory reset

Android Factory reset
For rooted android device
Factory reset via fastboot mode
ဒီ tool မသုံးပဲ ကိုယ်တိုင် command နဲ့လဲ factory reset ချလို့ရပါတယ်adb tool ကိုတော့ဘယ်ကဒေါင်းလို့မပြောတော့ဘူးနော်
command ကအရင်ဆုံး ဖုန်းကို fastboot ထဲကိုဝင်ပြီး ကွန်ပြူတာနဲ့ချိပ်ပါပြီးရင် window7 မှာတော့ လွယ်တယ် adb folder ထဲမှာ shift+right clickနှိပ်ပြီး open command window here ဆိုရင် CMD ပေါ်လာမယ်ပြီးရင် devices ကို check လုပ်ပါ
fastboot devices   လို့ရိုက်လိုက်လို့သိရင် device ကိုပြတယ်ပြီးရင်အောက်က command ကိုဆက်ရိုက်     fastboot -w
လို့ရိုက်လိုက်ရင်ရပြီ ဒါပေမဲ့ ဖုန်းက root ထားပြီးသာဖြစ်ဖို့တော့လိုပါတယ်
---------------------------
Factory reset via Adb mode
the following >>>>>>----   ----<<<<<<<<<within bracket ,save as bat file,put in adb.exe folder,run your bat file ,it will reset your device via adb mode
>>>>>>>>--------------------------
@echo off
cls
title: susutun tool for Factory reset
color 4a
echo  factory reset is doing
echo.
adb shell "wipe data"
adb shell "wipe cache"
echo  factory reset done
echo.
pause
color a4
echo  if you want to reboot your device   ,just press enter to continue
echo.
pause
color b1
adb reboot
echo.
pause
-----------------------<<<<<<<<<<<<<<<<

Android Myanmar tool

Android Myanmar tool
Huawei U8951,Huawei U8825D, Huawei C8813, Huawei C8813D, Huawei Y300C, Huawei U8950D,(++C8815 added)
Huawei ဖုန်းတွေအတွက် Bootloader Unlock Code တောင်းစရာမလိုဘဲ ဖုန်းထဲမှာတင် Bootloader/Network Unlock လုပ်နိုင်ဖို့ Huawei All-in-One Bootloader Unlocker v1.0 for Android ကို Myanmar Mobile AppStore(www.myanmarmobileapp.com ) မှထုတ်ဝေလိုက်ပါတယ်။ ဒီ Android application လေးကိုအသုံးပြုပြီး Bootloader unlock လုပ်နိုင်မှာပါ။ ဒီ application လေးကိုအသုံးပြုဖို့ ဖုန်းကို root လုပ်ထားဖို့တော့လိုအပ်ပါတယ်။ ယခု version 1.0 မှာတော့ Huawei U8951,Huawei U8825D, Huawei C8813, Huawei C8813D, Huawei Y300C, Huawei U8950D စတဲ့ Huawei ဖုန်းခြောက်မျိုးကို Bootloader/Network unlock လုပ်နိုင်ပါမယ်။ နောက် version တွေမှာ လိုအပ်သလိုထပ်မံဖြည့်စွက်သွားပါမယ်။ စမ်းထားသလောက်ဖုန်းတွေမှာ error ကင်းကင်းနဲ့Code တောင်းစရာမလိုဘဲ ဖုန်းထဲမှာတင် ဒီဆော့ဝဲလေးကိုအသုံးပြုပြီး bootloader/network unlock ပြုလုပ်နိုင်ပါပြီ။ IMEI လည်းမပျောက်ပါဘူး။ Huawei All-in-One Bootloader Unlocker v1.0 for Android ကို Donate လည်းလုပ်ရန်မလို ၊ ၀ယ်ရန်လည်းမလို ၊ မည်သူမဆို download ရယူနိင်တဲ့ Free version အနေနဲ့သာ ထုတ်ပေးလိုက်ပါတယ် ။ Huawei All-in-One Bootloader Unlocker v1.0 for Android ကို Myanmar Mobile App Store မှ ကိုသက်နိုင်စိုး (www.facebook.com/thetnaing.mmas ) မှရေးသားဖန်တီးထားပါတယ်။ ဒီဆော့ဝဲလေးဖြစ်မြောက်ရန်လိုအပ်တဲ့အချက်အလက်များကို ကူညီပံ့ပိုးပေးခဲ့တဲ့ ကိုကျော်စွာသွင် နဲ့ စမ်းသပ်ရန်ဖုန်းများကိုကူညီပံ့ပိုးပေးခဲ့တဲ့ ကိုငလူ (Amara Super) ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
All In One Unlock Bootloader v.1.0 created by phyo chan down
------------------------------------------------------------------------------------------------------------------------------------------
ကျွန်တော် တို့ Huawei ဖုန်းတွေ Bootloader Unlock လုပ်တဲ့အခါ Product IDßsee   down လိုတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ တစ်ချို့ဖုန်းတွေမှာ Product ID ကြည့်မရဖြစ်တာလဲ ကြုံဖူးကြမှာပါ။ ဒီ Tool လေးကတော့ ဖုန်းအမျိုးအစားနှင့် IMEI သိရုံနဲ့ Product ID ကို Generator လုပ်ပေးမှာဖြစ်ပါတယ်။
---------------------------------------------------------------------------------------------------------------------------------------------Android Myanmar tool
Huawei U8951,Huawei U8825D, Huawei C8813, Huawei C8813D, Huawei Y300C, Huawei U8950D,(++C8815 added)
Huawei ဖုန်းတွေအတွက် Bootloader Unlock Code တောင်းစရာမလိုဘဲ ဖုန်းထဲမှာတင် Bootloader/Network Unlock လုပ်နိုင်ဖို့ Huawei All-in-One Bootloader Unlocker v1.0 for Android ကို Myanmar Mobile AppStore(www.myanmarmobileapp.com ) မှထုတ်ဝေလိုက်ပါတယ်။ ဒီ Android application လေးကိုအသုံးပြုပြီး Bootloader unlock လုပ်နိုင်မှာပါ။ ဒီ application လေးကိုအသုံးပြုဖို့ ဖုန်းကို root လုပ်ထားဖို့တော့လိုအပ်ပါတယ်။ ယခု version 1.0 မှာတော့ Huawei U8951,Huawei U8825D, Huawei C8813, Huawei C8813D, Huawei Y300C, Huawei U8950D စတဲ့ Huawei ဖုန်းခြောက်မျိုးကို Bootloader/Network unlock လုပ်နိုင်ပါမယ်။ နောက် version တွေမှာ လိုအပ်သလိုထပ်မံဖြည့်စွက်သွားပါမယ်။ စမ်းထားသလောက်ဖုန်းတွေမှာ error ကင်းကင်းနဲ့Code တောင်းစရာမလိုဘဲ ဖုန်းထဲမှာတင် ဒီဆော့ဝဲလေးကိုအသုံးပြုပြီး bootloader/network unlock ပြုလုပ်နိုင်ပါပြီ။ IMEI လည်းမပျောက်ပါဘူး။ Huawei All-in-One Bootloader Unlocker v1.0 for Android ကို Donate လည်းလုပ်ရန်မလို ၊ ၀ယ်ရန်လည်းမလို ၊ မည်သူမဆို download ရယူနိင်တဲ့ Free version အနေနဲ့သာ ထုတ်ပေးလိုက်ပါတယ် ။ Huawei All-in-One Bootloader Unlocker v1.0 for Android ကို Myanmar Mobile App Store မှ ကိုသက်နိုင်စိုး (www.facebook.com/thetnaing.mmas ) မှရေးသားဖန်တီးထားပါတယ်။ ဒီဆော့ဝဲလေးဖြစ်မြောက်ရန်လိုအပ်တဲ့အချက်အလက်များကို ကူညီပံ့ပိုးပေးခဲ့တဲ့ ကိုကျော်စွာသွင် နဲ့ စမ်းသပ်ရန်ဖုန်းများကိုကူညီပံ့ပိုးပေးခဲ့တဲ့ ကိုငလူ (Amara Super) ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
All In One Unlock Bootloader v.1.0 created by phyo chan down
------------------------------------------------------------------------------------------------------------------------------------------
ကျွန်တော် တို့ Huawei ဖုန်းတွေ Bootloader Unlock လုပ်တဲ့အခါ Product IDßsee   down လိုတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ တစ်ချို့ဖုန်းတွေမှာ Product ID ကြည့်မရဖြစ်တာလဲ ကြုံဖူးကြမှာပါ။ ဒီ Tool လေးကတော့ ဖုန်းအမျိုးအစားနှင့် IMEI သိရုံနဲ့ Product ID ကို Generator လုပ်ပေးမှာဖြစ်ပါတယ်။
---------------------------------------------------------------------------------------------------------------------------------------------