Friday, August 29, 2014

Apple မှ စက်တင်ဘာ ၉ ရက်နေ့တွင် iPhone 6 မိတ်ဆက်ပြသမည်ဖြစ်ကြောင်းတရားဝင်အတည်ပြု

image-iPhone-event
Apple မှ စက်တင်ဘာ ၉ ရက်နေ့တွင် iPhone 6 မိတ်ဆက်ပြသမည်ဖြစ်ကြောင်းတရားဝင်အတည်ပြု လိုက်ပြီဖြစ်ပြီး ကမ္ဘာ့မီဒီယာအသီးသီးထံသို့ Event ဖိတ်ကြားလွှာ များစတင်ပေးပို့နေပြီဖြစ်သည်။ Apple ၏ ထုံးစံအတိုင်း ၄င်းတို့ရဲ့ Event Invitation တွင် မိတ်ဆက်ပြသမည့် Product အသစ်များအကြောင်းကို အရိပ်အမြွတ်ထည့်သွင်းပြောထားလေ့ရှိရာ ယခု ၂၀၁၄ စက်တင်ဘာလ ၉ ရက်နေ့တွင်ပြုလုပ်မည့် Event Invitation တွင် Apple Logo ကိုနောက်ခံထားပြီး 9.9.2014 ဟုရေးသားထားသည့်အတွက် စက်တင်ဘာလ ၉ ရက်နေ့တွင်ကျင်းပမည့် Apple Event ကိုရည်ညွှန်းခြင်းဖြစ်ပြီး “Wish we could say more.” ဟူသောစာသားကြောင့် ယခု Event တွင် iPhone အပြင် ပြီးခဲ့တဲ့နှစ်ကတည်းက ထွက်ရှိရန် နာမည်ကြီးနေသည့် iOS Device များနှင့်တွဲဖက်အသုံးပြုနိုင်မည့် လက်တွင်ဝတ်ဆင်အသုံးပြုနိုင်သော နာရီကိုပါ မိတ်ဆက်ပြသနိုင်ခြေရှိကြောင်းကိုလည်း သုံးသပ်ပြောဆိုနေကြသည်။

No comments:

Post a Comment