Saturday, July 12, 2014

ZTE က Nubia Z7, Z7 Max နှင့် Z7 Mini စမတ်ဖုန်းများကို ပြသလိုက်ပါသည်။

ZTE က Nubia Z7, Z7 Max နှင့် Z7 Mini စမတ်ဖုန်းများကို ပြသလိုက်ပါသည်။

ZTE Nubia Z7...
-----------------
ZTE Nubia Z7 သည် LG G3 နှင့် တူညီသည့် ၅.၅ လက်မ QHD Display နှင့် Snapdragon 801 Chipset ကို တပ်ဆင်ထားပါသည်။ Android 4.4 KitKat ကို Nubia UI 2.0 နှင့် ပေါင်းစပ်အသုံးပြုထားပါသည်။ 3GB RAM အပြင် ဘက်ထရီကို သက်သာစေရန် Chipset ကို အသုံးပြုရန်မလိုသည့် Display RAM ပါရှိပါသည်။ LG ကလည်း အဆိုပါ စွမ်းဆောင်ချက် မျိုးကို G2 တွင် မိတ်ဆက်ခဲ့ပါသည်။
အနောက်ဘက်တွင် Optical Image Stabilization နည်းပညာပါသည့် 13 MP Camera နှင့် အရှေ့ဘက်တွင် 5 MP Camera တပ်ဆင်ထားပါသည်။
ဖုန်းတွင် SIM Card နှစ်ခု အသုံးပြုနိုင်ပြီး နိုင်ငံတကာ စံနှုန်းဖြစ်သည့် FDD-LTE ကို အထောက်အပံ့ပေးပါသည်။ ထို့အပြင် တရုတ်တွင် အသုံးပြုသော LTE စံနှုန်းကိုလည်း အသုံးပြုနိုင်သည်ဟု သိရပါသည်။ Dual-Band WiFi 802.11 ac နှင့် 3000mAh Battery ပါရှိပါသည်။
အရွယ်အစား အပြည့်အစုံမှာ 139 x 71 x 9mm ဖြစ်ပြီး တရုတ်ယွမ် ၃၄၅၀ (ဒေါ်လာ ၅၅၀) ဖြင့် ရောင်းချမည်ဖြစ်သည်။


No comments:

Post a Comment