Monday, June 30, 2014
ဖုန်းအသုံးပြုရာတွင်သတိပြုရမည့် အချက်များ
၁။ ဖုန်းများကို အပူဓာတ်လွန်ကဲမှုမဖြစ်အောင် ထားပါ။
အပူဓာတ်လွန်ကဲမှုသည် ခေတ်မှီ Smartphones များနှင့် tablet များအတွက် အလွန်စိုးရိမ်ရပါတယ်။ Mobile ဖုန်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ မိအောင် လက်ကိုင်ပုဝါဖြင့် ဖုံးထားပါ။ ပူပြင်းသော အချိန်တွင် ဖုန်းကို ကားပေါ်တွင် ချန်မထားခဲ့ပါနှင့်၊ မိမိနှင့် တပါးတည်း ယူဆောင်သွားပါ။
၂။ ဖုန်းထဲသို့ ရေမဝင်ပါစေနှင့်။
လျှပ်စစ်ပစ္စည်းများသည် ရေစိုခံ၍မရပါ။အကယ်၍ သင်၏ ဖုန်း ရေထဲကျသွားပါက ဖုန်းကို လျှင်မြန်စွာ ဆန်ခွက်ထဲသို့ထည့်ထားပါ။ ဖုန်း ပျက်စီးမှုဒဏ်မှလျော့ပါးစေပါတယ်။
၃။ ဖုန်းကို ကြာကြာသုံးပြီး အားသွင်းခြင်းလျှော့ပါ။
ဖုန်းကို တစ်နေကုန် တစ်နေခမ်း အသုံးပြုပြီး အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းအားသွင်းရန် အချိန်မပေးနိုင်ခြင်း မေ့လျော့ခြင်းများဖြစ်တတ်ပါတယ်။ ဖုန်းအား မရှိပါက သင်၏ တစ်နေ့တာအစီအစဉ်များ ပျက်ယွင်းနိုင်ပါတယ်။ BatteryDoc အစရှိတဲ့ app မျိုးကို ဖုန်းတွင်ထည့်ထားပြီး ဖုန်းအားသွင်းပါက ဖုန်း battery သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုခံပါတယ်
၎။ ဖုန်းပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန်နည်းလမ်း။
ဖုန်းပျောက်ဆုံးခြင်းက လွန်စွာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ OS ဖုန်း တော်တော်များများ ပျောက်ဆုံးပါက ပြန်ရှာနိုင်ရန် built in service များထည့်သွင်းထားနိုင်ပါတယ်။ ပျောက်ဆုံးချိန်တွင် ပျင်းရိမနေပဲ လျင်မြန်စွာပြန်ရှာသင့်ပါတယ်။ (အင်တာနက် ကောင်းမွန်ရန် လိုအပ်ပါသည်)
၅။ ဖုန်း ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်ရန်။
ဖုန်း ကို လက်ထဲမှ လွတ်ကျခြင်းက အမြဲဖြစ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် scratch protection များထည့်သွင်းသင့်ပါတယ်။ Protectors များတွင် ဈေးနှုန်းချိုသာသော protectors များလည်းရှိပါသည်။ ZAGG invisibleSHIELD နှင့် Armortech ကဲ့သို့သော screen protectors များသည် သင်၏ smartphone မျက်နှာပြင်ကို မတော်တဆထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
(C) trend.com.mm 
post by - tintunoo
Android အတွက် 10ချက်
မိုဘိုင်းထုတ်ကုန်များ အသုံးပြုရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်ထားနိုင်သည့် နည်းလမ်းများနှင့် အလေ့အထများကို သိရှိထားရန် လိုအပ်သည်။ ထို့ကြောင့် Android အသုံးပြုသူများ အတွက် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလုံခြုံမှုရှိစွာဖြင့် အသုံးပြုနိုင်မည့် အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါသည်။
(၁) Lock screen ကို PIN/pattern/password ဖြင့် သတ်မှတ်ထားပါ။
Android သုံးစွဲသူများ အနေနှင့် လုပ်ငန်းသုံး စမတ်ဖုန်း သို့မဟုတ် tablet ကွန်ပျူတာတစ်ခုကို PIN/pattern/password တစ်ခုခုဖြင့် lock ပြုလုပ်ထားခြင်း မရှိပါက အချက်အလက်များ ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ Pattern တစ်ခုဖြင့် unlock ပြုလုပ်သည့်အခါတွင် အသုံးပြုပြီးသည့်နောက် screen ကို အဝတ်စဖြင့် သုတ်သင့်သည်။ သို့မဟုတ်ပါက screen ပေါ်တွင် pattern ဆွဲစဉ်က ကျန်ခဲ့သည့် လက်ဗွေရာကြောင့် ဖုန်းကို unlock ပြုလုပ်သွားနိုင်သည်။
(၂) လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်ပါနှင့်။
စမတ်ဖုန်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်သင့်ပေ။ ကော်ဖီဆိုင်၊ စားသောက်ဆိုင်စသည်တို့ဖြင့် ကွန်ရက်ချိတ်ဆက်၍ အသုံးပြုနိုင်သော်လည်း wireless ကွန်ရက်တွင် password မရှိပါက အရေးကြီးသည့် ကုမ္ပဏီအချက်အလက်များကို ပေးပို့ခြင်းအား ရှောင်ကြဉ်သင့်သည်။
(၃) ဖုန်းတွင် storage encryption ကို သတ်မှတ်ထားပါ။
ဖုန်းပေါ်တွင် အချက်အလက်များကို encrypt ပြုလုပ်ထားသင့်သည်။ ၎င်းသည် ဖုန်းကို အသုံးပြုသည့်အခါ encryption password တစ်ခု လိုအပ်သည်။ ၎င်းသည် lock screen password ထက် ပိုမိုလုံခြုံမှုရှိပြီး crack လုပ်ရာတွင်လည်း အလွန်ခက်ခဲသည်။
(၄) App installation အတွက် unknown source ကို enable မလုပ်သင့်ပါ။
Google Play Store က မဟုတ်သော third-party application များကို install လုပ်သည့်အခါ အရေးကြီး အချက်အလက်များ ခိုးယူခံရနိုင်သည်။ ထို့ကြောင့် third-party app များကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်သင့်ပေ။
(၅) Anti-malware app တစ်ခုကို အသုံးပြုပါ။
Google က Play Store မှာ app တွေကို စစ်ဆေးပြီး malware ရန်ကနေ အကောင်းဆုံး ကာကွယ်ပေးပေမယ့်လည်း Malwarebytes လိုမျိုး anti-malware app တစ်ခုကို ပုံမှန် အသုံးပြုသင့်သည်။ ထို့အပြင် app တစ်ခုကို ထည့်သွင်းပြီးတိုင်း anti-malware app ဖြင့် အမြဲ scan လုပ်သင့်သည်။
၆) Secure Update Scanner ကို အသုံးပြုပါ။
Secure Update Scanner ကို ထည့်သွင်း အသုံးပြုခြင်းကလည်း တစ်မူထူးခြားသည့် လုံခြုံရေးအန္တရာယ်ကို ကာကွယ်နိုင်သည်။ Developer များသည် အစပိုင်းတွင် အန္တရာယ်ကင်းသည့် app များကို ဖန်တီးပေးပြီး update ပြုလုပ်ခိုင်းသည့်အခါတွင် malware များကို ထည့်သွင်းနိုင်သည်။ ထို့ကြောင့် Secure Update Scanner ကို အသုံးပြုပြီး ပုံမှန် စစ်ဆေးခြင်းက app update နှင့် operating system update များတွင် malware ပါဝင်သည့် အန္တရာယ်နှင့် ကင်းဝေးစေမည် ဖြစ်သည်။
(၇) App အတွက် permissions စာရင်းကို သေချာဖတ်ပါ။
App တွေကို install ပြုလုပ်သည့်အခါ permissions စာရင်းကို မဖတ်ဘဲ install မလုပ်သင့်ပါ။ အကယ်၍ ဂိမ်း သို့မဟုတ် note-taking app တစ်ခုကို ထည့်သွင်းသည့်အခါ permissions စာရင်းတွင် ဆက်သွယ်မှု၊ ဖုန်းနံပါတ်နှင့် ကွန်ရက်အချက်အလက်များကို အသုံးပြုရန် ခွင့်ပြုချက်များ လိုအပ်ကြောင်း ဖော်ပြထားသည်။ ခွင့်ပြုချက်ပေးခဲ့ပါက malware များကို ထည့်သွင်းနိုင်သည်။
(၈) SIM ကတ်ကို lock လုပ်ပါ။
ဖုန်းမှ အချက်အလက်များကို encrypt လုပ်သလို SIM ကတ်ကိုလည်း lock လုပ်ထားသင့်သည်။ SIM ကတ်ကို lock ထားသည့်အခါ ဖုန်းကို restart လုပ်တိုင်း PIN နံပါတ် တောင်းမည်ဖြစ်သည်။ ထို့ကြောင့် ဖုန်းမှ အချက်အလက်များ ဆုံးရှုံးမည်ကို စိုးရိမ်ပါက SIM ကတ်တွင် PIN နံပါတ်ဖြင့် lock ပြုလုပ်ထားရန် လိုအပ်သည်။
(၉) မလိုအပ်သည့်အချိန်တွင် Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ပိတ်ထားပါ။
Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ဖွင့်ထားသည့်အခါ အခြား ထုတ်ကုန်များက သင့်၏ ဖုန်းကို မြင်တွေ့နိုင်သည်။ ၎င်းသည် လုံခြုံရေးချိုးဖောက်မှုအတွက် လမ်းဖွင့်ပေးသလို ဖြစ်နိုင်သည်။ ထို့ကြောင့် မလိုအပ်သည့် အချိန်တွင် အဆိုပါ ဝန်ဆောင်မှုများကို ဖွင့်လျက် မထားသင့်ပေ။ ၎င်းသည် လုံခြုံရေး အန္တရာယ် ရှိနိုင်သလို ဘက်ထရီလည်း ကုန်ဆုံးလွယ်စေသည်။
(၁၀) Location setting ကို လိုအပ်မှ ဖွင့်ပါ။
အသုံးပြုရန် မလိုအပ်သည့်အခါ location setting ကို ပိတ်ထားသင့်သည်။ ၎င်းသည် Android ထုတ်ကုန်၏ လုံခြုံမှုနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဖုန်း၏ လုံခြုံမှုစနစ်ကို ထိန်းချုပ်နိုင်သောကြောင့် အချက်အလက် ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ လိုအပ်ချိန်မှသာ location setting ကို ဖွင့်ပြီး အသုံးပြုခြင်းသည် ဘက်ထရီ အလျင်အမြန် ကုန်ဆုံးခြင်းကို လျော့နည်းသက်သာစေသည်။ ထို့အပြင် မလိုလားအပ်သည့် အချက်အလက် သုံးစွဲမှုကိုလည်း လျော့နည်းစေသည်။
               post by - tintunoo
လိုင်းကောင်းအောင်လုပ်ချင်း
အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................
 Smart ဖုန်းတွေမှာ
လိုင်းဆွဲအား နည်းတဲ့နေရာကို ရောက်သွားရင် intana 
တပ်ပုံလေးပြလိုက်ထှာ ဟိုးအရင်ကလည်း
ပြောဖူးပါဒယ်
လိုင်းမကောင်းတာကို ကောင်းအောင်
လုပ်ပေးနိုင်မှာမဟုတ်ပါဘူး signal
သိပ်မမိတော့တဲ့ အခါ အခုလို တပ်နိုင်အောင်ပါ
အာ့ intana အပေါ်က်ကလေးက
snart phone တိုင်းမှာပါပါတယ်
battery cover ကို ခွါလိုက်တာနဲ့
အာ့ အပေါက်လေးကို ရှာကြည့်လို့ရပါတယ်
တချို့ကျတော့ အတွင်းထဲမှာပဲပါပီး 
cover နဲ့ ပိတ်ထားလို့မမြင်ရပါဘူး
တချို့ကျတော့ cover ကို့နေရာမှာ
ဖောက်ပေးထားပါတယ်
အာ့လိုဖောက်ပေးထားရင်
battery covery ကို ချွတ်
Coil ကြိုး အနေတော်လေးကို
အဖျားနားကို ဓါးလေးနဲ့ ချစ်ထုတ်လိုက်
ကော်တေပျက်သွားအောင်ပါ ပီးရင်
Coil လေးကို အာ့ အပေါက်ထဲက ကြေးနီ ပိုက်အလည်ခေါင်ကို
 စိုက်လိုက်ပီ ပြုတ်မထွက်အောင် တိတ်နဲ့ ယာယီထိမ်းထားလိုက် 
ပီးမှ ထို COIL လေးကို BATTERY အဖုန်းနဲ့ ဖိပီး ပိတ်ထားလိုက်ပါ
ဖုန်းရဲ့ အပြင်ဘက် 4လက်မလောက်
ထွက်အောင် အရှည်ကိုထုတ်ထားလိုက်ပါ
phone သို့ မဟုတ် tablet တွေမှာ virus ကိုက် နေ ပြီ လား ........?
phone သို့ မဟုတ် tablet တွေမှာ virus ကိုက် နေ ပြီ လား ........? အရမ်း ကို ခက် တဲ့ ပြသနာ မဟုတ် တဲ့ အတွက် မိမိ ကိုယ် တိုင် ..အလွယ် တစ်ကူ virus တကယ် ရှိ မရှိ ကို အောက်ပါ အချက် အလက် တွေ ကို လေ့ လာ ပြီး  ဖြေ ရှင်း လို့  ရပါ တယ်။
virus ရှိတဲ့  လက္ခာဏာ များ
======================
  2. frequent freezing ။မိမိဖုန်းကို အသုံးပြု နေ စဉ် ရုတ်တရက် hang ပြီး တစ်ခါတစ်လေမှာ restart ပြန်ချပေးရခြင်း။restart ချ ပေး တာ တောင် power ပိတ်မရ တဲ့ အတွက် battery ထုတ်ပြစ်ရခြင်း။
  3. switching of Automatically ။ တစ်နေ့ မှာ ( ၃-၄ ကြိမ် )မိမိ ဖုန်းဟာ အလိုအလျောက် ဖုန်းပိတ် ပိတ် သွားခြင်း။
  4. Restarting ။ တစ်ခါ တစ်ရံ မှာ မိမိ ဖုန်းဟာ ပိတ် ရမဲ့ အစား အလိုအလျောက် restart ကျသွားခြင်း
  5. no booting properties ။ တစ်ခါတစ်ရံ virus ဝင်ရောက်မှူ့ ကြောင့်  boot တက် မလာ တော့ ပဲ blank screen နှင့်  ဖုန်းအသုံးပြု ဖို့ အဆင်မပြေခြင်း။
  6. failure of some application ။တစ်ချို့ သော application များကောင်းစွာ အလုပ် မလုပ် တော့ ခြင်း။
  7.  အထက်ပါ ဖော်ပြ ချက် တွေ နဲ့  ကိုက်ညီမှူ့ ရှိ နေပြီဆိုရင်တော့ သင့် အနေ နဲ့  မိမိ ဖုန်းမှ virus ကို ကိုယ် တိုင် ကိုယ် ကျ ရှင်းလင်းသုတ်သင် ဖို့ လို အပ် လာပါပြီ။
သင့် ဖုန်းက virus ကို သုတ်သင် ဖို့ အတွက် အကြံပြုချက်
  1. virus ကို MMC Card ထဲအထိ အမှန်တကယ်သတ်ပေးနိုင်တဲ့  apk တစ်ခုခု  ကို insall လုပ်ပြီးအသုံးပြု ကြည့် ပါ။
  2. မိမိတို့ ဖုန်းကို virus သတ်လို့ အဆင်မပြေ နိုင်တော့ ဘူး ဆို ရင် menu >setting ကနေ reset ချ ပြီး orginial ဖြစ်အောင် ကြိုးစားကြည့် ပါ။
  3.  တကယ်လို့  rest ပြန် လုပ် ဖို့ အခက် အခဲ ရှိနေ သေးတယ်ဆို ရင် (*2767*3855# ) ကိုရိုက်ပြီးphone memory (internal memory ) ကို formart ချပြီးအသုံးပြု နိုင်ပါတယ်။
  4.  အထက်ပါအချက် တွေနဲ့ ဖြေ ရှင်းလို့ အဆင်မပြေ တော့ ဘူးဆို ရင် ဖုန်းကို flashing လုပ်ပြီး အကောင်းပကတိ လုပ်ဆောင် နိုင် တယ်ဆို တဲ့ အကြောင်း အကြံပြု တင်ပြပါရစေ။
    post by---tintunoo
    Download :  MB
    Download Link 1
    Download Link 2
    Download Link 3
    Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...
    Post a Comment
    Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အနည်းဆုံး
    Download Link ကို 2 ခု တင်ပေးထားပါတယ်.. တစ်ခုနဲ့မရရင် တစ်ခုနဲ့ ဒေါင်းပါ.. အဆင်ပြေပါစေ..
    Total Pageviews
    7093434
    Donate Me !
    All Updates Reader ရယူရန်
ကျွန်တော်တို့ မြန်မာပြည်ကနေ Widnows 8 နဲ့ Windows 8.1 ကိုသုံးတဲ့သူတွေ အများစု ဒုက္ခအရောက်ဆုံး ကိစ္စကတော့ Windows Store ကို တရားဝင်သုံးလို့ရတဲ့ List ထဲမှာပါရဲ့သားနဲ့ ဝင်မရတဲ့ ပြဿနာပါ။ Store ဝင်မရတဲ့အတွက် Windows 8 နဲ့ 8.1 user တွေ တော်တော်လေး ဒုက္ခရောက်ပါတယ်။ Windows 8 မှာဆိုရင် 8.1 update free ပေးတာတောင် Store ဝင်မရတာနဲ့ update ကိုလက်လွတ်ရမလိုပါပဲ။ Windows Surface တွေတော့ တချိ့ဝင်လို့ရတယ်လို့ အွန်လိုင်းမှာတွေ့တယ်။ ကိုယ်တိုင်တော့ မသုံးကြည့်ဘူးဖူး။ ကဲ လိုမယ့် ဆော့ဝဲလေးကတော့ များများစားစားမရှိပါဘူး။ ဒီလင့်မှာ ဒေါင်းလိုက်ပါခင်ဗျာ။ ဘယ်လိုလုပ်မလဲဆိုတာ  အချုပ်အရင် ပြောမယ်နော်.. ရိုးရိုးရှင်းရှင်းလေးပါပဲ၊ မြန်မာပြည်က ဝင်မရလို့ တခြားနိုင်ငံကနေ ဝင်သလိုမျိုးလုပ်မှာပါ။ vpn ပေါ့ သုံးတဲ့ app ပေါ်မူတည်ပြီး နိုင်ငံရွေးချယ်မှုကွဲပါမယ်။ ဒီအောက်က လင့်ကတော့ အဆင်ပြေမှာပါ။ ကိုယ်တိုင်လည်း လက်ရှိသုံးနေတာဆိုတော့။
ပုံထဲကအတိုင်း Windows ဖြစ်တဲ့အတွက် အပေါ်ဆုံးကဟာကို ဒေါင်းလိုက်ပါ။ တခြား vpn တွေလည်းရှိပါသေးတယ်.. ကိုယ်နဲ့အဆင်ပြေတာ သုံးကြည့်လို့ရပါတယ်။ ဒါလေးကတော့ အလကားရတဲ့ ဟာလေးပါ။ အင်စတောလုပ်ပြီးရင် နောက်တစ်ခု ဒေါင်းရပါအုံးမယ်.. http://www.vpnbook.com/  ဒီဆိုက်ဒ်ထဲမှာ
 ပုံထဲကအတိုင်း ၄ ခု ဒေါင်းလို့ရပါတယ်။ Recommend ပေးချင်တာက အောက်ဆုံးက US Server လေးပါ။ အပေါ်လေးမှာပဲ Username နဲ့ Password ကိုပေးထားပါတယ်။ Username   ကတော့ အမြဲတန်း vpnbook  ပဲ။ Password ကတော့ ၁၅ ရက်တစ်ခါလောက်ပြောင်းတယ်။ စိတ်မပူပါနဲ့ ပြောင်းသွားရင်လည်း ဒီဆိုက်ဒ်ထဲ ဝင်ပြီးပြန်ကြည့်လို့ ရပါတယ်။ ဒါဆို tools စုံသွားပါပြီ။ Openvpn Client ကိုပုံထဲကအတိုင်း ဖွင့်လိုက်ပါခင်ဗျား။
အသုံးဝင် I-Phone tricks 10ခု
iPhone ဟာ အလွန်ကောင်းမွန်တဲ့စမတ်ဖုန်းဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့် iPhone ရဲ့ Settingsတွေကို သင့်ရဲ့ အသုံးပြုပုံပေါ်မူတည်ပြီး ပြောင်းလဲအသုံးပြုမှသာ အစွမ်းထက်မှာပါ။ နောက်ပြီး iPhoneမှာ စွမ်းဆောင်ချက်များစွာ ပါရှိတဲ့ အတွက် အဲဒါတွေအားလုံးကို သိနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အခုဆောင်းပါးမှာ အသုံးဝင်တဲ့ iPhone Tricksတွေကို ဖော်ပြလိုက်ပါတယ်။ ဒါတွေက iOS 7အတွက်ဖြစ်ပြီး iOS 8 Betaအတွက် မဟုတ်တာကို သတိပြုပါ။
ဓါတ်ပုံများ ပွားနေတာကို ပိတ်ပါ။
iPhoneမှာ HDR (High Dynamic Range) စွမ်းဆောင်ချက်ပါရှိပြီး ဓါတ်ပုံများ အရည်အသွေးကောင်းမွန်စေပါတယ်။ ဒါပေမယ့် ဓါတ်ပုံများရိုက်ကူးတဲ့ အခါမှာ HDR နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံရော သာမာန်အတိုင်းရိုက်ထားတဲ့ ဓါတ်ပုံကိုပါ သိမ်းပေးထားတာဖြစ်တဲ့အတွက် ဓါတ်ပုံများပွားနေတာက မနှစ်သက်စရာပါ။ သာမာန်အတိုင်းရိုက်ထားတဲ့ ဓါတ်ပုံတွေကို မလိုချင်ရင် အောက်က Settingsထဲမှာ ပိတ်ထားနိုင်ပါတယ်။
Settings > Photos & Camera > Keep Normal Photo
ကြေညာရှင်တွေရဲ့ စောင့်ကြည့်နေမှုကို ပိတ်ပါ။Appleက iOSမှာ Appများက သင့်ရဲ့ အသုံးပြုမှုကို စောင့်ကြည့်နိုင်ပြီး သင့်တော်တဲ့ ကြော်ညာများ ပြသပေးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ သင့်ရဲ့ ပုဂ္ဂလိက လုံခြုံရေးကို ကြော်ညာရှင်များ မသိစေချင်ရင် အောက်က Settingsမှာ ပိတ်ထားနိုင်ပါတယ်။
Settings > Privacy > Advertising > Limit Ad Tracking 
apk
ကျွန်တော်ဒီ apk လေးကိုရေးဖြစ်ရချင်းအကြောင်းအရင်းက
ဒီ apk မှာမြန်မာဖုန်း သတင်းနဲ့ ပတ်သတ်တဲ့ သတင်းတွေပါမယ်
google android နဲ့ ပတ်သတ်တဲ့ သတင်းတွေပါမယ်
အစုံအလင်ပါပါတယ်
အဓိက ကတော့ နယ်မှာရှိတဲ့ မိဘပြည်သူတွေအတွက်ဦးစားပေးပါ
သူ့ တို့ အတွက်ကဖုန်းအင်တာနက်ရှိရုံနဲ့ 
သတင်းအပြည့် အစုံဖတ်လို့ ရအောင်ပါ
 ဒီapkကိုတော့ 
ဥက္ကံမြို့ မှာရှိတဲ့ 
လင်းရာမ ဖုန်းအမျိုးမျိုးပြုပြင်ရေးမှ
software developer ကိုတင်ထွန်းဦး ရေးသားထားတာပါ
ကျွန်တော်ကိုတိုင်ပေါ့ ဗျာ
စမတ်ဖုန်းတစ်လုံးရဲ့ အစိတ်အပိုင်းတွေနဲ့ LG စမတ် နာရီ
နောက်ဆုံးမှတော့ Google တွေးထားခဲ့တဲ့ အတိုင်းပဲ သူရဲ့ LG နဲ့အတူတူ ပူးပေါင်းလုပ်ဆောင်ထားတဲ့ Android wear စုဆောင်းမူတစ်ခုဖြစ်တဲ့ စမတ်နာရီဟာ ရောက်ရှိလာခဲ့ပါပြီ။ ယူကေ၊ ကနေဒါ၊ ဂျာမနီ အာရှမှာ ဆိုရင်တော့ တောင်ကိုးရီးယားနဲ့ ဂျပန်အပါအ၀င် နိင်ငံပေါင်း ၁၂ နိင်ငံတို့မှာ ရရှိနိင်မှာ ဖြစ်ပြီး ကြိုတင် အော်ဒါမှာယူမူတွေ ပြုလုပ်နိင်နေပြီးလို့ သိရပါတယ်။ G Watch ကို ၀တ်ဆင်စရာ နာရီ တစ်လုံးအဖြစ် တွေ့ရှိရမှာ ဖြစ်ပြီး စမတ်ဖုန်းတစ်လုံးရဲ့ ပရောဆက်ဆာတွေပါဝင်နေပါတယ်။ Galaxy S4 Mini ထဲမှာပါဝင်တဲ့ Qualcomm processor နဲ့တူညီတဲ့ လုံလောက်ပြည်စုံတဲ့ Snapdragon 400 ချပ်စ်နဲ့ လာခဲ့တာ ဖြစ်ပြီး ဒေါ်လာ ၂၂၉ နဲ့ ရရှိနိင်မှာပါ။
ထူးခြားမူတွေကတော့ အသံနဲ့ လုပ်ဆောင်နိင်မူတွေနဲ့ Google Now ကို ပေါင်းစပ်ပါဝင်လာပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက်ကာ မျက်နှာပြင်ပေါ်မှာ စာရိုက်နှိပ်နေမဲ့အစား စကားပြောပြီး စာရိုက်ခြင်းတွေကို ပြုလုပ်နိင်လာပါမယ်။ သိုလှောင်မူကို 4GB ထည့်ပေးထားပြီး အခြားမှတ်ဥာဏ် သိုလှောင်မူအတွက် 512MB ထည့်ပေးထားပါတယ်။ ဘတ္တရီ နေရာမှာ ဆမ်ဆောင်းရဲ့ စမတ်နာရီထက် ပိုအားပြည့်ဝတဲ့ 400mAh ကိုထည့်ပေးထားပါတယ်။ စွန်းထင်မူကင်းတဲ့ စတီးတွေ၊ ဆီလီကွန်သားတွေနဲ့ ပြုလုပ်ထားပြီး IP67 ရေစို သံချေးတက်ခံနိင်ပါတယ်။
မိုးလေ၀သ ခန့်မှန်းကြေငြာချက်များ၊ သတိပေးမူ reminder များပါဝင်မူ၊ ဖုန်းဖြင့် သွယ်တန်းကာ ဖုန်းအဝေးမှာ ရှိနေသော်လည်း စာတို မက်ဆေ့များကို လက်ခံရယူနိင်မူ၊ နေရာဆိုင်ရာ လမ်းညွှန်မူတွေကို OK Google မှတစ်ဆင့် အဆင့်သင့် မြန်ဆန်စွာ ရရှိနိင်မူ၊ ဘာသာပြန်ဆိုမူတွေ ရရှိနိင်မူ၊ ဆိုရှယ် နက်ဝပ် မက်ဆေ့များကို လက်ခံရယူနိင်မူ၊ စတာတွေ အပါအ၀င် လုပ်ဆောင်နိင်မှာ ဖြစ်တဲ့ LG G watch ပါ။
Android 4.3 နဲ့ အထက် ဖုန်းတွေနဲ့ ချိတ်ဆက်နိင်မှာ လို့သိရပါတယ်။
post by - tintunoo
နှုတ်က ဖွင့်မပြောကြတဲ့ လူ့ခံစားချက် အချို့
၁။ တိတ်ဆိတ်နေခြင်းက တစ်ဖက်လူရဲ့ အာရုံ စူးစိုက်မှုကို လိုအပ်ကြောင်း ပြတဲ့ အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ပါတယ်။
၂။ ည အချိန် ဖုန်းဆက်ခြင်း၊ မက်ဆေ့ခ်ျပို့ခြင်းက အနှောင့်အယှက် ပေးရန်၊ ဘတ်ဒေး ဆုတောင်းရန် မဟုတ်ပဲ တစ်ခါ တစ်လေမှာ သူ အထီး ကျန်နေ ကြောင်း စကားပြောဖော၊ ဆွေးနွေးတိုင်ပင်ဖော် လိုအပ်ကြောင်း ပြဆိုခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။
၃။ မျက်လုံး မိတ်လိုက်တိုင်း အိပ်တယ်လို့ မဆိုနိုင်ပါဘူး။ တစ်စုံ တစ်ယောက်ကို ရည်ရွယ်ပြီး စိတ်ကူးနဲ့ တွေးနေတဲ့ အခါမှာလည်း မျက်လုံး မိတ်ထား တတ်ကြ ပါတယ်။
၎။ သီချင်း တစ်ပုဒ်ကို နှစ်နှစ်ခြိုက်ခြိုက် နားထောင် နှစ်မျော နေသူ တစ်ဦးက ကြိုက်ရုံတင် မက ပါဘူး။ တစ်ခါတစ်ရံဟာ သူ့ရဲ ခံစားချက်နဲ့ ထိတွေ့ တိုက် ဆိုင် နေတတ်လို့လည်း ဖြစ်နိုင် ပါတယ်။
                ရိုးရာလေးမှကူးယူတင်ပြသည်၊
post by - tto
ကျပ်ငွေ သိန်းတစ်ရာနီးပါးရှိတဲ့ GPS နာရီ
အများထက် နာရီ အချိန်မှာ တိကျမူ တစ်ခု ရှိတာ အားသာချက် တစ်ခုပါပဲ။ VCXO Ox One လို့ အမည်ရှိတဲ့ နာရီဟာ GPS နည်းပညာရယ်စက်နဲ့ဆိုင်တဲ့ ရွေ့လျားမူပုံစံရယ် အဲဒီ နှစ်ခုကြားမှာ ရှိတဲ့ ပြိုင်ဘက်ကင်းမူ တစ်ခု အနေနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ GPS လို့ခေါ်တဲ့ အချိန်နဲ့ နေရာတွေကို ဂြိုလ်တု ကနေ စီစဉ်ပေးပြီး သိရှိစေတဲ့ စနစ်ဟာဆိုရင် စကြာဝဋ္ဌာကြီးရဲ့ အချိန်အားဖြင့် တိကျ မှန်ကန်မူ တစ်ခုလို့ ဆိုနိင်ပြီး နာရီ တော်တော်များများကလည်း ဒီလိုဖြစ်ဖို့ စိတ်ပါဝင်စားကြပါတယ်။
VCXO Ox One ဟာ ဆိုရင် GPS ယူနစ် တစ်ခု ကို ထိပ်မှာ
တပ်ဆင်ခြင်းနဲ့အတူ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ထို GPS နည်းပညာနဲ့ အတူ အချက်အလက်တွေကို လက်ခံရယူပြီး အချိန်ရဲ့ တိကျမူတွေကို နာရီထဲမှာ လုပ်ခွင့်ပြုထားပါတယ်။ ထို နည်းပညာဟာ စကြ၀ဋ္ဌာကြီးရဲ့ သက်တမ်း နည်းပညာနဲ့ အတူတူ ဖြစ်ပါတယ်။ ထိုကြောင့် VCXO Ox One ကို ၀တ်ဆင်ထားမယ် ဆိုရင်တော့ နိင်ငံခြားသို့ သွားတဲ့နေရာတွေမှာ အချိန်ကို တကူးတစ်က တိုက်စရာမလိုဘဲ လက်မှာ ပါရှိတဲ့ Magic bottom လို့ခေါ်တဲ့ ခလုတ်ကို နှိပ်ရုံနဲ့ အချိန်တွေ တိကျစွာ ကို နိင်ငံ အလိုက် GPS ထောက်ပံ့မူ ဂြိုလ်တုတွေ ကနေတစ်ဆင့် ရရှိနိင်မှာ ဖြစ်ပါတယ်။
နာရီရဲ့ ဖောင်ဒေးရှင်း အနေနဲ့ ဆွီဇာလန် မိတ်TT-738 အော်တို ရွေ့လျားမူတွေကို သုံးပေးထားပြီးအချိန် တိကျ မှန်ကန်မူ တွေအတွက် နာရီ မရပ်သွားစေ ရအောင် ၅ရက်စာ အပြည့် ပါဝါ သီးသန့် ထားရှိမူတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် အားသိုလှောင်မူကို နှစ်မျိုး ဖွဲ့စည်းထားတာကို တွေ့နိင်ပါတယ်။ အထင်ကြီးစရာ နောက်ထပ် နှစ်ခု ရှိပါသေးတယ် ဒါကတော့ COSC ဆိုတဲ့ အချိန် အလွန်တိကျသော နာရီ အသိအမှတ် ပြုခံ ခဲ့ရခြင်းနဲ့
တစ်ပြိုင်နက် နေ့ရက်တွေကို ပြောင်းလဲနိင်ခြင်း တို့ပဲ ဖြစ်ပါတယ်။ နာရီ အကျယ် ၄၆မီလီမီတာ၊ အထူ ၉မီလီမီတာ ရှိကာ ၀တ်ဆင်မူတွေအတွက် အဆင်ပြေအောင် ပြုလုပ်ထားပေးပါတယ်။ ကြော့ရှင်းလှပတဲ့ ဒီဇိုင်းတွေနဲ့ ပုံမှန်နာရီတွေထက် ထူးခြားကာ ရေအောက် ၃၀ မီတာအထိ ၀တ်ဆင်သွားနိင်ပါတယ်။ သို့ပေမဲ့ ထွက်ရှိဖို့ အနည်းဆုံး (၆)လလောက် စောင့်ရဦးမှာ ဖြစ်ပြီး စွန်းထင်မူ ကင်းတဲ့ စတီးသားတွေနဲ့တွေ့ရှိရမှာ ဖြစ်ကာ ကြိုတင်အော်ဒါတွေ အတွက်ကတော့ $9,150, $11,200 နဲ့ $41,150 မှာ ရှိပါလိမ့်မယ်။
post by - tto
The New HTC One (M8) Available Now
The New HTC One (M8) Available Now                                                                          18 Months Official Warranty (မြန်မာစာစနစ်ပါဝင်ပြီး)
Price: 679,000 Ks.
Available Color: Dark Grey 
တယ်လီနောဆင်းမ်ကတ်များ
တယ်လီနောဆင်းမ်ကတ်များ ၁၅၀၀ကျပ်ဖြင့် စက်တင်ဘာလတွင် စတင်ရောင်းမည်
တယ်လီနောမြန်မာကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ်များကို စက်တင်ဘာလတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး အသက်အရွယ်ကန့်သတ်ချက်မရှိဘဲ မှတ်ပုံတင်ရှိသူတိုင်း မိုဘိုင်းဆင်းမ်ကတ်များ လိုသလောက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆင်းမ်ကတ်များဝယ်ယူရန်အတွက် ကြိုတင်စာရင်းပေးသွင်းခြင်းမျိုးမရှိဘဲ ဆင်းမ်ကတ်များကို ၁,၅၀၀ကျပ်အတိဖြင့် ရောင်းချသွားမည်ဖြစ်ရာ စိတ်ဝင်စားဖွယ်အရောင်းမြှင့်တင်မှုအစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီက ထုတ်ပြန်သည်။
Samsung Galaxy Tab 4 7.0 (New Arrival) 255,000 Kyats
Samsung Galaxy Tab 4 7.0 (New Arrival) 255,000 Kyats
HTC Drsire 816
စီဒီအမ်အေဟန်းဆက်ကောင်းကောင်းကိုင်ချင်သူများအတွက် HTC ရဲ့အသစ်ထွက် Desire 816 ကို Phone Corner တွင်ဝယ်ယူရရှိနိုင်ပါပြီ။
GSM နှင့် CDMA 800MHz နှစ်ကဒ်သုံးအမျိုးအစားဖြစ်ပြီး SIM1 Slot တွင်CDMA 800MHz, WCDMA, GSM ၃မျိုး လုံးကို ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင် 3G Network ကိုရရှိမည်ဖြစ်ပါသည်။
SIM 2 မှာဆိုရင်တော့ GSM ကဒ်ထည့်သုံးနိုင်ပါသည်။  
ထူးခြားချက်အနေဖြင့် Selfie ရိုက်ကူးရာတွင် ပိုမိုကောင်းမွန်သောရုပ်ထွက်ရရှိအောင် 5
MP ကင်မရာကို အရှေ့ ဘက်တွင်တပ်ဆင်ပေးထားပြီး အနောက်ဖက်တွင်တော့ 13MP 
ကင်မရာကိုတပ်ဆင်ပေးထားပါသည်။ Video ရိုက်ကူးရာတွင်လည်း အရှေ့ /အနောက်ကင်မရာနှစ်ခုလုံး 1080p Full HD Video ရိုက်ကူးပေးနိုင်မည်ဖြစ်ပါသည်။
CPU စွမ်းဆောင်ရည်အနေဖြင့် အရည်အသွေးမြင့် Qualcomm Snapdragon 400 အမျိုးအစားကိုအသုံးပြုထားပြီး 1.6 Quad-core CPU Speed ရရှိမည်ဖြစ်ပါသည်။ 
Internal Memory 8GB ပါဝင်ပြီး 128GB အထိတိုးမြှင့်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ RAM 1.5GB ပါဝင်ပါသည်။
ကြီးမားကျယ်ပြန့်သော ၅.၅လက်မ HD720p Resolution မျက်နှာပြင်ကိုအသုံးပြုထားသောကြောင့် အင်တာနက်အသုံးပြုခြင်း၊ ဂိမ်းဆော့ခြင်းတို့အတွက်ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။
ရရှိနိုင်သောအရောင်များ - White, Dark Grey
*** မြန်မာစာစနစ်ပါဝင်ပြီး ၁၈လ တရားဝင်အာမခံ ***
ဈေးနှုန်း - ၃၆၉,၀၀၀ကျပ်
LG G3
အသစ်ထွက်ရှိလာသော LG G3 ကို ကြိုတင်အော်ဒါမှာယူနိုင်ပါပြီ။ 
 ဈေးနှုန်း - ၆၃၉,၀၀၀ ကျပ်
မြန်မာစာစနစ်ပါဝင်ပြီး တရားဝင် ၁ နှစ်အာမခံ (Made in Korea)
ရရှိနိုင်မည့်အရောင် - အဖြူ ၊ အမည်း
အသေးစိတ်အချက်အလက်များကိုတော့ အောက်ပါလင့်ခ်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
www.lg.com
Apple ရဲ့  IOS 7 ကို jailbreak လုပ်ရင်းပါလာတဲ့  pp software အားဖျက်ချင်း
ဘယ်ကစလုပ်ရမလဲဆိုတော့ 
cydia ထဲကိုသွားပြီးတော့ manage'n sources'n  edit'n add အောက်က repoကိုသွင်းလိုက်ပါ
cydia.anglexwind.net
သွင်းပြီးပါက ppsync က remover  ကို install လုပ်လိုက်ပါ
ပြီးရင် setting general profile ကိုသွားပြီး 25app ကိုဖယ်လိုက်ပါ၊ အခုပြောတဲ့ နည်းကတော့ 
jailbreak  လုပ်ထားတဲ့  apple ဖုန်းတွေအတွက်ပါ
jailbreak မလုပ်ထားတဲ့ ဖုန်းတွေ pp software ဖျက်ချင်ရင်တော့ 
ကျွန်တော်ပုံလေးတင်ပေးထားပါတယ်
ကြည့် ပြီးတော့ လုပ်ကြည့် လိုက်ပါဦးဗျာ
အမှန်ခြစ်လေးတော့ ဖြုတ်ထားခဲ့ နော်
                                  post-tintunoo
Sunday, June 29, 2014
C8825D GSM Internet Setting
ဖုန်းခေါ်တဲ Icon လေးကိုနှိပ်လိုက်ပါ.. *#*#2580#*#* ကိုရိုက်ထည့်လိုက်ပါ..
အဲ့ဒီမှာ.. GSM Data Connetion ဆိုတာ Box လေးနဲ့ကျလာပါလိမ့် မယ်
အဲ့ဒီBox မှာ အမှန်ခြစ်လေးပေးလိုက်ပါ...
ပြီးရင်တော့..ကျန်တဲ GSM Internet Setting ချိန်သလိုပဲ လိုအပ်တာတွေရိုက်ပြီး..Data ကိုOn
ကြည့် လိုက်ပါ..
သင်သုံးလို့မရဘူးဆိုတဲ့..Internet Setting ကိုသုံးလို့ရနေတာတွေ့ရမှာပါ...
                   post by -- tintunoo
Android ဖုန်းတွင် အသုံးပြုသော လျှို့ ဝှက်ကုဒ်များ
*#*#0588#*#* – Proximity sensor test
*#*#2664#*#* – Touch screen test
*#*#2663#*#* – Touch screen version
*#*#0*#*#* – LCD test
*#*#0842#*#* – Device test (Vibration test and BackLight test)
*#*#3264#*#* – RAM version
*#*#0283#*#* – Packet Loopback
*#*#232331#*#* – Bluetooth test
*#*#1472365#*#* – GPS test
                    Obtaining Firmware information
*#*#1234#*#* – PDA and Phone
*#*#1111#*#* – FTA SW Version
*#*#2222#*#*– FTA HW Version
*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number
*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate
*#*#4636#*#*- battery information, battery history, phone information, usage statistics