Monday, June 30, 2014

တယ်လီနောဆင်းမ်ကတ်များ

တယ်လီနောဆင်းမ်ကတ်များ ၁၅၀၀ကျပ်ဖြင့် စက်တင်ဘာလတွင် စတင်ရောင်းမည်
တယ်လီနောမြန်မာကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ်များကို စက်တင်ဘာလတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး အသက်အရွယ်ကန့်သတ်ချက်မရှိဘဲ မှတ်ပုံတင်ရှိသူတိုင်း မိုဘိုင်းဆင်းမ်ကတ်များ လိုသလောက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆင်းမ်ကတ်များဝယ်ယူရန်အတွက် ကြိုတင်စာရင်းပေးသွင်းခြင်းမျိုးမရှိဘဲ ဆင်းမ်ကတ်များကို ၁,၅၀၀ကျပ်အတိဖြင့် ရောင်းချသွားမည်ဖြစ်ရာ စိတ်ဝင်စားဖွယ်အရောင်းမြှင့်တင်မှုအစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီက ထုတ်ပြန်သည်။

No comments:

Post a Comment