Saturday, July 12, 2014

Online နည်းပညာကိုဖန်တီးခဲ့ သူ

ယနေ့ကျွန်တော်တို့ ယခုလို အွန်လိုင်း အင်တာနက်ကို အသုံးပြုနိင်ဖို့ ယခင်က တီထွင်မှုတွေ များစွာ ပြုလုပ်ခဲ့ရပါတယ်။ မိတ်ဆွေ သူငယ်ချင်း...တို့ကို အသိတစ်ခုပေးနိင်စေဖို့ မျှော်လင့်လို့ အင်တာနက် ကို ဘယ်သူတွေ တီထွင်ခဲ့ သလဲဆိုတာ ဗဟုသုတ တစ်ခုအနေနဲ့ တင်ပြ ရေးသားလိုက်ရပါတယ်။

တကယ်တော့ ကျွန်တော်တို့ သိပြီး အသုံးပြုနေတဲ့ အင်တာနက်ကို လူတစ်ဦးတစ်ယောက်ချင်းဆီက ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ Net (သို့) Web လို့လည်း ခေါ်တဲ့ အင်တာနက်ကို IPTO လို အတိုကောက်ခေါ်တဲ့ Information Processing Technology Office က စလျှင်စချင်း ဖွံဖြိုးစေခဲ့တာ ဖြစ်ပြီး အဲဒီ IPTO ဆိုတာကတော့ ၁၉၆၂ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Defense Advanced Research Projects Agency (DARPA) ရဲ့ အေဂျင်တစ်ခု ဖြစ်ပါတယ်။
အဲဒီလို တည်ထောင်ခဲ့ပြီး မကြာမီမှာတော့ ဒီလို အင်တာနက်ကို ဖွံဖြိုးစေခဲ့တဲ့ အတွက် ဒီ ဦးဆောင်မှုမှာ တာဝန်ယူခဲ့တဲ့ JCR Licklider ဆိုသူဟာ ပထမဦးဆုံး ဒါရိုက်တာ ဖြစ်လာခဲ့ပါတယ်။ ဒီနေ့တွေမှာတော့ IPTO ဟာ သူတို့ရဲ့လက်ရှိစနစ်တွေရဲ့ ရှေ့ဆက်မဲ့ လုပ်ငန်းတွေ အတွက် အသစ်အသစ်စေသော ကွန်ပျူနဲ့ ဆိုင် သော မျိုးဆက်များနဲ့ စနစ်များကို ဖန်တီးလျက်ရှိပါတယ်။

No comments:

Post a Comment