
iPhone 6 , 6+ တို့နဲ့အတူထွက်ရှိလာခဲ့တဲ့ Apple ရဲ့ ပထမမျိုးဆက် iWatch ဟာ ဒီဇိုင်းပိုင်းဆိုင်ရာလှမှု အရည်သွေး
ကောင်းမွန်မှုတို့နဲ့ အတူ ကမ္ဘာမှာလူအများ စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ် ။ အဆိုပါ အချက်တွေထဲက i Watch ရဲ့ UI
ဖြစ်တဲ့ အနက်ရောင်နောက်ခံပေါ်မှာ လှပတဲ့ icon လေးတွေ အများကြီး စုစည်းနေတဲ့ UI
ဟာတော်တော်လေးလှပပြီး လူကြိုက်များခဲ့ပါတယ် ။ အခုတော့ Android ဟာ Open source ဖြစ်တာနဲ့ အညီ
Android wear device တွေအတွက် i Watch UI ကို ဖန်တီးလိုက်ပါပြီ ။ Uhart မှ Developer တစ်ဦးဟာ Apple ရဲ့
iWatch မှ UI ကို Android wear device ပေါ်မှာ သုံးဖို့တီထွင်ပြလိုက်ပါတယ် ။ အဆိုပါတီထွင်မှုဟာ Apple ရဲ့ iwatch UI
အပြင် မိမိစိတ်ကြိုက် UI ကို Developer သာမက သာမန်user တွေလည်း ဖန်တီးနိုင်မယ်လိုဲ့ဆိုထားပါတယ် ။

အဆိုပါ UhrArt’s WearFaces ကို အသုံးပြုမယ်ဆိုရင် မိမိရဲ့ Android waer ကို စိတ်ကြိုက် ပြင်ဆင် အသုံးပြုနိုင်မှာ
ဖြစ်ပါတယ် ။ အဆိုပါ Watch face ကို မျက်နှာပြင် လုံးဝန်းတဲ့ device တွေသာမက လေးထောင်ဆန်တဲ့ Device တွေ
မှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ် ။ အဆိုပါ Wear faces app ကို Playstore မှာ Download ပြုလုပ်ကာ အသုံးပြုနိုင်သလို
Uhart ရဲ့ Official site မှာလည်း Download ရယူအသုံးပြုနိုင်ပါတယ် ။
To Download Uhart Wearfaces app
ဘယ်လို အသုံးပြုနိုင်လဲဆိုတာအောက်မှာVideo Trailer ကြည့်ရှုနိုင်ပါတယ်။
Credit ; Android Authority & Uhart Pearl watchfaces
No comments:
Post a Comment