Thursday, July 31, 2014

Ooredoo အသုံးပြုသူတွေအတွက် Quick ORD apk

Screenshot_2014-08-01-02-38-41
Screenshot_2014-08-01-02-38-26Screenshot_2014-08-01-02-38-41
Ooredoo အသုံးပြုသူတွေအတွက် Ooredoo ရဲ့ လွယ်ကူစွာအသုံးပြုနိုင်သောနံပါတ်များကို စုစည်းပေးထားတဲ့ apk ပဲဖြစ်ပါတယ်။ ငွေစစ်ချင်တာပဲဖြစ်ဖြစ် တစ်ခြားဝန်ဆောင်မှု အသုံးပြုချင်တာပဲဖြစ်ဖြစ် dialer ကြီးကိုဖွင့်ပြီ နှိပ်နေစရာမလိုတော့ပါဘူး Application ကိုဖွင့်ပြီးတစ်ချက်နှိပ်ရုံပါပဲ။ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကတော့
1. ဖုန်းငွေဖြည့်ခြင်း
2. တစ်ခြားဖုန်းအား ငွေဖြည့်ပေးခြင်း
3. ငွေလက်ကျန်စစ်ခြင်း
4. ဝန်ဆောင်မှုများ စီမံခြင်း
5. ကိုယ့်ဖုန်းနံပါတ်ကို ပြန်ကြည့်ခြင်း
6. ငွေလွှဲခြင်း
7. Top Me Up
8. Call Me Back
ကျွန်တေ+ာ်တို့ ဥက္ကံမြို့ မှာရှိတဲ့ လူတွေအဆင်ပြေအောင်
ဥက္ကံမြို့ မှာရှိတဲ့  လင်းရာမ ဖုန်းအမျိုးမျိုးပြုပြင်ရေးမှ
software developer တင်ထွန်းဦးမှတင်ပေးထားပါတယ်ဗျာ
download ရယူလိုက်ပါ
http://pro.downloadmm.com/ca6mb0vju2wj/Quick_ORD_v1.0.apk.html

ဒီရက်ပိုင်း လူပြောများနေတဲ့ 1MB ၂၅ ကျပ်ကိစ္စ


ဒီရက်ပိုင်း လူပြောများနေတဲ့ 1MB ၂၅ ကျပ်ကိစ္စနဲ့ပတ်သက်ပြီးနည်းနည်းပြောချင်လို့ပါ။
နိုင်ငံတကာမှာလည်း အင်တာနက် Plan နဲ့ဝယ်ထားတာကိုသုံးလို့ကုန်သွားရင် ဖုန်း Bill ထဲကနေ 1 MB ကို 1 Dollar နီးနီးလောက်ကိုဖြတ်ပါတယ်။ တစ်ခါကဆို 1GB Data Plan ၀ယ်ထားပြီး အဲဒီ Plan သုံးလို့ကုန်သွားတာကိုပြန်မစစ်မိဘူး ။ အရည်အသွေးကောင်းကောင်းဓာတ်ပုံ ၉ ပုံလောက် Facebook ပေါ်တင်လိုက်တာ ၁၆ ဒေါ်လာလောက် ဖုန်း Bill ထဲကနေ ၃ မိနစ်လောက်အတွင်း...အနှုတ်ခံလိုက်ရတာမျိုးကြုံဖူးတယ်။ Plan နဲ့ဝယ်တာက သာမန် Users သုံးအတွက် တော်တော်လေးဈေးသက်သာပါတယ်။ Internet ကို Plan နဲ့ဝယ်ထားတာ သုံးလို့မကုန်သေးသရွေ့ ဖုန်း Bill ထဲကနေမဖြတ်ပါဘူး ။ Plan နဲ့ဝယ်ထားတဲ့ Data ပမာဏကုန်သွားတာနဲ့ ဖုန်းမှာငွေဖြည့်ထားတဲ့ Bill ကနေတိုက်ရိုက်စဖြတ်ပါပြီ။ အဲဒီကျရင် အတော်လေးဈေးကြီးပါတယ်။ နိုင်ငံတော်တော်များများမှာလည်း ဒီပုံစံပါပဲ။ အခုပြောနေကြတဲ့ ၂၅ ကျပ်ဆိုတာက Plan နဲ့မဟုတ်ဘဲ ဖုန်း Bill ထဲကနေ တိုက်ရိုက်ဖြတ်တဲ့ ၂၅ ကျပ် ဖြစ်မှာပါ။ ကိုယ်သုံးနေတဲ့ Plan ကုန်သွားရင် Bill ထဲကနေ ဆက်ဖြတ်မယ့်ငွေပမာဏပုံစံပေါ့။
Ooredoo တင်မဟုတ်ဘူး Telenor ကျရင်လည်း ဒီလိုပုံစံပဲဖြစ်မှာပါ။ အရင်ကတော့ စင်ကာပူမှာလည်း Mobile Internet Data ကို Unlimited Plan နဲ့လည်းရောင်းတယ်။ နောက်ပိုင်း Download တွေတအားဆွဲကြတော့ Unlimited Plan ဆိုတာမထားတော့ဘူး ၊ GB အကန့်အသတ်နဲ့ပဲ Plan တွေရောင်းတော့တာတွေ့ရတယ်။
Ooredoo ရဲ့ Data Plan အသေးစိတ်ကိုတော့ ရက်ပိုင်းအတွင်း သိရတော့မှာပါ။ Plan နဲ့ကတော့ ဈေးသက်သာမှာသေချာပါတယ်။ ကိုယ့်ဖုန်း Bill ထဲကနေ ဈေးကြီးကြီးနဲ့အဖြတ်မခံရချင်ရင်တော့ ဖုန်းကနေ ကိုယ်ဝယ်ထားတဲ့ Internet Plan ငွေပမာဏဘယ်လောက်ကျန်သေးလဲဆိုတာကိုအမြဲစစ်ပါ။ ကုန်ခါနီးတာနဲ့ Plan တစ်ခုကိုချက်ချင်းပြန်ဝယ်ထားပါ။ ဒါဆိုရင် ကုန်ကျစရိတ်နည်းနည်းနဲ့ အင်တာနက်ကောင်းကောင်းသုံးလို့ရပါတယ်။

လူသိနည်းသော iPhone လုပ်ဆောင်ချက် (၂၁) ချက်

(၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း
စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။

(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း
Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။

၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း
“Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှုလိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။

(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း
“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။

(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း
Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။

(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း
ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။

(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း
ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ်သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင်သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။

၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း
တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုးအကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။

၉) ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း
ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူးပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံးတည့်စေသည်။

၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း
Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင်သည်။

(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း
အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။

(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း
Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်စေနိုင်သည်။

(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း
စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။

(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း
Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။

(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း
ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ်သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။

၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix များ ထည့်သွင်းခြင်း
Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ “.” ကို ဖိထားပြီး ပေါ်လာသည့် web suffix များ (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။

(၁၇) Email draft များကို အလျင်အမြန် အသုံးပြုခြင်း
Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထားသည့် email များကို အလျင်အမြန် အသုံးပြုနိုင်သည်။

၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း
Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact မျာ
းအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုသို့ vibration သတ်မှတ်ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။

၁၉) Keyboard shortcut များ စိတ်ကြိုက်ဖန်တီးခြင်း
Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ်တစ်ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ်တစ်ခု ပေါ်လာမည်ဖြစ်သည်။ Emoji အတွက်လည်း shortcut များ ဖန်တီးနိုင်သည်။

(၂၀) Passcode တစ်ခုကို စာလုံးများဖြင့် ဖန်တီးခြင်း
Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။

၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း
ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် “LED Flash for Alerts” ကို ON ပြီး အသုံးပြုနိုင်သည်။
i

Ooredoo ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းမှ အပူးနံပါတ်များ ကျပ် ငါးသောင်းခန့် မြင့်တက်ပြီး ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်း

Ooredoo ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းမှ အပူးနံပါတ်များ ကျပ် ငါးသောင်းခန့် မြင့်တက်ပြီး ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်း
................................................................
Ooredoo ကုမ္ပဏီမှ ရောင်းချသည့် တန်ဖိုး...နည်း ၁၅ဝဝ တန် မိုဘိုင်းဆင်းမ်ကတ်များမှာ ပြင်ပတွင် ပေါက်ဈေး ကျပ် တစ်သောင်း မှ အပူးနံပါတ်ဆင်းမ်ကတ်များမှာ ကျပ် ငါး သောင်းခန့်အထိ မြင့်တက်လျက်ရှိပြီး ရန်ကုန်မြို့ရှိ အရောင်းဆိုင်များတွင် ပစ္စည်းများပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။

အော်ရီဒူးကုမ္ပဏီအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ဩဂုတ်တတိယအပတ်တွင် ရောင်းချမည်ဟု ပြောကြားထားသော်လည်း မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ဇူလိုင် ၂၉ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး မိုဘိုင်းအရောင်းဆိုင်များတွင် လူများစွာ ................

Read More====>http://www.myanmarmobileapp.com/2014/08/01/ooredoo-ဆင်းမ်ကတ်များ-ပြင်ပပေါ/

Ref & Credit to:Eleven Media Group
See More
Photo: Ooredoo ဆင်းမ်ကတ်များ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းမှ အပူးနံပါတ်များ ကျပ် ငါးသောင်းခန့် မြင့်တက်ပြီး ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်း
................................................................

Ooredoo ကုမ္ပဏီမှ ရောင်းချသည့် တန်ဖိုးနည်း ၁၅ဝဝ တန် မိုဘိုင်းဆင်းမ်ကတ်များမှာ ပြင်ပတွင် ပေါက်ဈေး ကျပ် တစ်သောင်း မှ အပူးနံပါတ်ဆင်းမ်ကတ်များမှာ ကျပ် ငါး သောင်းခန့်အထိ မြင့်တက်လျက်ရှိပြီး ရန်ကုန်မြို့ရှိ အရောင်းဆိုင်များတွင် ပစ္စည်းများပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။

အော်ရီဒူးကုမ္ပဏီအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ဩဂုတ်တတိယအပတ်တွင် ရောင်းချမည်ဟု ပြောကြားထားသော်လည်း မန္တလေးမြို့နှင့် နေပြည်တော်တို့တွင် ဇူလိုင် ၂၉ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး မိုဘိုင်းအရောင်းဆိုင်များတွင် လူများစွာ ................

Read More====>http://www.myanmarmobileapp.com/2014/08/01/ooredoo-%E1%80%86%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%B9%E1%80%80%E1%80%90%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%95%E1%80%B1%E1%80%95%E1%80%AB/

Ref & Credit to:Eleven Media Group

Ooredoo SIM Activate ပြုလုပ်ရန်ဖုန်းလိုင်းမိနေရန် မလိုပါ

10300433_283862568482192_8624973523402336983_n
Ooredoo က SIM ကဒ်တွေကို Activate လုပ်ခိုင်းတဲ့သဘောက အရောင်းဆိုင်တွေအတွက် ကဒ်ဘယ်လောက်ရောင်းရရင် ဘယ်လောက်ဆိုင်အတွက် ပြန်ပေးမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့်လည်း ပါရှိပါတယ်…

ဆိုတော့ Ooredoo က ၄င်းအရောင်းဆိုင်တွေအတွက် SingTech တံဆိပ် ဖုန်းတစ်လုံးနှင့်အတူ ၄င်းတို့ SIM Card ကို Activate လုပ်ဖို့ရန် Software တစ်ခုပေးပါတယ်…
၎င်း Software မှာ ဆိုင်အတွက် User ID, Password သတ်မှတ်ပေးထားပြီး ၄င်းကနေတစ်ဆင့် ဝယ်ယူသူတွေရဲ့ SIM Card များကို Activate လုပ်ပေးရမှာဖြစ်ပါတယ်…
Activate ပြုလုပ်ရန် အင်တာနက်အသုံးပြု၍ ပြုလုပ်နိုင်ပြီး ၁၅ ရက်အတွင်း ပြုလုပ်ရမှာပါ… Activate ပြုလုပ်ရာတွင် ဝယ်ယူသူ၏ မှတ်ပုံတင်နံပါတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် တစ်ခုခု ယူဆောင်လာရပါမယ်… ဒါမှမဟုတ် ၄င်းတို့ကို ဓာတ်ပုံရိုက်ထားသည့်ပုံ ယူလာရပါမယ်… Activate ပြုလုပ်ရာတွင် ၄င်းပုံများရိုက်ယူရမည်ဖြစ်သည်…
Activate ပြုလုပ်ရာတွင်…
- ဝယ်ယူသူ၏ မှတ်ပုံတင်အမှတ်
- ဝယ်ယူသူ၏ အမည်
- ဝယ်ယူသူ၏ မွေးဖွားရာအရပ်
- လက်ရှိကိုင်ဆောင်ထားသော ဖုန်းနံပါတ်
- မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင်ကဒ် ဓာတ်ပုံ
- ဝယ်ယူသူ၏ ဓာတ်ပုံ
စသည်တို့ဖြည့်ပေးရပါသည်… 
Activate ပြုလုပ်စဉ်တွင် ဖြည့်ရသော ပစ္စည်းအမှတ်သည် ဝယ်ယူသော SIM Card အခွံတွင်ပါရှိသော QR Code, Barcode (ဖုန်းနံပါတ်နေရာ) ကို Ooredoo Activation Software တွင်ပါရှိသော QR Reader (Barcode Scanner) ဖြင့် ဖတ်ယူရမည်…
မှတ်ချက် – Ooredoo သည်အင်တာနက်လျှောက်ထားရန်မလိုပါ…
Ooredoo သည် Handset ရွေးသည် 

Wednesday, July 30, 2014

ဆင်းမ်ကတ်ဈေးနှုန်းများကို ဈေးကွက်အတွင်း ၁၅၀၀ ကျပ်ထက် ပိုမပေးရအောင် Ooredoo Myanmar ဆောင်ရွက်မည်

ဆင်းမ်ကတ်ဈေးနှုန်းများကို ဈေးကွက်အတွင်း ၁၅၀၀ ကျပ်ထက် ပိုမပေးရအောင် Ooredoo Myanmar ဆောင်ရွက်မည်
..........................................................................

Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီက ၎င်းတို့ရောင်းချမည့် ဆင်းမ်ကတ်များကို ...၁၅၀၀ ကျပ်ထက်ပိုသော ဈေးနှုန်းဖြင့် ဝယ်ယူခြင်းမရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် ကာတာဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် ဆင်းမ်ကတ်များကို တရားဝင်စတင်ဖြန့်ချိရောင်းချနိုင်ခြင်းမရှိသေးသော်လည်း စတင် စမ်းသပ် သုံးစွဲနိုင်နေပြီဖြစ်သည့် မန္တလေးမြို့၏ အချို့သော ဈေးကွက်အတွင်း ဆင်းမ်ကတ် ဈေးနှုန်းများမှာ..................

Read More===>http://www.myanmarmobileapp.com/2014/07/30/ဆင်းမ်ကတ်ဈေးနှုန်းများက/

Ref:Internet Journal
See More
Photo: ဆင်းမ်ကတ်ဈေးနှုန်းများကို ဈေးကွက်အတွင်း ၁၅၀၀ ကျပ်ထက် ပိုမပေးရအောင် Ooredoo Myanmar ဆောင်ရွက်မည်
..........................................................................

Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီက ၎င်းတို့ရောင်းချမည့် ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ထက်ပိုသော ဈေးနှုန်းဖြင့် ဝယ်ယူခြင်းမရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် ကာတာဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် ဆင်းမ်ကတ်များကို တရားဝင်စတင်ဖြန့်ချိရောင်းချနိုင်ခြင်းမရှိသေးသော်လည်း စတင် စမ်းသပ် သုံးစွဲနိုင်နေပြီဖြစ်သည့် မန္တလေးမြို့၏ အချို့သော ဈေးကွက်အတွင်း ဆင်းမ်ကတ် ဈေးနှုန်းများမှာ..................

Read More===>http://www.myanmarmobileapp.com/2014/07/30/%E1%80%86%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%B9%E1%80%80%E1%80%90%E1%80%B9%E1%80%B1%E1%80%88%E1%80%B8%E1%82%8F%E1%82%88%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80/

Ref:Internet Journal

ဖုန်းအော်ပရေတာတို့၏ပြိုင်ပွဲ

ဖုန်းအော်ပရေတာတို့၏ပြိုင်ပွဲ
....................................

ပြည်တွင်း၌ မိုဘိုင်းဆင်းမ်ကတ်များ အကန့်အသတ်မရှိ ၀ယ်ယူအသုံးပြုနိုင်ရန် တစ်လကျော်ခန့်သာ လိုတော့သည်။ ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် မြန်မာပြည်တွင် ယခင်က မရ...ဖူးသည့် ကောင်းမွန်သော အင်တာနက်လိုင်းနှင့် ဖုန်းဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု ပြည်သူများက မျှော်လင့်လျက်ရှိသည်။

ဖုန်းခေါ်ဆိုတိုင်း ကြုံတွေ့နေရသည့် ဧရိယာပြင်ပရောက် လူကြီးမင်းနှင့် အင်တာနက်သုံးတိုင်း အ၀ိုင်း (Loading) လည်နေသည်ကို ကြည့်နေရသည်ကို ပြည်သူများ ငြီးငွေ့နေကြပြီ ဖြစ်သည်။ ထို့ကြောင့်လည်း လစဉ်မဲနှိုက်ပြီး ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းများကို စိတ်ဝင်စားမှုနည်းလာနေပြီး ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်ကို..................

Read More===>http://www.myanmarmobileapp.com/2014/07/30/ဖုန်းအော်ပရေတာတို့၏ပြိ/

Ref:7Day News Journal
See More
Photo: ဖုန်းအော်ပရေတာတို့၏ပြိုင်ပွဲ
....................................

ပြည်တွင်း၌ မိုဘိုင်းဆင်းမ်ကတ်များ အကန့်အသတ်မရှိ ၀ယ်ယူအသုံးပြုနိုင်ရန် တစ်လကျော်ခန့်သာ လိုတော့သည်။ ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် မြန်မာပြည်တွင် ယခင်က မရဖူးသည့် ကောင်းမွန်သော အင်တာနက်လိုင်းနှင့် ဖုန်းဝန်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု ပြည်သူများက မျှော်လင့်လျက်ရှိသည်။

ဖုန်းခေါ်ဆိုတိုင်း ကြုံတွေ့နေရသည့် ဧရိယာပြင်ပရောက် လူကြီးမင်းနှင့် အင်တာနက်သုံးတိုင်း အ၀ိုင်း (Loading) လည်နေသည်ကို ကြည့်နေရသည်ကို ပြည်သူများ ငြီးငွေ့နေကြပြီ ဖြစ်သည်။ ထို့ကြောင့်လည်း လစဉ်မဲနှိုက်ပြီး ရောင်းချပေးနေသည့် တန်ဖိုးနည်းဖုန်းများကို စိတ်ဝင်စားမှုနည်းလာနေပြီး ပြည်ပအော်ပရေတာများ ချထားပေးမည့် ဆင်းမ်ကတ်များဖြင့် ကောင်းမွန်သော ဆက်သွယ်ရေးကွန်ရက်ကို..................

Read More===>http://www.myanmarmobileapp.com/2014/07/30/%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%A1%E1%80%AC%E1%80%B9%E1%80%95%E1%80%B1%E1%80%9B%E1%80%90%E1%80%AC%E1%80%90%E1%80%AD%E1%80%AF%E1%82%94%E1%81%8F%E1%81%BF%E1%80%95%E1%80%AD/

Ref:7Day News Journal

မြန်မာပြည်က လူသုံးများတဲ့ Viber ရုံးခွဲဖွင့်ဖို့ စဉ်းစားနေပြီ

မြန်မာပြည်က လူသုံးများတဲ့ Viber ရုံးခွဲဖွင့်ဖို့ စဉ်းစားနေပြီ
----------------------------------------------
မိုဘိုင်းလ်ဖုန်းကနေ Viber သုံးစွဲသူ ၅သန်းရှိတဲ့ မြန်မာပြည်က သုံးစွဲသူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ Viber ကုမ္ပဏီက ရန်ကုန်မြို့မှာ သတင်...းမီဒီယာတွေနဲ့ ဇူလိုင် ၃ဝရက်နေ့က တွေ့ဆုံခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ မိုဘိုင်းလ်ဆက်သွယ်ရေး မြင်ကွင်းအနေအထားအကြောင်း ပြောဆိုခဲ့ပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ Local Sticker လုပ်နိုင်ဖို့ ကြိုးစားနေပြီး......

Read More=> http://www.myanmarmobileapp.com/?p=54724

Ref & Credit to: Kamayut Media
See More
Photo: မြန်မာပြည်က လူသုံးများတဲ့ Viber ရုံးခွဲဖွင့်ဖို့ စဉ်းစားနေပြီ
----------------------------------------------
မိုဘိုင်းလ်ဖုန်းကနေ Viber သုံးစွဲသူ ၅သန်းရှိတဲ့ မြန်မာပြည်က သုံးစွဲသူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ Viber ကုမ္ပဏီက ရန်ကုန်မြို့မှာ သတင်းမီဒီယာတွေနဲ့ ဇူလိုင် ၃ဝရက်နေ့က တွေ့ဆုံခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ မိုဘိုင်းလ်ဆက်သွယ်ရေး မြင်ကွင်းအနေအထားအကြောင်း ပြောဆိုခဲ့ပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ Local Sticker လုပ်နိုင်ဖို့ ကြိုးစားနေပြီး......

Read More=> http://www.myanmarmobileapp.com/?p=54724

Ref & Credit to: Kamayut Media

ထူးမခြားနားသည့် အမ်ပီတီစနစ်၏ဖုန်းခ လျှော့သည့်ဝန်ဆောင်မှုဝေဖန်မှုများရှိ

ထူးမခြားနားသည့် အမ်ပီတီစနစ်၏ဖုန်းခ လျှော့သည့်ဝန်ဆောင်မှုဝေဖန်မှုများရှိ
----------------------------------------------------------------
မန်မာ့ဆက်သွယ်ရေး၏ ပြည်ပကုမ္ပဏီနှင့်ပူးပေါင်းပြီးနောက် ပထမဆုံးဝန်ဆောင်မှု အနေဖြင့်စတင်သည့်ခေါ်ဆိုခ လျှော့ချပေ...းသောဝန်ဆောင်မှု့မှာ ဝေဖန်မှုများနှင့်ကြုံတွေရလျက်ရှိသည်။

Friends and Family Service အမည်ဖြင့် မိမိမိတ်ဆွေ၊ သူငယ်ချင်းများနှင့် မိသားစုများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ဖြင့် သြဂုတ်လကုန်အထိ ဖုန်းခေါ်ဆိုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှုပေးထားသော်လည်း ........

Read More=> http://www.myanmarmobileapp.com/?p=54730

Ref & Credit: 7 Days News Journal
See More
Photo: ထူးမခြားနားသည့် အမ်ပီတီစနစ်၏ဖုန်းခ လျှော့သည့်ဝန်ဆောင်မှုဝေဖန်မှုများရှိ
----------------------------------------------------------------
မန်မာ့ဆက်သွယ်ရေး၏ ပြည်ပကုမ္ပဏီနှင့်ပူးပေါင်းပြီးနောက် ပထမဆုံးဝန်ဆောင်မှု အနေဖြင့်စတင်သည့်ခေါ်ဆိုခ လျှော့ချပေးသောဝန်ဆောင်မှု့မှာ ဝေဖန်မှုများနှင့်ကြုံတွေရလျက်ရှိသည်။

Friends and Family Service အမည်ဖြင့် မိမိမိတ်ဆွေ၊ သူငယ်ချင်းများနှင့် မိသားစုများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ဖြင့် သြဂုတ်လကုန်အထိ ဖုန်းခေါ်ဆိုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှုပေးထားသော်လည်း ........

Read More=> http://www.myanmarmobileapp.com/?p=54730

Ref & Credit: 7 Days News Journal

Friday, July 25, 2014

Samsung ရဲ့ နောက်ထပ်ကြယ်စင်စု ဖြစ်လာမယ့် 4.7" display အရွယ်အစားဖြင့် Samsung Galaxy Alpha

Samsung ရဲ့ နောက်ထပ်ကြယ်စင်စု ဖြစ်လာမယ့် 4.7" display အရွယ်အစားဖြင့် Samsung Galaxy Alpha ဖုန်းရဲ့ Leaked photo များကို Sammobile မှ ယခုလိုထုတ်ဖော်ပြသွားပါတယ်။ (6 photos)

အူရီးဒူးဆင်းမ်ကတ်များ စတင်ရောင်းချခြင်းမဟုတ်

အူရီးဒူးဆင်းမ်ကတ်များ စတင်ရောင်းချခြင်းမဟုတ်
အူရီးဒူးမိုဘိုင်းဆင်းမ်ကတ်များကို လုပ်ငန်းမစတင်မီ စမ်းသပ်ခေါ်ဆိုမှုများပြုလုပ်နိုင်ရန် ကုမ္ပဏီနှင့် ဆက်စပ်သူများနှင့် ကိုယ်စားလှယ်မျာ...းအား ချထားပေးခြင်းသာဖြစ်ပြီး ရောင်းချပေး နေခြင်းမဟုတ်ကြောင်း သတင်းရရှိသည်။

အူရီးဒူးမြန်မာ၏ မိုဘိုင်း ဆင်းမ်ကတ်များကို ဇူလိုင် ၂၂ ရက်မှ ကိုယ်စားလှယ်အဖြစ် ရောင်းချပေးမည့် မိုဘိုင်းဖုန်းဆိုင်များနှင့် အူရီးဒူးဝန်ထမ်းမိသားစုဝင်များအား စမ်းသပ်ခေါ်ဆိုအသုံးပြုရန် ချထားပေးခြင်းဖြစ်ပြီး လက်ရှိထွက်ထားသည့် ဆင်းမ်ကတ်အရေအတွက်ကို မထုတ်ပြန်နိုင်သေးကြောင်း....................

Read More===>http://www.myanmarmobileapp.com/2014/07/24/အူရီးဒူးဆင်းမ်ကတ်များ-စ/

Ref & Credit to:7Day Daily
See More
Photo: အူရီးဒူးဆင်းမ်ကတ်များ စတင်ရောင်းချခြင်းမဟုတ်
...............................................................

အူရီးဒူးမိုဘိုင်းဆင်းမ်ကတ်များကို လုပ်ငန်းမစတင်မီ စမ်းသပ်ခေါ်ဆိုမှုများပြုလုပ်နိုင်ရန် ကုမ္ပဏီနှင့် ဆက်စပ်သူများနှင့် ကိုယ်စားလှယ်များအား ချထားပေးခြင်းသာဖြစ်ပြီး ရောင်းချပေး နေခြင်းမဟုတ်ကြောင်း သတင်းရရှိသည်။

အူရီးဒူးမြန်မာ၏ မိုဘိုင်း ဆင်းမ်ကတ်များကို ဇူလိုင် ၂၂ ရက်မှ ကိုယ်စားလှယ်အဖြစ် ရောင်းချပေးမည့် မိုဘိုင်းဖုန်းဆိုင်များနှင့် အူရီးဒူးဝန်ထမ်းမိသားစုဝင်များအား စမ်းသပ်ခေါ်ဆိုအသုံးပြုရန် ချထားပေးခြင်းဖြစ်ပြီး လက်ရှိထွက်ထားသည့် ဆင်းမ်ကတ်အရေအတွက်ကို မထုတ်ပြန်နိုင်သေးကြောင်း....................

Read More===>http://www.myanmarmobileapp.com/2014/07/24/%e1%80%a1%e1%80%b0%e1%80%9b%e1%80%ae%e1%80%b8%e1%80%92%e1%80%b0%e1%80%b8%e1%80%86%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%b9%e1%80%80%e1%80%90%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%85/

Ref & Credit to:7Day Daily
 
 

ယခုရက်ပိုင်း စမ်းသပ်ဖို့ထုတ်ပေးထားတဲ့ ooredoo ဆင်းကဒ်

ယခုရက်ပိုင်း စမ်းသပ်ဖို့ထုတ်ပေးထားတဲ့ ooredoo ဆင်းကဒ်ထုတ်သုံးလာကြတာတွေ့ရပါတယ်။ဆင်းကဒ်ကို အသုံးမပြုမှီ Activate လုပ်ပေးရတာကြောင့် အလွယ်တကူဖုန်းထဲမှာတင်ပြုလုပ်နိုင်မယ့်ဆော့ဝဲလ်လေးထွက်လာပါတယ်။အောက်မှာရယူနိုင်ပါတယ်။

https://my.pcloud.com/publink/show?code=XZIjV7ZUjgLLrr16vuN5179UrUfpbgyUIq7

Photo: ယခုရက်ပိုင်း စမ်းသပ်ဖို့ထုတ်ပေးထားတဲ့  ooredoo ဆင်းကဒ်ထုတ်သုံးလာကြတာတွေ့ရပါတယ်။ဆင်းကဒ်ကို အသုံးမပြုမှီ Activate လုပ်ပေးရတာကြောင့် အလွယ်တကူဖုန်းထဲမှာတင်ပြုလုပ်နိုင်မယ့်ဆော့ဝဲလ်လေးထွက်လာပါတယ်။အောက်မှာရယူနိုင်ပါတယ်။
https://my.pcloud.com/publink/show?code=XZIjV7ZUjgLLrr16vuN5179UrUfpbgyUIq7

credit to:Nay Myint(Myanmar Mobile Users Group)

Thursday, July 24, 2014

ကသိကအောက်ဆန်သော မေးခွန်းနှင့် ဘုကလန့်အဖြေ (ဟာသ)


၁။ ရုပ်ရှင်ရုံတွင် -

အတန်းစီနေချိန် “သယ်ရင်း. မင်းဘာလုပ်နေလဲ” ဟု အမေးခံရသောအခါ အကောင်းဆုံးအဖြေ – “အေး လက်မှတ် တစ်စောင်နဲ့ သိန်းတစ်ထောင် အလကား ပေးတယ်ဆိုလို့ တန်းစီနေတာလေ”

၂။ ဘတ်စ်ကားပေါ်တွင် -

အမျိုးသမီးတစ်ဦးက ဒေါက်ဖိနပ်ချွန်ဖြင့် တက်နင်းပြီး “ဆောရီးနော်. နာသွားလာဟင်” ဟု မေးသော အခါ အကောင်းဆုံး အဖြေ – ” ဟင့်အင်း. ခြေထောက်က သံနဲ့ လုပ်ထားတာ။ မာနေတာပဲ။ နောက်တစ်ခေါက် ထက်နင်းပါအုံး”

၃။ ည သန်းခေါင် အိပ်ကောင်းနေချိန်တွင် -

သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီး “ဆောရီး..။ အိပ်ပျော်နေတာလား” ဟု မေးသောအခါ အကောင်းဆုံး အဖြေ “ဟင့်အင်း ငါးလေးတွေ ဘယ်အချိန်အိပ်တတ်လည်း သိချင်လို့ မအိပ်ပဲ Research လုပ်နေတာ”

၎။ ဆံပင် အတိုညပ် ထားသော အခါ -

သူငယ်ချင်းက ” သယ်ရင်း မင်းဆံပင်ညှပ်ထားတာလား” ဟု လာမေးလျှင် အကောင်းဆုံး အဖြေ ” ဟင့်အင်း၊ ဆံပင်တွေ နွေဦးရောက်လို့ သူ့ပါသူ ကြွေကုန်တာ”

၅။ အိမ်ကြိုးဖုန်းတွင် -

သူငယ်ချင်းက “သယ်ရင်း မင်းဘယ်တွေရောက်နေလဲ” ဟု မေးသော အခါ အကောင်းဆုံး အဖြေက “အေး၊ ငါ့အိမ်ဖုန်းကို လည်ပင်းမှာဆွဲပြီး စူပါမားကတ် လျှောက်သွားနေတယ်”

၆။ ကားရေဆေးနေသော အခါ -

အိမ်နီးချင်းမိတ်ဆွေက “မိတ်ဆွေ ကားရေဆေးနေတာလား” ဟုမေးသော အခါ အကောင်းဆုံး အဖြေ – “ဟင့်အင်း ကားကို ရေလောင်းပေးတော့ ဘော်ဒီများ ပိုကြီးလာမလားလို့ပါ

၇။ အိမ်တွင် တီဗီ ကြည့်နေစဉ် -

သူငယ်ချင်းက ရောက်လာပြီး “မင်း တီဗီကြည့်နေတာလား” ဟုမေးသော အခါ အကောင်းဆုံး အဖြေ “ဟင့်အင်း တီဗီထဲကနေ လူတွေ အပြင်ထွက်လာ မလားလို့ စောင့်ကြည့်နေတာ”

အစရှိသဖြင့် မဆီလျော်သော မေးခွန်းနှင့် မဆီလျော်သော အဖြေများစွာ …

” မစွပ်စွဲပါဘူး..” (ဟာသ)


ကိုမိုးကြီးက ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ နယ်ဘက်မှာ တံတားဆောက်ဖို့ တာဝန်ကျတယ်။

သူ့မိန်းမက ကျောင်းဆရာမ၊ မြို့ပေါ်မှာ တာဝန်ကျတယ်။
ဒီတော့ မိန်းမလုပ်သူက ယောက်ျားတာဝန်ကျရာကို လိုက်နေလို့ မရဘူး။
သီတင်းကျွတ်မှာ ကျောင်းက တပတ်ပိတ်တော့ ကိုမိုးကြီးရှိရာကို သူ့မိန်းမ လိုက်လာတယ်။

ကျန်တာက ပြသနာမရှိပေမယ့် အိမ်ဖော်ကောင်မလေး ခေါ်ထားတာက ပြသနာဖြစ်နေတယ်။

‘ရှင့် အိမ်ဖော်ကလဲ ချောလှချည်လား ကိုမိုးကြီးရဲ့’

‘ချောလား မချောလား မသိပါဘူးကွာ၊ အဝတ်လျှော် ထမင်းချက်တတ်ရင် ပြီးတာဘဲ ဆိုပြီး ခေါ်ထားလိုက်တာပါ’

‘ရှင်နဲ့ရော ကင်းရှင်းရဲ့လား’

‘ရှင်းပါ့’

‘တအိမ်လုံးမှာ ရှင်တို့နှစ်ယောက်ထဲ ဆိုတော့’

‘ဘာဆိုင်လဲကွာ၊ ညမိုးချုပ်တာနဲ့ သူ့အခန်းသူအိပ်၊ ငါ့အခန်းငါအိပ် သီးခြားဆီပါ’

‘ပြီးတာပါပဲ’

ဒီလိုနဲ့ ကျောင်း ပြန်ဖွင့်တော့ သူ့မိန်းမလည်း ပြန်သွားတယ်။
နှစ်ရက်၊ သုံးရက်နေတော့ အိမ်ဖော်လေးက သတင်းပို့တယ်။
ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေတယ်တဲ့။
ဆရာမ ပြန်သွားကတည်းက ပျောက်တာ၊ မှားများပါသွားလေသလား မေးကြည့်ပါအုံး ဆိုတော့….
ကိုမိုးကြီးလည်း သူ့မိန်းမဆီ စာရေးပြီး မေးရတာပေါ့… …

‘မိန်းမရေ…
မင်းယူတယ်လို့ မစွပ်စွဲပါဘူး
မင်းပြန်သွားကတည်းက ဒယ်အိုးကြီး ပျောက်နေလို့’

သူ့မိန်းမဆီက စာပြန်လာတယ်… …

‘ယောက်ျားရေ…
ရှင်တို့ အတူအိပ်တယ်လို့ မစွပ်စွဲပါဘူး
သူသာ သူ့အိပ်ယာမှာ သူအိပ်ရင် ဒယ်အိုးကို ပြန်တွေ့တာ ကြာပြီ၊
ဒယ်အိုးက သူ့ခေါင်းအုံးအောက်မှာ’

အွန်

ဒီ1ခါပျင်းနေမှာစိုးလို့ ဟာသလေးတွေဖတ+်လိုက်ရအောင်


သူငယ်ချင်းနှစ်ဦး မူးပြီးပြန်လာကြသည်။

အိမ်ပြန်ရောက်အောက် မပြန်နိုင်ဖူးဟု ယူဆကြသဖြင့် တည်းခိုခန်းတစ်ခန်းတွင်ဝင်အိပ်ကြသည်။

အခန်းထဲရောက်တော့ မူးမူးနှင့်မီးခလုပ်လိုက်စမ်းကြသည်။ မတွေ့။ သို့နှင့် အမှာင်ထဲမှာပဲ အိပ်ဖို့ပြင်ဆင်ကြသည်။

နှစ်ယောက်သား ခုတင်ပေါ်တက်ကြရင်း တစ်ယောက်ကိုတစ်ယောက် စမ်းမိကြသည်။

" ဟေ့ရောင်သူငယ်ချင်း ငါ့ခုတင်မှာ လူတစ်ယောက်ရှိနေတယ်ကွ ငါ့ကိုလာစမ်းနေတယ် "

"အေး... ငါ့ခုတင်ပေါ်မှာလည်း လူတစ်ယောက်ရှိနေတယ် ဒီကောင်လည်းငါ့ကို လာစမ်းနေတယ.်.မထူးဘူးဟေ့ရောင် ကိုင်ပေါက်ကြရအောင် "

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကိုင်ပေါက်ကြသည်။
တစ်ယောက်ခုတင်ပေါ်တွင် ကျန်၍ တစ်ယောက်ခုတင်အောက်ကျသွားသည်။ 
ခုတင်အောက်က ငမူးက ဤသို့ပြော၏။

"ဟေ့ရောင် သူငယ်ချင်း ငါ့ခုတင်ပေါ်ကကောင်ကို ငါမနိုင်ဘူး ဒီကောင်က ဗလကောင်းတယ်ကွ ငါ့ကိုခုတင်ပေါ်က ပစ်ချတယ် "

ခုတင်ပေါ်ကျန်နေသောငမူးကဤသို့ပြောသည်။

"ငါ့ခုတင်ပေါ်ကကောင်ကိုတော့ ငါကန်ချလိုက်ပြီ
ထူးပါဘူး သူငယ်ချင်းရယ် လာငါနဲ့ပဲ လာအိပ်တော့ "

ချစ်ချစ်ခင်ခင်နှင့်ဖက်အိပ်ကြ လေ၏။
------------------------------------------------------------------------------
---------------------------------------------------------------------------------
--------------------------------------------
 
 
 
ဒါမျိုးလာကျောလို့ကတော့ ဘယ်ရမလဲ -ဟာသ

အမေရိကန်တိုးရစ်တစ်ယောက်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နေရင်း taxi ကားဖြင့် ရန်ကုန်မြို့ကို ပတ်လေသည်။ 

ဒရိုင်ဘာမှာ မြန်မာလူမျိုး ဖြစ်သည်။ သွားရင်းလာရင်းနှင့်  ဘုရင့်နောင် ဂုံးကျော်တံတားသို့ ရောက်လာသည်။ ထိုအခါ အမေရိကန်ကြီးမှ မေးလိုက်သည်။ 

" ဟေ့....... ဟိုတံတားက ဘာတံတားလဲ...."

" ဘုရင့်နောင်ဂုံးကျော်တံတား လို့ ခေါ်ပါတယ်......"

" တံတားဆောက်တာ ဘယ်လောက်ကြာလဲကွ......"
"၁နှစ်လောက်တော့ကြာ ပါတယ်...."

" ဒါမျိုးတံတားတွေကို ငါတို့ အမေရိကန်မှာ ဆို၇င် ၆လလောက်နဲ့ပြီးတယ်....."

ထို့နောက် ဆက်မောင်းလာရင်း လှည်းတန်း တံတားနား ရောက်လာသည်။ အမေရိကန်တိုးရစ်မှ ထပ်မေးပြန်သည်။

" ဒါကရောဘာတံတားလဲဟ..."
"လှည်းတန်းကုန်းကျော်တံတားလို့ ခေါ်ပါတယ်......"
"ဘယ်လောက်ကြာလဲဆောက်တာ......"

" ၈လလောက်တော့ရှိတယ်...."

" အင်း.... ဒါမျိုးဆိုရင်တော့ ငါတို့ဆီမှာ ၂လလောက်နဲ့ ဆောက်လို့ရတယ်......"

မြန်မာလူမျိုးကားသမားသည် နည်းနည်းတော့ ဒေါသထွက်လာသည်။ ဒီအမေရိကန်တိုးရစ် သက်သက်လာ ကြွားနေတာခံရသည်။ ကားဆက်မောင်းလာရင်းနှင့် ရွှေခုံတိုင်ဂုံးကျော်တံတားပေါ်သို့ ရောက်လာသည်။ အမေရိကန် တိုးရစ်က မေးပြန်သည်။

" ဒီတံတားကရော ဘာတံတားလဲဟင်......"

ကားသမားက ပြန်ဖြေလိုက်သည်မှာ...

" ကျွန်တော်လည်း မသိပါဘူးခင်ဗျာ.......မနက်ကလာတုန်းက ဒီမှာ ဘာမှမရှိသေးဘူး........"

ငင်..!!!

ငှင်းငှင်း...သေတောင်သွားဦး မယ်..

အပါးလွှာဆုံးဖုန်း Huawei Ascend P7 ကျပ်လေးသိန်းနီးပါးဖြင့် ရောင်းမည်


မိုဘိုင်းလ်ဖုန်း ကုမ္ပဏီ Huawei က လက်ရှိ အပါးလွှာဆုံးဖုန်းအဖြစ် သတ်မှတ်ထားခံရသည့် Ascend P7 စမတ်ဖုန်းကို ကျပ်လေးသိန်း နီးပါးဖြင့် ရောင်းချမည် ဖြစ်ကြောင်း Huawei Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Mr. Roson Luo က ပြောကြားသည်။

“P7 ကို ၃၉၉,၀၀၀ ကျပ်နဲ့ ဝယ်လို့ရပါပြီ။ 4G LTE စနစ်သုံးနိုင်တဲ့ ဖုန်းပါ” ဟု ၎င်းကဆိုသည်။

Ascend P7 စမတ်ဖုန်းသည် လက်ရှိတွင် ကမ္ဘာ့အပါးလွှာဆုံး ဖုန်းဖြစ်ပြီး iPhone 5S (၇ ဒသမ ၆ မီလီမီတာ) နှင့် Galaxy S5 (၈ ဒသမ ၁ မီလီမီတာ) တို့ထက် ပိုမိုပါးလွှာကာ ၆ ဒသမ ၅ မီလီမီတာ သာထူကြောင်း Huawei ကုမ္ပဏီထံမှ သိရသည်။

“ဈေးနှုန်းကတော့ လက်ခံနိုင်စရာပါ။ ဒါပေမဲ့ အရင် P6 တုန်းက ရောင်းရပေမယ့် ဘက်ထရီက အရမ်းပူလို့ နောက်ပိုင်း လူတွေက သိပ်သဘော မကျတော့ဘူး။ အခုထွက်တဲ့ Galaxy S5 အပါအဝင် ဖုန်းအမြင့်တွေလည်း ဒီအတိုင်းပဲ။ ဘက်ထရီတွေက တော်တော်ပူတယ်။ P7 လည်းပူရင် လူတွေ သိပ်ကြိုက်ကြမယ် မထင်ဘူး” ဟု မရမ်းကုန်းမြို့နယ်ရှိ Mobile Heart မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်မှ ဦးသီဟကိုက ဆိုသည်။

Huawei စမတ်ဖုန်းများသည် မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် မိုဘိုင်းလ်ဖုန်း အမျိုးအစားဖြစ်ပြီး ဈေးကွက်၏ ၄၅ ရာခိုင်နှုန်းခန့် ရှိကြောင်း ပြည်တွင်း မိုဘိုင်းလ်ဖုန်းဆိုင်ရာ စစ်တမ်းများအရ သိရသည်။

ဦးတေဇပိုင်ဆိုင်သော ဗိုလ်ချိုလမ်းက သရဲခြောက်သည့်အိမ်ကြီး


ရန်ကုန်၊ သရဲခြောက်သည်ဟု နာမည်ကြီးနေသော ဗိုလ်ချိုလမ်းထောင့်ရှိ ရှေးဟောင်းအဆောက်အအုံအား နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းဧည့်သည်များသွားရောက်ကြည့်ရှုသူများပြားနေကြောင်း သိရသည်။


အဆိုပါအိမ်ကြီးသည် နှစ်ပေါင်းတစ်ရာကျော်ကြာမြင့်နေသော ရှေးဟောင်း အိမ်ကြီးဖြစ်ပြီး တစ်အိမ်လုံးကျွန်းသစ်များဖြင့် ဆောက်လုပ်ထားသည်။

”ဒီအိမ်ကြီးကို စိတ်ဝင်စားတဲ့သူတွေ လာကြည့်ကြတယ်။ နိုင်ငံခြား ခရီးသွားတွေရော ပြည်တွင်းကလူတွေပါ တစ်လလေးငါးရှစ်ယောက် လောက် ဝင်ကြည့်ကြတယ်။ အခုက တရားဝင်ကြည့်ခွင့်ပေးထား တာမဟုတ်သေးပါဘူး။ တရားဝင်ခွင့် ပြုမယ်ဆိုရင်တော့ နေ့တိုင်းဝင်နိုင်တယ်။ အိမ်ကြီးကကျွန်း သစ်တွေနဲ့ ဆောက်ထားတယ်။ နှစ်ပေါင်းတစ်ရာ ကျော်ရှိပါပြီ”ဟု ရှေးဟောင်းအိမ်အား စောင့်ရှောက်ပေးသော ဝန်ထမ်းဦး ထွန်းဝင်းက ပြောသည်။

အိမ်ကြီးကိုစိတ်ဝင်စားသူများ သည်အိမ်ကြီးအပြင်မှ ဓာတ်ပုံရိုက် ခြင်း၊ အိမ်ခြံတံခါး အပြင်ဘက်မှအထဲ သို့ကြည့်ရှုလေ့လာခြင်းများပြုလုပ် ကြသည်။

”အိမ်ကြီးက စိတ်ဝင်စားဖို့ ကောင်းတယ်။ အိမ်ထဲလဲ ဝင်ကြည့် ချင်တယ်။ သရဲခြောက်မလားလို့လဲ ကြောက်မိတယ်။ အပြင်ကနေတော့ ခဏခဏဓာတ်ပုံရိုက်ဖူးတယ်”ဟု ရှေး ဟောင်းအဆောက်အအုံများကို စိတ်ဝင်စားသူတစ်ဦးကပြောသည်။

အိမ်ကြီးအားလာရောက်လေ့ လာသူနိုင်ငံခြားသူတစ်ဦး၏ခရီး သွားလမ်းညွှန်တစ်ဦးကလည်း ”သူ က အိမ်ကြီးကိုစိတ်ဝင်စားတယ်ဆိုပြီး ဒီကိုအတင်းလာတာ။ ကိုယ့်ဘာသာ ကိုယ်ဆိုရင်ဝင်ရဲမှာမဟုတ်ဘူး။ သူက တော်တော်လေးသတ္တိရှိတယ်။ သူက စာရေးဆရာမတစ်ဦးပါ”ဟု ပြောသည်။

ရှေးဟောင်းအိမ်ကြီးမှာ ညောင် ပင်များကပ်ပေါက်နေပြီး မှောင်မည်း နေသောကြောင့် သရဲခြောက်သည် ဟုအများက ထင်မြင်နေကြခြင်းဖြစ် ကြောင်း သိရသည်။

”ကျွန်တော်တို့က ညဘက်ဆို မီး သိပ်မထွန်းတော့မှောင်နေပြီး ကြောက် စရာကောင်းနေတာပါ။ မီးတစ်ပွင့်ပဲ ထွန်းထားတယ်။ သရဲကတော့ သိပ်မခြောက်ပါဘူး။ ခြောက်လဲ မကြောက်ပါ ဘူး။ တစ်ခါတလေကိုယ့် နားမှာရိုးတိုး ရိတ်တိတ်လေး ဖျတ်ခနဲ ဖြတ်သွားတာ မျိုးလောက်ပဲကြုံဖူး တယ်”ဟု အိမ်ကြီး တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ယင်းအိမ်ကြီးအားယခင်က သစ်တောဝန်ထောက် ဦးမောင်မောင် မှပိုင်ဆိုင်ခဲ့ပြီး ယခုအခါမြန်မာ့စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦး တေဇပိုင်ဆိုင်သော အိမ်ကြီး ဖြစ်ကြောင်း ဦးထွန်းဝင်းက ပြောသည်။

မြန်မာပြည်ဖွားဘောလိဝုဒ် မင်းသမီး လိုင်လာခမ်း တိုက်ဆိုင်မှုရှိလျှင် ရိုက်ကူးအပြီး အိန္ဒိယ၌ လုပ်ကြံခံရ


တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံမှ ဘောလိဝုဒ်မင်းသမီး လိုင်လာခမ်းသည်၎င်း၏မိသားစုများနှင့် အတူ ၂ဝ၁၁ခုနှစ်တွင်မွမ်ဘိုင်းမြို့အနီး၌ သေနတ်ဖြင့် ပစ်သတ်ခံ ရသည်ဟု www.alibaba.comတွင် ပထွေးဖြစ်သူက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
လိုင်လာခမ်းနှင့် မိသားစုများသည် ၂ဝ၁၁ခုနှစ် ဖေဖော်ဝါရီ ၇ရက်မှ စတင်ပြီး ၎င်းတို့နေထိုင်ရာ တိုက်ခန်းမှ ပျောက်ဆုံးခဲ့ပြီး ၎င်းတို့ကို ပထွေးဖြစ်သူ ပါဗက်ဇ်တက်ခ် က နာရှစ်ခ်ခရိုင် လယ်တဲဆီသို့ ခေါ်ဆောင် သွားခဲ့သည်ဟု မွမ်ဘိုင်းရဲတပ်ဖွဲ့က လိုင်လာ၏ ဆဲလ်ဖုန်း မှတ်တမ်းမှ တစ်ဆင့် နောက်ဆုံး ခြေရာခံမိပြီး ယင်းလယ်တဲ ကိုလည်း မီးရှို့ခြင်း ခံရသည်ဟု ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကို လိုင်လာ၏ ဖခင်နာဒီပါတဲလ်က မါမ်ဘိုင်းရဲတပ်ဖွဲ့ကို အမှုဖွင့် တိုင်ကြားခဲ့ ခြင်းဖြစ်သည်။ ယင်းအပြင် ကက်ရှ် ဒေသရှိ ပါပက်ဇ်ပိုင် စတိုးဆိုင်တွင် လိုင်လာ၏ SUVကားကို တွေ့ရှိပြီး နောက်တွင် ပါပက်ဇ်ကို ဂျစ်မူးနှင့် ကက်ရှ်မီးယား ရဲတပ်ဖွဲ့က ဇွန်၂၁ရက်တွင် ဖမ်းဆီးခဲ့သည်။ ပါဇ်သည် လိုင်လာ၏ မိခင်ဖြစ်သူ၏ တတိယမြောက် ခင်ပွန်းဖြစ်ပြီး ပေါင်းသင်း နေထိုင်နေသူတစ်ဦးဖြစ်သည်။

ယင်းဖြစ်စဉ်တွင် လိုင်လာ၏ ချစ်သူနှင့်အတူ အမျိုးသား သုံးဦးကိုလည်း ပစ်သတ်ခဲ့သည်ဟု လိုင်လာနှင့် ၎င်း၏ ဆွေမျိုးများ ပျောက်ဆုံးပြီး ၁၁လအကြာ တွင် ပါပက်ဇ်က ဂျမ်မူရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ လိုင်လာကို ပစ်သတ်ရခြင်းသည် လိုင်လာနှင့် မိခင်ဖြစ်သူတို့ ပိုင်ဆိုင်သည့် တိုက်ခန်းများနှင့် ပစ္စည်း ဥစ္စာများကို ရယူလိုခြင်းကြောင့်ဖြစ်သည်။

လိုင်လာခမ်းသည် ၂ဝဝ၈ခုနှစ်က ထုတ်လွှင့်ခဲ့သည့် Wafa ရုပ်ရှင် ဇာတ်ကားတွင် မင်းသားဂျက်ရှ်ခမ်နာနှင့် အတူ တွဲဖက် သရုပ်ဆောင် ထားသည်။ ရုပ်ရှင် ထုတ်လုပ်သူ ရာက်ရှ်ဆာဝပ်နှင့် အကြမ်းဖက် သမားများ ချိတ်ဆက်မှု ရှိမရှိနှင့် ၎င်း၏ ငွေကြေးသုံးစွဲ ခြင်းကိုလည်း မဟာရက်ရှ်ထရာ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ၏ မေးမြန်းမှုကို ခံခဲ့ရသည်။