
ဒီတစ်ခါတော့ Z1 C6903 (14.4.A.0.108) Android version 4.4.4 အတွက်
Root နည်းလေးကို တင်ပေးပါ့မယ်
Z1 အတွက် အသစ်ထွက်ရှိထားတဲ့ update version 4.4.4 ကို recovery သွင်းဖို့ boot.img ရှာတာ
လုံးဝကိုရှာမတွေ့ပါဘူး နောက်ဆုံး အခုပေးမယ့် Root tools လေးနဲ့
အဆင်ပြေသွားပါတယ်
ဒီ Root Tools လေးကတော့ Towel root လေးကို အခြေခံထားတာပါ
ဒီ Tool လေးကို အသုံးပြုဖို့ ဖုန်းကို Bootloader Unlock လုပ်စရာမလိုပါဘူး
လိုအပ်တာလေးတွေကို အောက်မှာ အရင်ဒေါင်းလိုက်ပါ
Z1 အတွက် Root Tools ကိုအောက်တွင် ရယူပါ
**********************************************
Super user apk ကိုဒေါင်းရန်
**************************************
Root ပြုလုပ်ရန် Tutorial
********************************
ပထမဦးစွာ ဒေါင်းပြီးရလာသော EasyRoot Tool .zip ကို Computer Desktop မှာဖြည်ထားပါ
ကွန်ပြုတာမှာ Internet ချိတ်ဆက်ထားဖို့တော့ လိုအပ်ပါမယ် Sony ရဲ့ Driver လည်း computer မှာ ရှိရပါမယ်။
ဖုန်းကို ကွန်ပြုတာနဲ့ မချိတ်ပါနဲ့ဦး
zip ဖြည်ထားသော Folder ထဲက .bat ကို run ပေးလိုက်ပါ
လိုအပ်သော Towel root apk ကို အလိုအလျောက် Download လုပ်ပါလိမ့်မယ်
Download ပြီးပြီဆို ရင်တော့ ဖုန်းကို unknown sources နဲ့ usb debugging ဖွင့်ပြီး
ဖုန်းကို ကြိုးထိုးပေးလိုက်ပါ လိုအပ်တာတွေကို အလိုအလျောက်သွင်းပေးပါလိမ့်မယ်
ခဏလောက်ကြာရင်တော့ Cleaning up ဆိုပြီး ပြပါလိမ့်မယ်
အဲ့ ဒီ စာတန်းပေါ်လာရင်တော့ ဖုန်းကို ကြိုးဖြုတ်လိုက်ပါ
Tool ကိုပိတ်လိုက်ပါ ။ Root ကတော့ ရရှိသွားပါပြီ ဒါပေမယ့် Super user ကတော့ ပေါ်မှမဟုတ်ပါဘူး
ကျွန်တော်ပေးထားတဲ့ Super User apk လေးကို install ပြုလုပ်ပေးလိုက်ပါ
ပြီးရင်တော့ Z1 လေးမှာ Root Access ရရှိပြီဖြစ်ပါတယ်
***********************************************************
မြန်မာစာအဆင်ပြေအောင်ထည့်သွင်းနည်း
*************************
Android ဖုန်းတိုင်းမှာ version 4.3 အထက်မှာ unicode ကို အထောက်အပံ့ ပေးတဲ့ Padauk.ttf
ပါလာပါတယ်။ အခု Z1 မှာလည်းပါပါတယ် အဲဒီ Font ကိုဖျက်နိုင်မှ မြန်မာစာ ကို မှန်ကန်စွာ ဖတ်ရှုနိုင်မှာပါ
Padauk.ttf ဖျက်ဖို့ Root Access လည်းရနေပြီဖြစ်လို့ Root explorer ကိုသွင်းလိုက်ပါ
Super User request တောင်းရင် Grant ပေးလိုက်ပါ
ပြီးရင် System ထဲ က Font ထဲမှာ Padauk.ttf , Padauk Book.ttf နဲ့ Padauk bookbold.ttf ကိုဖျက်ပေးပါ
ပြီးရင်တော့ ပြန်ထွက်ပြီး ကိုသက်နိုင်စိုး ရေးသားထားတဲ့ MMAS Zawgyi Changer မှာ Sony အတွက် ဖောင့်ကိုချိန်းပေးလိုက်ပါ
Reboot ကျပြီးပြန်တက်လာရင် Z1 4.4.4 မှာ မြန်မာစာ အဆင်ပြေပါပြီ
*******************************
Root tool ကို xda developer forum မှရယူထားပါတယ်
အားလုံးအဆင်ပြေပါစေ
No comments:
Post a Comment