
Ooredoo အနေနဲ့ July လကုန်လောက်ကစပြီး ဆင်းကဒ်တွေကို ဖုန်းဆိုင်တွေထံ အစမ်းပေးသုံးခဲ့ပါတယ်။ စစချင်းကတော့ လိုင်းမြန်ပြီးသုံးရတာအဆင်ပြေပါတယ်။ ဒါပေမဲ့ နေရာတော်တော်များများလိုင်းမမိသေးပါဘူး။ နောက်ပိုင်း လိုင်းတွေအကုန်မိပြီးတဲ့နောက်ပိုင်း ဆိုင်အချို့က သတ်မှတ်ရက်မတိုင်ခင် ဆင်းကဒ်တွေကို ထုတ်ရောင်းခဲ့တဲ့အတွက် သတင်းတွေပေါက်ကြားခဲ့ပါတယ်။ သတင်းတွေထဲကမှ 1 Mb ကို ၂၅ ကျပ်ဆိုတာကတော့ တော်တော်များများ စိတ်ပျက်သွားစေခဲ့ပါတယ်။ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး MB (Megabyte) နဲ့ Mb (Megabit) သေချာမကွဲပြားခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် 1 MB ဖြစ်ဖြစ် 1 Mb ဖြစ်ဖြစ် ၂၅ ကျပ်ကတော့များပါတယ်။ ဒီပုံကတော့ Sule Shangrila မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Ooredoo Myanmar ရဲ့ CEO ဖြစ်သူက Megabit (Mb) ဆိုပြီးပြောသွားတာဖြစ်ပါတယ်။ ဒါကတော့ Ooredoo Myanmar Facebook Page ကိုမေးတော့ MB ဆိုပြီးပြောတာပဲဖြစ်ပါတယ်။


CEO က 1Mb ကို ၂၅ ကျပ်ဟုပြောပုံ
ဆိုင်တစ်ဆိုင်တွင် ငွေဖြည့်ကဒ်နှင့်တွဲရောင်းပုံ

Ooredoo အနေနဲ့ ဆင်းကဒ်စောစောထုတ်နိုင်တာဟာ အားသာချက်တစ်ခုဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုခတစ်မိနစ်ကို ၂၅ ကျပ် (offnet ၃၅ကျပ်) ဟာလဲ သင့်တင့်တဲ့ဈေးနှုန်းပါ။ Data plan တွေထွက်လာရင်ဈေးသင့်တော်မယ်လို့မျှော်လင့်ရပါတယ်။ (သက်သာဖို့မလိုပါ သင့်တော်ဖို့သာလိုပါတယ်။) ၁၄ ရက်နေ့ဘယ်လိုဈေးနှုန်းတွေနဲ့ plan တွေထွက်လာမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
No comments:
Post a Comment