
IFA 2014 မှာ Ascend Mate 7 နဲ့ အရည်အသွေးမြင့် ဖုန်းတွေကိုမိတ်ဆက်ပြသပေးခဲ့တဲ့ Huawei ဟာ အရှိန်မသေသေးဘဲ
Local Market ဖြစ်တဲ့ China မှာ Honor စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ကို မိတ်ဆက်ပြသပေးခဲ့ပါတယ်။ အဆိုပါစမတ်ဖုန်းကို
Honor Play 4 လို့ခေါ်ဆိုပြီး Mid-range အနေနဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ် ။ Honor Play 4 မှာတော့ ၅လက်မ
မျက်နှာပြင် တပ်ဆင်ပေးထားပြီး 720×1280 (720p) HD ရုပ်ထွက်ကို ရရှိမှာဖြစ်ပါတယ်။ Snapdragon 410 64-bit Quad-core
Processor ကို အသုံးပြုပေးထားပြီး RAM ကို 1GB ထိထည့်သွင်းပေးထားတာကြောင့် mid-range ဖုန်းတွေထဲမှာတော်တော်
ကောင်းမွန်တဲ့ Specification ကို အသုံးပြုထားတာကိုတွေ့ရှိရမှာဖြစ်ပါတယ် ။ ဖုန်းတွင်းသိုလှောင်မှုအနေနဲ့ကတော့ 8GB သာ
ပါဝင်မှာဖြစ်ပြီး ဖြုတ်နိုင်တပ်နိုင်တဲ့ 2000 mAh နဲ့ ထွက်ရှိလာမှာပါ ။
Camera
ကိုတော့ အကောင်းဆုံး ရုပ်ထွက်တွေကို
ဖမ်းယူမှတ်တမ်းတင်ပေးနိုင်တဲ့ အရည်အသွေးမြင့် 8MP ကိုတပ်ဆင်ပေးထားပြီး ရှေ့ဘက် အတွက်ကတော့ 2MP Camera
ကိုတပ်ဆင်ပေးထားပါတယ် ။ Huawei G630 ပုံစံမျိုးထုတ်လုပ်ထားကာ Dual-sim အမျိုးအစားဖြစ်ပြီး
NFC လည်းပါဝင်ကာ 4G Lte ကို အထောက်အပံ့ ပေးထားပါတယ်။
အဆိုပါ အရည်အသွေးကောင်းမွန်လှတဲ့ Honor Play 4 ကို တရုတ်ငွေ ယွမ် ၇၉၉ နဲ့ ရောင်းချပေးမှာဖြစ်ပြီး
US $ 130 သာကျသင့်မှာဖြစ်ပါတယ် ။ ကောင်းမွန်တဲ့ အရည်အသွေးချိုသာတဲ့ ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်မြင့် Honor Play 4
စမတ်ဖုန်း မြန်မာပြည်ဈေးကွက်ကို ဘယ်လိုထိုးဖောက်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ် . . . . ..
No comments:
Post a Comment