Thursday, August 7, 2014

Ooredoo အသုံးပြုရန်အတွက် ဒီ using guide လေးကို ဖတ်ပေးစေချင်ပါတယ်


ကျွန်တော်တို့ ဥက္ကံသားတွေမသိမှာစိုးလို့ ပါ
Ooredoo အသုံးပြုရန်အတွက် ဒီ using guide လေးကို ဖတ်ပေးစေချင်ပါတယ်။ Ooredoo sim card တွေ အသုံးပြုဖို့အတွက် ဘာတွေသိသင့်လဲ ဘာတွေလိုအပ်လဲ ဆောင်ရန်ရှောင်ရန်လေးပါ။

Ooredoo Sim Card ဆိုသည်မှာ GSM အမျိုးအစားဖြစ်ပါတယ်။ ရန်ကုန် မန္တလေး နေပြည်တော် ၃ နေရာပဲ အသုံးပြုလို့ရဦးမှာဖြစ်ပါတယ်။ Ooredoo Sim Card ကိုအသုံးပြုဖို့အတွက် Huawei ဖုန်းတွေနဲ့ သုံးလို့သိပ်အဆင်မပြေကြောင်းသိရပါတယ်။ Samsung တွေနဲ့ဆိုရင်တော့ အိုခေတယ်လို့ပြောကြပါတယ်။ ထူးခြားမှုတစ်ခုကတော့ Ooredoo Sim Card အသုံးပြုတဲ့ ဟန်းဆက်တွေမှာ Root မဖောက်ခိုင်းပါဘူးခဗျာ … သူပေးထားတဲ့ဖုန်းတွေက မြန်မာဖောင့် auto ပါလာပြီးသား မို့ဖြစ်ပါတယ်။ သူဖုန်းပေးထားတဲ့ default ဖုန်းဆိုတာကတော့ SINGTECH အမည်ရတဲ့ Touch အမျိုးအစားဖုန်းပဲဖြစ်ပါတယ်ခဗျာ … ဖုန်းအဝင်အထွက်ဈေးနှုန်းတွေကတော့ ၂ မျိုး ရှိကြောင်းသိရပါတယ်။ Ooredoo to Ooredoo ခေါ်ရင် ၂၅ ကျပ် ဖြစ်ပြီး Ooredoo to Other Network ကိုခေါ်ရင် ၃၅ ကျပ် ဖြစ်ပါတယ်ခဗျာ။ Keypad နဲ့ရတဲ့ဖုန်း၁ခုပဲရှိသေးကြောင်းသိရပါတယ်။ ထို Keypad ဖုန်းတွင် video calling ပါရရှိကြောင်းသိရပါတယ်။ ထို Keypad အမျိုးအစားဖုန်းမှာ ၂ သောင်း ၂ ထောင်ကျပ် သာရှိကြောင်းသိရပါတယ်။

Ooredoo Sim Card အားဝယ်ယူရန် မှတ်ပုံတင် ရယ် Sim Card ဖိုး ၁၅၀၀ ရယ် ငွေဖြည့်ကတ်ဖိုး ၃၀၀၀ ရယ်ယူလာရပါမယ်။ စုစုပေါင်း ၄၅၀၀ ကြပါမယ်ခဗျာ။

Ooredoo Sim Card ဝယ်ပြီးလို့ မီမိလက်ထဲကို ရောက်လာပြီဆိုပါတော့ … မိမိဝယ်ယူလာသော ဖုန်းနာပတ် နှင့် လိုင်းကို Activate ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဘယ်လိုပြုလုပ်ပေးရမလဲဆိုတာကတော့ လွယ်ကူပါတယ် … Ooredoo/ QRdroid/Barcode scanner ထို Apk ၃ ခုလိုပါတယ် … အသုံးခုကို install ပြုလုပ်ပြီးပါက Ooredoo Sim Card ကို စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ် … Ooredoo/ QRdroid/Barcode scanner apk ၃ ခုလုံးမှာ Ooredoo Activation APK တစ်ခုထဲမှာပါဝင်ပြီးသားဖြစ်ပါတယ်။ အဓိအနေဖြင့် Ooredoo Activation ကို install ပြုလုပ်ပြီး အဆင့်ဆင့်လုပ်သွားဖို့ပါပဲ …

Ooredoo ရဲ့ အင်တာနက် Setting အနေနဲ့ကတော့ Sim Card ကို မိမိ၏ ဟန်းဆက်ထဲထည့်လိုက်တာနဲ့ အင်တာနက် setting ချိန်ပြီးသားဖြစ်ပါတယ်။ name နဲ့ apn မှာ internet ဖြစ်ပြီး username password မလို Authentication type မလို apn type မှာ default ပဲဖြစ်ပါတယ်ခဗျာ

No comments:

Post a Comment