Saturday, July 5, 2014


ဖုန်းအတွင်းပိုင်း လုပ်ဆောင်ချက်တွေနဲ့ user experience ကောင်းမွန်တဲ့ LG Nexus 4 ကိုအမြင့် ၅.၇ လက်မ၊ အကျယ် ၂.၇ လက်မနဲ့ ကိုယ်ထည်အထူ ၀.၃၆ လက်မ အရွယ်အသီးသီးနဲ့ ထုတ်လုပ်ထားပါတယ်။ စုစုပေါင်းအလေးချိန် ၄.၈ အောင်စရှိပြီး screen အရွယ်အစားကတော့ ၄.၇ လက်မရှိပါတယ်။
ဖုန်းရဲ့ဘယ်ဘက်မှာ အသံထိန်းခလုတ်ကို တပ်ဆင်ပေးထားပြီး ဖုန်းရဲ့ထိပ်ဘက်မှာတော့ ၃.၅ မီလီမီတာအရွယ် နားကြပ်ပေါက်နဲ့ Micro-USB pro ကိုတော့ ဖုန်းရဲ့အောက်ခြေမှာ ထည့်သွင်းထုတ်လုပ်ထားပါတယ်။ Display ရဲ့ညာဘက်အပေါ်ထောင့်မှာ 1.3-megapixel ကင်မရာတစ်ခု တပ်ဆင်ထားပြီး display ရဲ့အောက်ဘက်မှာတော့ LED notification light တစ်ခုပါဝင်ပါတယ်။ ဖုန်းရဲ့ကျောဘက်မှာတော့ LED flash ပါဝင်တဲ့ 8 megapixel ကင်မရာတစ်ခုကို ထည့်သွင်းထုတ်လုပ်ထားပါတယ်။ Nexus 4 မှာ Ture HD IPS+ touchscreen display ကိုအသုံးပြုတပ်ဆင်ထားပြီး 1,280×768 pixel resolution နဲ့အသုံးပြုနိုင်ပါတယ်။ Screen အရည်အသွေး အလွန်ကောင်းမွန်ပြီး စာသားတွေကို ရှင်းလင်းပြတ်သားစွာ ဖတ်ရှုရမှာဖြစ်သလို ပုံတွေကိုလည်း တိကျထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။ အရောင်တွေကို ဖော်ပြရာမှာလည်း သဘာဝနဲ့ အနီးစပ်ဆုံး တူညီမှုရှိအောင် တိကျပြတ်သားစွာ ဖော်ပြပေးနိုင်တာ တွေ့ရပါတယ်။ Android 4.2 Jelly Bean OS နဲ့အသုံးပြုနိုင်မှာဖြစ်ပြီး feature သစ်များစွာလည်း ထည့်သွင်းပေးထားပါတယ်။ Notification bar မှာ အချက်အလက်တွေကို ပိုမိုများပြားစွာ အသုံးပြုလာနိုင်မယ့်အပြင် Google Search နဲ့ Voice Search တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားတဲ့ Google Now feature သစ်ကိုလည်း Nexus 4 မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခြား feature တွေအနေနဲ့ကတော့ calculator, calendar, alarm clock, e-mail client, movie-editing app, news and weather app စတာတွေအပြင် Google app တွေဖြစ်ကြတဲ့ Chrome, Currents, Earth, Plus, Search, Local, Maps with Navigation, Messenger, Talk, Voice Search, YouTube နဲ့ Google Play စတာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။1.5 GHz Qualcomm Snapdragon S4 Pro quad-core ပရိုဆက်ဆာ အသုံးပြုထုတ်လုပ်ထားပြီး လုပ်ဆောင်ချက်တွေ လျင်မြန်ကောင်းမွန်တာ တွေ့ရပါတယ်။ 2100 mAh ဘက်ထရီအမျိုးအစားကို အသုံးပြုထားပြီး ၁၅ နာရီခန့် ကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်။ 2G စနစ်အတွက် GSM 850/900/1800/1900 စတဲ့ကွန်ရက်တွေနဲ့ HSDPA 850/900/1700/1900/2100 3G ကွန်ရက်တွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး 4G စနစ်တော့ အသုံးပြုနိုင်ခြင်း မရှိသေးပါဘူး။
အားသာချက် – LG Nexus 4 ကို Android 4.2 Jelly Bean operating system သစ်နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး quad-core ပရိုဆက်ဆာ ထည့်သွင်းထုတ်လုပ်ထားပါတယ်။ Photo-editing နဲ့ကင်မရာ feature သစ်တွေကိုလည်း ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။
အားနည်းချက် – Nexus 4 ရဲ့ဖွဲ့စည်းတည်ဆောက်ထားပုံက ကျစ်လစ်ကောင်းမွန်ပေမယ့် ဆန်းသစ်တီထွင်မှုတော့ မရှိပါဘူး။ ဖုန်းခေါ်ဆိုခြင်းအတွက် အသံစနစ်ကောင်းမွန်မှုမရှိဘဲ 4G LTE စနစ်လည်း အသုံးမပြုနိုင်ပါဘူး။
post-tintunoo

No comments:

Post a Comment