Tuesday, November 25, 2014

Kingo Root




Android စမတ်ဖုန်းတွေနဲ့ Tablet တွေကို Android .apk ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်လို့ အဆင်မပြေတဲ့အခါ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးမှ Root ဖေါက်လို့ ရတတ်ပါတယ်..။ ကွန်ပျူတာနဲ့ Android ဖုန်းတွေ ချိတ်ဆက်တဲ့အခါမှာလည်း မိမိကွန်ပျူတာက Android ဖုန်း အမျိုးမျိုးကို သိဖို့၊အလုပ်လုပ်နိုင်ဖို့အတွက် ဒီလင့်ကပိုစ့်မှာ Android USB Drivers တွေ ထည့်တတ်အောင် ပြပေးထားပြီးပါ..။ အခုလည်း Lenovo Tablet Android 4.4.2 ကို အရင်ဗါးရှင်း Root apk လေးတွေနဲ့ Root မနိုင်တဲ့အတွက် ဒီ ကွန်ပျူတာ ဆော့ဝဲလ် Kingo Root နဲ့ မှ အဆင်ပြေပါတယ်..။ Kingo Root ကို အမြဲတမ်း နောက်ဆုံးဗါးရှင်းတွေ ဒေါင်းယူလို့ ရအောင် မူရင်းဆိုဒ်မှာ သွားရောက် ဒေါင်းယူနိုင်တဲ့လင့်ကို ဒီပိုစ့်မှာ ချိတ်ပေးထားပါတယ်..။ Kingo Root အရင် ဗါးရှင်းတွေက Android အရင်ဗါးရှင်းတွေကို Root နိုင်ပေမယ့်.. Android နောက်ဆုံးဗါးရှင်းတွေဆိုရင်တာ့ Kingo Root ဆော့ဝဲလ်ကိုလည်း နောက်ဆုံးဗါးရှင်းတွေ လိုက်သုံးပေးမှ Root ဖေါက်နိုင်ပါတယ်..။ 
Lenovo Tablet Android 4.4.2 ကို Root ဖေါက်ပြီးရင် မြန်မာစာရဖို့အတွက် Zawgyi Changer ၂-ခုကို ဆက်ပြီး ထည့်ပေးမှ အဆင်ပြေပါတယ်..။ လိုအပ်တဲ့ဆော့ဝဲလ် apk လေးတွေကို အောက်ကလင့်တွေမှာ တစုတစည်း ပေါင်းထည့်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူပြီး.. လုပ်နည်းနဲ့ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ apk လေးတွေက 10.5 MB ရှိပြီး.. Kingo Root တူးကတော့ 18 MB ရှိပါတယ်..။


 (OR)
 အပေါ်လင့်က ဆော့ဝဲလ်တွေ ဒေါင်းယူပြီးရင်တော့ အရင်ဆုံး လုပ်ရမှာက Android Setting ထဲကို သွားပြီး အောက်ဆုံးက About နေရာကို ဝင်ပါ..။ အဲ့ထဲမှာ Build Number လို့ ပေါ်နေတဲ့ စာသားလေးကို ၇-ချက် တောက်ပေးပြီး Developer Options ကို ဖွင့်ပါ..။ အောက်က ဒုတိယ ပုံမှာ Developer Options ပေါ်နေပါပြီ..။


Developer Options ထဲမှာ ဝင်ပြီး အောက်ကပုံအတိုင်း USB Debugging မှာ အမှန်ခြစ်တပ်ပေးပါ..။ နောက်တခုက Setting >> Security >> Unknown Sources မှာ အမှန်ခြစ် ထပ်တပ်ပေးပါ..။ ဒါဆိုရင် Android ဖုန်းတွေနဲ့ Tablet တွေကို ကွန်ပျူတာနဲ့ Root ဖေါက်ပြီး ဆော့ဝဲလ် apk တွေ ထည့်သုံးဖို့ အဆင်သင့် ဖြစ်သွားပါပြီ..။


ကွန်ပျူတာမှာရော ဖုန်းမှာပါ အားလုံး အဆင်သင့် ဖြစ်သွားပြီ ဆိုရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို Via USB ကြိုးနဲ့ ချိတ်လိုက်ပါ..။ Android Tablet သို့မဟုတ် ဖုန်းမှာ အောက်ကပုံလေးအတိုင်း စပေါ်လာရင် အမှန်ခြစ်ပေးပြီး OK ပေးထားလိုက်ပါ..။


မိမိတို့ ကွန်ပျူတာက Kingo Root တူးမှာလည်း အောက်ကပုံလေးအတိုင်း ပြနေပါလိမ့်မယ်..။ ဒါဆိုရင် အပေါ်ကပုံအတိုင်း လုပ်ပေးလိုက်ပါ..။



အပေါ်ကပုံတွေအတိုင်း OK ပေးပြီး Connect လုပ်လို့ ကွန်ပျူတာနဲ့ဖုန်း မိသွားပြီဆိုရင်တော့ အောက်ကပုံလေးအတိုင်း Kingo ဆော့ဝဲလ်မှာ Root စာသားလေး ပေါ်နေပါပြီ..။ ဒါဆိုရင် Root စာသားလေးကို တချက်ကလစ်ပေးလိုက်ပါ..။ ကွန်ပျူတာမှာ အင်တာနက် ဖွင့်ထားဖို့ မမေ့ပါနဲ့..။ 



အပေါ်ကပုံအတိုင်း အင်တာနက်ကနေ ဖိုင်တွေ ဆွဲထည့်နေပါလိမ့်မယ်..။ မိမိတို့ Android Tablet ၊ ဖုန်းမှာ ပထမတခါ Restart ကျသွားပြီးရင် ထပ်စောင့်နေပေးပါ..။ ဒုတိယတခါ ထပ်ပြီး Restart ကျပြီးရင်တော့ အောက်ကပုံအတိုင်း Root Succeeded စာသား ပြောင်းပေါ်လာရင် မိမိတို့ ဖုန်းကို အောင်မြင်စွာ Root ဖေါက်လို့ ရသွားပါပြီ..။


ကွန်ပျူနဲ့ Tablet/ဖုန်း ကို USB ကြိုး မဖြုတ်ပဲ ဆက်တပ်ထားရင်တော့ အပေါ်ကပုံအတိုင်း ဆက်ပေါ်လာပါလိမ့်မယ်..။ ဒါဆိုရင် Root ဖေါက်လို့ အောင်မြင်တယ်ဆိုတာ ပိုသေချာသွားပါပြီ..။ မိမိတို့ Tablet/ဖုန်းမှာလည်း အောက်ကပုံအတိုင်း SuperSU ပုံလေး ပေါ်နေပါလိမ့်မယ်..။ 

ကျနော်တင်ပေးလိုက်တဲ့ Zawgyi Changers နဲ့ Busy Box apk ဆော့ဝဲလ်တွေကို Via USB (or) SD Card ဖြင့် Tablet/ဖုန်းထဲမှာ Install ထည့်ထားလိုက်ပါ..။ အရင်ဆုံး Z.F.C-442 ဆော့ဝဲလ်ကို ဖွင့်ပါ..။ အောက်ဒုတိယပုံအတိုင်း ပေါ်လာရင် Grant စာသားကို မိအောင် အရင်နှိပ်ပေးလိုက်ပါ..။




အပေါ်ကပုံအတိုင်း Busy Box တောင်းပါလိမ့်မယ်..။ အောက်ကပုံအတိုင်း Busy Box ကို ထပ်ထည့်ပြီး Install ထည့်ပေးပါ..။



အပေါ်ကပုံအတိုင်း Busy Box ကို Install စာသားနေရာမှာ တောက်ပြီး ထပ်ထည့်ပေးပြီးရင်တော့ အောက်ကပုံအတိုင်း Z.F.C-442 ကို ပြန်ဖွင့်ထည့်ပါ..။ ဒီတခါမှာတော့ Install Zawgyi စာသားကို နှိပ်လို့ ရသွားပြီဖြစ်လို့ ၎င်းစာသားကို နှိပ်ပေးလိုက်ပါ..။




အပေါ်ပုံအတိုင်း Restart ပေးပြီးရင်တော့ မိမိတို့ Tablet/ဖုန်းမှာ အောက်ကပုံလေးအတိုင်း မြန်မာစာ ရေးလို့ ရသွားပါပြီ..။


ဒါပေမယ့် Browser တွေမှာတော့ စာသားတွေပေါ်တာ မှန်ပေမယ့် ခေါင်းစဉ်တွေမှာ မမှန်သေးပါဘူး..။ ဒါကြောင့် နောက်ထပ် Zawgyi Changer တခုကို ထပ်ထည့်ပေးလိုက်ပါ..။ 


ဒါကတော့ MM Aio Font Changer ပါ..။ ဒီဆော့ဝဲလ်တွေ ဖွင့်တဲ့အခါတိုင်း Root တူးက ဝင်ခွင့်တောင်းရင် Grant စာသားကို အပေါ်ပိုင်းပုံမှာ ပြထားတဲ့အတိုင်း နှိပ်သွားပေးပါ..။ သူပြထားတဲ့ ဗါးရှင်းတွေအတိုင်း ထည့်ပါတယ်..။ 4.3 မှ 4.4.2 ကို ရွေးပြီး မြန်မာစာ သွင်းရန်ကို နှိပ်ပေးလိုက်ပါတယ်..။



ခဏကြာတာနဲ့ မိမိတို့ရဲ့ Tablet/ဖုန်းက Restart ကျသွားပြီး ပြန်တက်လာရင်တော့ အောက်ကပုံအတိုင်း မြန်မာစာ အားလုံး အမှန်ရသွားပါပြီ..။

ဒီ Kingo Root တူးဖြင့် ဖုန်းတွေ Root ဖေါက်နည်းကို အရင်ပိုစ့်ဖြစ်တဲ့ Sony Xperia J ဖုန်း Root ဖေါက်နည်း ပိုစ့်မှာ တင်ပြပေးခဲ့ဖူးပါတယ်..။ ဒါကတော့ နောက်ဆုံးဗါးရှင်းနဲ့ အသုံးပြုနည်း ထပ်တင်ပေးလိုက်တာပါ..။ ဒီလောက်ဆိုရင်တော့ အားလုံးပဲ အဆင်ပြေလောက်ပြီ ထင်ပါတယ်..။

Viber Update





Viber Update အသစ်ထွက်ပြီးကတည်းက Android ဖုန်းတွေမှာ အလိုလို Update တက်သွားတာတွေရှိသလို.. Facebook လို နေရာတွေကနေ Viber မှာ Video Call ရလာပြီ ဆိုတဲ့ ကြော်ငြာကောင်းလို့ ဒေါင်းယူ အသုံးပြုတဲ့လူတွေလည်း မနည်းမနောရှိခဲ့ပါတယ်..။ နောက်ဆုံးတော့ Samsung လို မူရင်း မြန်မာစာပါတဲ့ ဖုန်းတွေကလွဲလို့.. Root ဖေါက်ပြီး မြန်မာစာ ထည့်ထားတဲ့ ဖုန်းတွေမှန်သမျှ အားလုံး Viber မှာ မြန်မာစာ မပေါ်တော့ပါဘူး..။ အာ့မှာစတွေ့တာပါ..။ Viber Update ထွက်ပြီးကတည်းက မြန်မာစာ မပေါ်တော့တဲ့ ပြဿနာ အတော်လေး ဖြေရှင်းပေးခဲ့ပြီးပါပြီ..။ အခုတော့ Cbox မှာ မေးလာတဲ့လူနဲ့ တိုက်ဆိုင်လာလို့ ပိုစ့်တခုအဖြစ် တင်ပေးလိုက်ပါတယ်..။ 
အခုတလော ကိစ္စအတော်များများနဲ့ အလုပ်ရှုပ်နေလို့ ပိုစ့်တွေလည်း မတင်ဖြစ်၊ Blog ဘက်လည်း လှည့်မကြည့်အားပါဘူး..။ ကျနော်စာမရေးတာ ကြာသွားလို့ပဲလားတော့ မသိ.. ဟိုတလောက ကျနော့် Blog ရဲ့ Cbox မှာ လာဆဲတဲ့လူနဲ့တောင် ကြုံခဲ့ရပါတယ်..။ ကျနော်လည်း စာတွေပုံမှန်မရေးနိုင်တော့ လာဆဲတဲ့လူကိုလည်း စိတ်မဆိုးအားပါဘူး..။ ရှိပါစေတော့..။ 
အခုဒီပိုစ့်က Viber မှာ မြန်မာစာ ပေါ်အောင် လုပ်နည်းကတော့ Android စမတ်ဖုန်းတွေနဲ့ Android Tablet တွေအတွက် အသုံးပြုဖို့ပဲ ဖြစ်ပါတယ်..။ အရင်ဆုံး မိမိတို့ရဲ့ ဖုန်းထဲမှာရှိတဲ့ Play Store ကိုဖွင့်ပြီး အောက်ကပုံလေးတွေအတိုင်း ဆော့ဝဲလ် Apps Update တွေကို အလိုလို Update မလုပ်အောင် အရင်သွားပိတ်ပေးထားလိုက်ပါ..။ ပြီးမှ ဒီပိုစ့်မှာ တင်ပေးလိုက်တဲ့ Viber ဗါးရှင်းအဟောင်းလေးကို ဒေါင်းယူပြီး SD card or Bluetooth ကနေ ပြောင်းထည့်ပြီး.. ဖုန်းထဲမှာ Install ထပ်ထည့်ပေးလိုက်ရင် မြန်မာစာ အရင်အတိုင်း ပြန်ပေါ်လာပါလိမ့်မယ်..။ ဒါလေးကတော့ ကျနော် လက်ရှိသုံးနေတဲ့ Viber ဗါးရှင်းအဟောင်းလေးပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 16.6 MB ရှိပါတယ်..။

(OR)
 အပေါ်ကတင်ပေးလိုက်တဲ့ Viber apk လေးကို ဖုန်းထဲမှာ Install မထည့်ခင်.. အရင်ဆုံး Play Store ထဲမှာ အောက်ကပုံလေးတွေအတိုင်း အဆင့်ဆင့်သွားပြီး Apps Update တွေကို ပိတ်ပေးထားလိုက်ပါ..။ ဒါဆိုရင် ဘာဆော့ဝဲလ်မှ Update ထပ်မတက်တော့ပါဘူး..။ ပြီးမှ အပေါ်က Viber Old Version လေးကို ဖုန်းထဲမှာ Install ထည့်သုံးပါ..။
Play Store ရဲ့ Home ကိုသွားပြီး Setting ကို ရှာဝင်ပါ..။ Play Store မှာ အရင်ဗါးရှင်းနဲ့ နောက်ပိုင်းထွက်တွေ မတူတော့တဲ့အတွက် ၂-မျိုးခွဲပြီး ပြပေးထားပါတယ်..။ အောက်ပိုင်းမှာက အရင်ဗါးရှင်းအဟောင်းနဲ့ လုပ်နည်းပါ..။


Setting ကို ရောက်ရင် အောက်ကပုံလေးအတိုင်း ပေါ်နေတတ်ပါတယ်..။ မျှားပြထားတဲ့ နေရာကို တချက်တောက်လိုက်ပါ..။


အဲဒီမှာတော့ အောက်ပုံလေးအတိုင်း Do not auto-update apps ကို ပြောင်းထားလိုက်ပါ..။ ဒါဆိုရင် အဆင်ပြေပါပြီ..။



အပေါ်က မျှားအပြာနဲ့ ပြထားတဲ့ ပုံလေးအတိုင်း ပြောင်းသွားရင် ရပါပြီ..။ တကယ်လို့ အသိပေး အကြောင်းကြားတဲ့ စာသားတွေ ခဏခဏပေါ်တာ မလိုဘူးဆိုရင်တော့ Notifications နေရာမှာ အမှန်ခြစ် ဖြုတ်ထားပေးလိုက်ပါ..။ ဒါဆို အားလုံးအဆင်ပြေပြီ..။
အောက်ကပုံလေးတွေကတော့ Play Store ဗါးရှင်းအဟောင်းလေးနဲ့ ထပ်ပြပေးလိုက်တာပါ..။ ဘယ်ဗါးရှင်းနဲ့ပဲ ဖြစ်ဖြစ် လုပ်နည်းက Setting ထဲမှာ သွားလုပ်ရမယ့်နည်း အတူတူပါပဲ..။



အောက်ဆုံးပုံလေးကတော့ အခုတင်ပေးလိုက်တဲ့ Viber Old Version လေးနဲ့ ကျနော်အသုံးပြုလို့ အဆင်ပြေနေတာပဲ ဖြစ်ပါတယ်..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

 မှတ်ချက်။ ။တချို့ Android ဗါးရှင်း အဟောင်းတွေ (Android 2.3.7 လို) မှာ Setting >> About Phone >> Softwares Update မှာ Off လုပ်ပြီး ပိတ်လို့ ရသလို..
တချို့ Android ဗါးရှင်းတွေမှာ ဆိုရင်တော့ Setting >> Security >> Software Update မှာ Off လုပ်ထားလို့ ရပါတယ်..။ ဒါပေမယ့် နောက်ပိုင်း ဖုန်းတွေမှာတော့ Software Update ကို Off လုပ်ပိတ်တဲ့နေရာ မပါတော့ပါဘူး..။ ဒါကြောင့် ဖုန်းရဲ့ Setting မှာ Off လုပ်လို့ မရတဲ့ ဖုန်းတွေမှာ ဒီပိုစ့်ကနည်းအတိုင်း Play Store မှာသာ သွားပြီး Off လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်..။

Sunday, November 23, 2014

https://www.mediafire.com/?1ddtfvwkgly79ot
သတင်းsoftware အသစ်လေးပါ
ရယူလိုက်ပါ
နာမည်က Dr-t သတင်းစုံပါ

Tuesday, November 18, 2014

Myanmar keyboard

elenor Touch Handset လေးမှာပါတဲ့ MyanmarKeyboard လေးပါ လိုအပ်ရင် ဒေါင်းနိုင်ပါတယ် > https://app.box.com/s/4meh0oqucktm2c9tvfzr

Android ဖုန်းတွေအတွက် Google မှ “Messenger” လို့အမည်ရတဲ့ application အသစ်ကိုထုတ်ဝေလိုက်ပါတယ်




Android ဖုန်းတွေအတွက် Google မှ “Messenger” လို့အမည်ရတဲ့ application အသစ်ကိုထုတ်ဝေလိုက်ပါတယ်။ ဒီ application ဟာ ဖုန်းမှာ မူရင်းပါတဲ့ SMS/Message app နေရာမှာအစားထိုးအသုံးပြုဖို့ဖြစ်ပါတယ်။ Messenger app ကိုအသုံးပြုပြီး SMS/MMS Messaging များကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Messenger app မှာပါဝင်တဲ့ Feature တွေကတော့
– ဓာတ်ပုံ ၊ ဗီဒီယိုတွေကို ဒီ app ကနေအလွယ်တကူမျှဝေနိုင်ပါတယ်။
– ဖုန်း contact တွေကိုရှာဖွေရာမှာပိုမိုတိကျမြန်ဆန်အောင်ပြုလုပ်ပေးထားပါတယ်။
-Design အသွင်အပြင်ကတော့ Google ရဲ့နောက်ဆုံး Design ပုံစံဖြစ်တဲ့ Material Design အသွင်အပြင်နဲ့ဖြစ်တဲ့အတွက် ပုံစံကတော့လုံးဝဆန်းသစ်နေပါတယ်။
– SMS ပို့သူကို Block ထားနိုင်တဲ့ Feature ပါဝင်ပါတယ်။ SMS Sender ကို block ထားခြင်းဖြင့် ထိုသူပို့လာမယ့် SMS တွေအတွက်စိတ်ရှုပ်ခံနေစရာမလိုတော့ပါဘူး။
– ဖုန်း Contact ထဲမှာရှိနေတဲ့သူတွေကို audio message ပေးပို့နိုင်ခြင်း စတဲ့ Feature တွေပါဝင်ပါတယ်။

Messenger app ကို Material Design ဖြင့်ပြုလုပ်ထားပြီး Android version 4.1 နှင့်အထက်ဖုန်းတွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Messenger app ကိုအောက်က link များကနေရယူနိုင်ပါတယ်။

Messenger app ကို Material Design ဖြင့်ပြုလုပ်ထားပြီး Android version 4.1 နှင့်အထက်ဖုန်းတွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Messenger app ကိုအောက်က link များကနေရယူနိုင်ပါတယ်။

Download ‘Messenger 1.0.123 for Android’ (External Link)


Download ‘Messenger 1.0.123 for Android’ (Google Play Link)


 m

Wednesday, November 12, 2014

2014 အတွက် အကောင်းဆုံး Android Music Game များ..

1) Perfect Piano – Download

2) Rock Hero – Download

3) Music Hero – Download

4) Robot Dance Party – Download

5) Piano Master FREE – Download

6) SongPop – Download

7) Band Stars – Download

8) Drum set – Download

9) My Muppets Show – Download

10) Deemo – Download

11) BEAT MP3 Rhythm Game – Download

12) Cytus – Download
Enjoy..!
--------------------------------------

ဒီတစ်ခါတော့ ဖုန်းHardware သမားတွေ အတွက် IC တွေခွဲ ခြားပုံကို ဖော်ပြပေးလိုက် ပါတယ် ခင်ဗျာ။



I C (ယေဘူရ ခွဲခြားနည်း)
------------------------------

၁ ။ POWER I.C ခွဲခြားရင် ဘေးမှာ POWER Crystal ရှိတယ် Capacitor တွေ အများကြီးရှိတယ်

၂ ။ Nokia မှာ Second Powei IC ခွဲလိုလျှင် ဘေး မှာ Coil အ၀ိုင်းကြီးရှိတယ် (Betty တို့ Tahbo စသည်ဖြင့် IC ပေါ်တွင် ရေးထားသည်။)

၃ ။ CPU ခွဲလိုလျှင် လေးထောင့် ညီညီနှင့် အကြီးဆုံး IC

၎ ။ CPU ဘေးမှာ ရှည်ရှည်သွယ်သွယ် IC က Software ရေးတဲ့ Flash IC

၅ ။ GSM Pa IC က အင်တာနာ Pad အနီးနားမှာ

၆ ။ WCDMA PA IC က ဘေးနားမှာDuplex Falter ရဲ့ ကာလာရောင် ရွှေ ကြေး အနက်ရောင် စသည်ဖြင့် ဘေးနားမှာရှိ

၇ ။ GSM နဲ့ WCDMA မှာ GSM IC က နည်းနည်းပိုကြီးတယ် Duplex FLTER က Digital Mic

၈ ။ RF IC (Network IC) ခွဲလိုလျှင် ဘေးမှာ Network Crystal ,Soft Falter (မဲမဲအရောင်)ရှိ

၉ ။ Bluetooth IC ဘေးနားမှာ MHz ရှိတယ် (Nokia) မှာဆို အဖြူရောင် အခြားမှာဆို နှစ်လုံးပြူး Capacitor ထက် နည်းနည်းသေးတဲ့ပုံအတိုင်းလာတယ်

၁၀။ WiFi IC က Power IC အရွယ်လောက်ရှိတယ် သူဘေးနားမှာ သူ့အတွက်သီးသန့် INT တစ်ခုရှိ တယ်

၁၁။ BackLight IC ဘေးမှာ ကွိုင် အ၀ိုင်းကြီး ရှိ SAMSUNG HUAWEI SONY Etc ဘေးမှာ Diode , Coil ရှိတယ်

၁၂။GPSICက ပြောင်လက်လက် ပါးပါးလေးCrystal သေးသေးလေးလည်း ဘေးမှာရှိတယ်

၁၃။ USB IC က Charging လမ်းကြောင်း USB Connector အနီးမှာ သေးသေးလေး

၁၄။ SIM IC က SIM Connector ရဲ့ဘေးနားလောက်မှာ မာကင်ရဲ့ အောက်မှာ (စောင်းကြည့် လျှင်[8] အလယ်လွတ် ထောင့်လွတ်)

၁၅။ Camera IC က Camera အိုက်ရဲ့အနီးအနားမှာ Second Power IC အရွယ်လောက်ရှိမယ်

၁၆။ Display IC ကDisplay Connector ရဲ့အနီးမှာ

၁၇။ Keypad IC က Keypad ရဲ့အနီး အပေါ် ဒါမှမဟုတ်အောက်

၁၈။ memory Card IC က mmc caplock ရဲ့ ဘေးနားမှာ RESISTOR (R) (အပေါ်ကအမဲ)ဖြုတ်လိုက် ရင်အောက်က အဖြူ
CAPACITOR (C)(or) CONDENSER အသားရောင်လေးထောင့် တိုင်းရင်(Circuit Board မှ ဖြုတ် တိုင်းရမယ်)
DIODE (D) မှာ ငုတ်သေးသေးလေးတွေပါ (Cathode=K ဘက်မှ အနီလေး ပါတယ် Cathode မှာအနီ Anode=A ဘက်မှာအနက် မှန်အောင်ခွဲရမည်

COIL (L) ဖြုတ်စရာမလို Circuit မှာတိုင်း (ပုံစံက) Resistor နဲ့တူတယ် နန်းကြိုးသေးသေးလေးတွေပတ် အ၀ိုင်းအမည်းနဲ့လည်းလာ

FUSE (F) က Capacitor နဲ့လွဲတတ်တယ်

TRANSISTOR ဖြုတ်တိုင်းရတယ် Transistor နဲ့ Diode နဲ့ဆင်တယ် နှစ်ငုတ်နဲ့ သုံးငုတ်ဘဲကွာတယ်

CRYSTAL က ကောင်းမကောင်းတိုင်းမရ Size တူတာလဲ ကြည့်ပြီးမှ သိနိုင် (မှန်အောင်တပ်ရမှာက အနက်ရောင် ငုတ်လေးနှစ်ဘက် ကွေးကွေးလေး (-)ရှိတယ် ဖြုတ်ရင် အသေအချာမှတ်

အထူးမှတ်သားရန်

Back Up BATTERY ကို AIR GUN ,HEAT GUN နဲ့ မဖြုတ်ရပေါက်ကွဲတတ်သည်။

HUAWEI Firmware/Update Collection...


Huawei ALL MTK SP FlashTools Firmware Collection 
(1) G520-T10-V100R001CHNC01B318_SP Flash Firmwarew >>> Download
(2) Y511-U30 Sp Flash Firmware >>> Download
(3) Huawei G700-U00 Flash Tool Firmware >>> Download
(4) Y535-COO Root Firmware >>> Download
(5) Y325-T00_Flash_Tool_OK firmware >>> Download
(6) huawei g610U00 black screen error solution.rar Sp Firmware >>> Download
(7) Y310-5000 PAC Firmware >>> Download
(8) Y310S(Y310-T10) ROOT+MIUI ROMS >>> Download (pass)>>> www.ydss.cn
(9) Y310S Y310-T10 B026 Ready ROOTED Firmware >>> Download
(10) Y320-U01 Flashtool Firmware >>> Download
(11) Y500-TOO Pac Firmware >>> Download
(12) Y618-T00 Flashtool Firmware >>> Download
(13) HUAWEI-Y511-T00 flashtool Firmware >>> Download
(14) HUAWEI_Y511-U00_XSJZB_ydss_by_ZX Flashtools Firmware >>> Download ( Password - mobilehouse )
(15) Y600_u00_flashtool_full_flashFirmware >>> Download
(16) Y220Tpac flash Firmware >>> Download
(17)Huawei T8951 Dead Fixed Error and official firmware using flash tool >>> Download
(18) T8833 Flashtool Firmware >>> Download
(19) t8950 dead fixed flashtool >>> Download
(20) T8830pro SP Flashtool Firmwar >>> Download
(21) SP Flash Firmware T8951 >>> Download
(22) HUAWEI-G610-U20_V100R001C00B110(for_FlashTool) Firmware >>> Download
(23) Huawei G700 Flash Tool Firmware >>> Download
(24) Huawei Y600 Flashtool Firmware without invalid imei >>> Download
(25) Huawei Ascend G520-0000 Flash tool Firmware >>> Download
(26) G730-U00 Flash Tool Firmware >>> Download
(27) Huawei t8950 full save brick firmware >>> Download
(28) Huawei U9200 Firmware 1 Click Installer >>> Download
(29) Honor 3C Clone Firmware >>> Download
(30) Huawei G610-U001 အတွက် SP Flashtool Firmware >>> Download
(31) Huawai G700-U10 Full Flash.zip >>> Download
(32) G510-T10 b138 to save brick SpFlash firmware>>> Download
(33) G520-5000 SP Flash Tool Firmware >>> Download
(34) Huawei y325 Too flashtool firmware (မြန်မာစာ) >>> Download
(35) G610 U15 LA_116 Flash tool Firmware >>> Download
(36) Huawei G610S-U00129 FlashFools Firmware >>> Download
(37) Huawei G700-T00-B124 SP Flashtools Firmware >>> Download
(38) Huawei 3C H30-U10(2GB Ram)V100R001CHNC00B118 Flashtool Firmware >>> Download
-----------------------------------------------------------------------------