အူရီဒူး ကတ်တွေကို စရောင်းပေးတဲ့နေ့ကနေ တစ်ပတ်လောက်အထိပဲ ရောင်းချရပြီး နောက်ပိုင်းမှာ အသုံးပြုလို့ အဆင်မပြေတာတွေ၊ လိုင်းမမိတာ တွေကြောင့် ဝယ်ယူသူတွေ လျော့နည်းလာတယ်လို့ မိုဘိုင်းလ် အရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“ခု MPT ကလည်း ရောင်းနေတော့ အူရီဒူးကို ဝယ်တဲ့လူမရှိတော့ဘူး။ အူရီဒူး ဆင်းမ်ကတ်တွေကို ဟန်းဆက်ဝယ်ရင် အလကားပေးနေရတယ်” လို့ သူကဆိုပါတယ်။
ခုလို အူရီဒူး ကတ်တွေ ရောင်းအားကျလာတာနဲ့ ပတ်သက်ပြီး အူရီဒူး ကုမ္ပဏီရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုကို ဆက်သွယ် မေးမြန်းပေမယ့်လည်း မှတ်ချက် မပေးလိုဘူးလို့ ပြန်လည် ဖြေကြားပါတယ်။
အူးရီဒူး အနေနဲ့ကတော့ တယ်လီဖုန်းဆက်သွယ်မှု ကွန်ရက်နဲ့ တာဝါတိုင်တွေ တိုးချဲ့ လုပ်ဆောင်သွားမယ်လို့ ဒေါ်သီရိကြာညိုက ဆိုပါတယ်။
Sun Shine Mobile အရောင်းဆိုင် တာဝန်ခံ ကိုဖိုးသားကတော့ MPT ကတ်တွေ ရောင်းပေးနေပေမယ့်လည်း ဝယ်ယူရာမှာ အခက်အခဲတွေ ရှိနေတာကြောင့် MPT ကတ်မရသူတွေဟာ အူရီဒူး ကတ်တွေ ဝယ်ကြတယ်လို့ ပြောပြပါတယ်။
အူရီဒူးရဲ့ အင်တာနက်အသုံးပြုခ နှုန်းထားဟာ အရင်က 1MB ကို ၂၅ ကျပ် ဖြစ်ပြီး ခုနောက်ပိုင်း မှာတော့ 1MB ကို ၁၀ ကျပ်ပဲ ကောက်ခံမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သတင်းထုတ်ပြန် ခဲ့ပါသေးတယ်။
လက်ရှိမှာ အူရီဒူးဆင်းမ်ကတ် အရောင်းကိုယ်စားလှယ်ဆိုင် ၆၅၀၀ ကျော်ရှိပြီး သုံးစွဲသူ တစ်သန်းကျော် ရှိတယ်လို့ အူရီဒူးမြန်မာက ထုတ်ပြန်ထားပါတယ်။

No comments:
Post a Comment