ကမ္ဘာပထမဆုံးသော သော့တံ မရှိတဲ့ စက်ဘီးသော့ခလောက် BitLock
ကျွန်တော်တို့ IT လောက ပတ်ဝန်းကျင်မှာ
Smartphone ဖြင့် unlock ပြုလုပ်နိုင်တဲ့ ပစ္စည်းတွေ
အများအပြားရှိပြီးဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံး ထုတ်လုပ်ထားတဲ့
သော့တံ မရှိတဲ့ စက်ဘီးသော့ခလောက် ဖြစ်ပါတယ်။ BitLock လို့အမည်ပေးထားပြီး
စက်ဘီးချစ်သူတွေ အတွက်တော့ အသည်းစွဲမယ့် Locker ပဲဖြစ်ပါတယ်။ BitLock
အတွင်းမှာ Proximity sensor ပါဝင်တဲ့အတွက်ကြောင့် စက်ဘီးပိုင်ရှင်ကို
အနီးအနားမှာ ရှိမရှိကို သိရှိနိုင်ပါတယ်။ Smartphone နဲ့
ချိတ်ဆက်အသုံးပြုရမှာဖြစ်ပြီးတော့ iOS, Android နှစ်မျိုးမှာသာ
အသုံးပြုနိုင်မှာပါ။ အကွာအဝေး အနေနဲ့ သုံးပေ အတွင်းမှာ
ပိုင်ရှင်ရှိနေပြီးဆိုရင်တော့ Smartphone ကနေ unlock
ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ BitLock ကို တီထွင်ခဲ့သူတွေရဲ့ အဆိုအရတော့ ဒီ
BitLock အတွင်းမှာ ပါဝင်တဲ့ Battery ဟာ ငါးနှစ်သက်တမ်းရှိပြီး unlock, lock
ပြုလုပ်တဲ့ အကြိမ်ရေပေါင်း 10000 ခန့်အထိကို လုပ်ဆောင်ပေးနိုင်ပါတယ်။
BitLock ကို Smartphone မရှိတဲ့ အချိန်မှာ အသုံးပြုဖို့အတွက်တော့ 16-digit
binary code ကို အသုံးပြုမှသာ unlock ဖြစ်မှာဖြစ်ပါတယ်။ BitLock ဟာ
သော့ခလောက် သက်သက်သာမကပဲ သွားခဲ့တဲ့ လမ်းကြောင်းတွေကို မှတ်သားထားခြင်း၊
မောင်းနှင်ခဲ့တဲ့ အကွာအဝေးများကို တိုင်တားခြင်း၊ အကွာအဝေးအလိုက် Calories
တွေဘယ်လောက် လောင်ကျွမ်းသွားလည်းဆိုတာကိုပါ တွက်ချက်ပေးနိုင်မှာပါ။ သူ့ရဲ့
တန်ဖိုးကတော့ $140 ရှိပါတယ်။
Read more at: http://www.hardwarezone.com.mm/2013/12/08/bitlock-is-worlds-first-keyless-lock-for-your-bike/ |
No comments:
Post a Comment