
စက်တင်ဘာလ ၁၂ ရက်တွင် iPhone 6 Model နှစ်မျိုးအား Pre Order အနေဖြင့်မှာယူထားနိုင်မည်ဖြစ်ကြောင်းကို Apple မှ စက်တင်ဘာလ ၉ ရက်နေ့ Apple Event တွင်ပြောဆိုခဲ့ပြီးဖြစ်သည်။ သို့သော် iPhone 6 Model နှစ်မျိုးအား ယခင်နှစ် iPhone စတင်ရောင်းချချိန်များထက် မကြုံစဖူး ၀ယ်လိုအား အင်မတန်မြင့်မားနေခြင်းကို Apple အနေဖြင့်ကြုံတွေ့နေရသည်။ စက်တင်ဘာလ ၁၂ ရက်နေ့တွင် Apple ၏ Website နှင့် Apple Store App များတွင်နာရီပေါင်းများစွာကြာသည်အထိ Pre Order ပြုလုပ်၍မရသေးပေ ။ iPhone 6 ကို Pre Order လုပ်ရန် နာရီပေါင်းများစွာကြာသည်အထိ Web Browser ကို Refresh လုပ်ရင်း Apple မှပြောထားသည့်ရက်တွင် Pre Order ပြုလုပ်၍မရသေးသောကြောင့် Users အများစုဒေါသထွက်ကြရသည်။ ယခုပြဿ နာသည် Apple ကုမ္ပဏီသာ ကြုံတွေ့နေရသည်မဟုတ်ဘဲ အမေရိကန်ရှိ မိုဘိုင်းအော်ပရေတာကြီးများဖြစ်သော AT&T and Verizon တို့ပင်လျှင် iPhone 6 Pre Order အမှာစာများကို လက်ခံ၍မနိုင်တော့လောက်အောင်ဖြစ်နေသည်ဟုဆိုသည်။ ယခုနှစ်တွင် iPhone အသစ်၏၀ယ်လိုအားသည် ယခင်နှစ်များထက်ပိုပြီးသိသိသာသာမြင့်တက်နေရာ ယခင်နှစ်များတွင် iPhone Pre Order Delivery Time ကို ကြာချိန်အနေဖြင့်အများဆုံး ၁၀ ရက်ခန့်သာသတ်မှတ်ထားသော်လည်း ယခု iPhone 6 အတွက် Apple က iPhone Pre Order Delivery Time ကိုအမေရိကန်တစ်နိုင်ငံတည်းတွင်ပင် ရက်သတ္တပတ် ၃ ပတ်(သို့) ၄ ပတ်အထိသတ်မှတ်ထားရသည်အထိဖြစ်သည်။
Ref: The Verge
No comments:
Post a Comment