မကြာခင် ဆင်းကတ်တွေကို ရောင်းချပေးတော့မယ့် နော်ဝေအခြေစိုက် တယ်လီနော ကုမ္ပဏီက သတ်မှတ်တဲ့ တာဝါတိုင်တွေ ပြည့်မီအောင် မစိုက်ထူနိုင်ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်။
နဂိုက ဆင်းကတ်တွေ ပထမ ဦးဆုံး စပြီး ဖြန့်ဖြူးရောင်းချချိန် တာဝါတိုင် ၈၀၀ ကနေ ၁၀၀၀ ကြား တည်ဆောက်နိုင် မယ်လို့ မျှော်လင့် ထားပေမယ့် ခုအခါ တာဝါတိုင် ၆၀၀ ၀န်းကျင်လောက်ပဲ တည်ဆောက်ပြီးစီးတယ်လို့ ဆိုပါတယ်။
ဒီလို ဖြစ်ရတာဟာ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာတွေ အနေနဲ့ တာဝါတိုင်ဆောက်ရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကနေ မြေပါမစ် မရတာ၊ တချို့နေရာတွေမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားတာ၊ တချို့နေရာတွေမှာ ဒေသခံတချို့က ကန့်ကွက်တာတွေ ကြုံရလို့ နှောင့်နှေးရတာလို့ ဆိုပါတယ်။
ခုလို ကိစ္စမျိုး အစိုးရ ဆက်သွယ်ရေးက ကြုံရတာ မကြားမိဘူးလို့ တယ်လီနော မြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/64730
No comments:
Post a Comment