ဒီရက်ပိုင်း လူပြောများနေတဲ့ 1MB ၂၅ ကျပ်ကိစ္စနဲ့ပတ်သက်ပြီးနည်းနည်းေ ပြာချင်လို့ပါ။
နိုင်ငံတကာမှာလည်း အင်တာနက် Plan နဲ့ဝယ်ထားတာကိုသုံးလို့ကုန်သွား ရင် ဖုန်း Bill ထဲကနေ 1 MB ကို 1 Dollar နီးနီးလောက်ကိုဖြတ်ပါတယ်။ တစ်ခါကဆို 1GB Data Plan ၀ယ်ထားပြီး အဲဒီ Plan သုံးလို့ကုန်သွားတာကိုပြန်မစစ်မိဘူး ။ အရည်အသွေးကောင်းကောင်းဓာတ်ပုံ ၉ ပုံလောက် Facebook ပေါ်တင်လိုက်တာ ၁၆ ဒေါ်လာလောက် ဖုန်း Bill ထဲကနေ ၃ မိနစ်လောက်အတွင်း...အနှုတ်ခံလိုက်ရတာမျိုးကြုံဖူးတယ် ။ Plan နဲ့ဝယ်တာက သာမန် Users သုံးအတွက် တော်တော်လေးဈေးသက်သာပါတယ်။ Internet ကို Plan နဲ့ဝယ်ထားတာ သုံးလို့မကုန်သေးသရွေ့ ဖုန်း Bill ထဲကနေမဖြတ်ပါဘူး ။ Plan နဲ့ဝယ်ထားတဲ့ Data ပမာဏကုန်သွားတာနဲ့ ဖုန်းမှာငွေဖြည့်ထားတဲ့ Bill ကနေတိုက်ရိုက်စဖြတ်ပါပြီ။ အဲဒီကျရင် အတော်လေးဈေးကြီးပါတယ်။ နိုင်ငံတော်တော်များများမှာလည်း ဒီပုံစံပါပဲ။ အခုပြောနေကြတဲ့ ၂၅ ကျပ်ဆိုတာက Plan နဲ့မဟုတ်ဘဲ ဖုန်း Bill ထဲကနေ တိုက်ရိုက်ဖြတ်တဲ့ ၂၅ ကျပ် ဖြစ်မှာပါ။ ကိုယ်သုံးနေတဲ့ Plan ကုန်သွားရင် Bill ထဲကနေ ဆက်ဖြတ်မယ့်ငွေပမာဏပုံစံပေါ့။
Ooredoo တင်မဟုတ်ဘူး Telenor ကျရင်လည်း ဒီလိုပုံစံပဲဖြစ်မှာပါ။ အရင်ကတော့ စင်ကာပူမှာလည်း Mobile Internet Data ကို Unlimited Plan နဲ့လည်းရောင်းတယ်။ နောက်ပိုင်း Download တွေတအားဆွဲကြတော့ Unlimited Plan ဆိုတာမထားတော့ဘူး ၊ GB အကန့်အသတ်နဲ့ပဲ Plan တွေရောင်းတော့တာတွေ့ရတယ်။
Ooredoo ရဲ့ Data Plan အသေးစိတ်ကိုတော့ ရက်ပိုင်းအတွင်း သိရတော့မှာပါ။ Plan နဲ့ကတော့ ဈေးသက်သာမှာသေချာပါတယ်။ ကိုယ့်ဖုန်း Bill ထဲကနေ ဈေးကြီးကြီးနဲ့အဖြတ်မခံရချင်ရင်တော့ ဖုန်းကနေ ကိုယ်ဝယ်ထားတဲ့ Internet Plan ငွေပမာဏဘယ်လောက်ကျန်သေးလဲဆိုတာကိုအမြဲစစ်ပါ။ ကုန်ခါနီးတာနဲ့ Plan တစ်ခုကိုချက်ချင်းပြန်ဝယ်ထားပါ။ ဒါဆိုရင် ကုန်ကျစရိတ်နည်းနည်းနဲ့ အင်တာနက်ကောင်းကောင်းသုံးလို့ရပါတယ်။
နိုင်ငံတကာမှာလည်း အင်တာနက် Plan နဲ့ဝယ်ထားတာကိုသုံးလို့ကုန်သွား
Ooredoo တင်မဟုတ်ဘူး Telenor ကျရင်လည်း ဒီလိုပုံစံပဲဖြစ်မှာပါ။ အရင်ကတော့ စင်ကာပူမှာလည်း Mobile Internet Data ကို Unlimited Plan နဲ့လည်းရောင်းတယ်။ နောက်ပိုင်း Download တွေတအားဆွဲကြတော့ Unlimited Plan ဆိုတာမထားတော့ဘူး ၊ GB အကန့်အသတ်နဲ့ပဲ Plan တွေရောင်းတော့တာတွေ့ရတယ်။
Ooredoo ရဲ့ Data Plan အသေးစိတ်ကိုတော့ ရက်ပိုင်းအတွင်း သိရတော့မှာပါ။ Plan နဲ့ကတော့ ဈေးသက်သာမှာသေချာပါတယ်။ ကိုယ့်ဖုန်း Bill ထဲကနေ ဈေးကြီးကြီးနဲ့အဖြတ်မခံရချင်ရင
No comments:
Post a Comment