Thursday, July 3, 2014
WhatsApp ကို $19 billion နဲ့ ၀ယ်လိုက်တဲ့ Facebook
Facebook ဟာ Messaging apps တစ်ခုဖြစ်တဲ့ WhatsApp ကို $19 billion နဲ့ ၀ယ်ယူလိုက်ပါတယ်။ $12 billion ကို Facebook share နဲ့ ပေးချေပြီး $4 billion ကို cash နဲ့ ပေးချေကာ $3 billion ကို employee retention အတွက် ပေးချေတာကို တွေ့ရပါတယ်။ မကြာသေးခင်က Messaging apps တစ်ခု ဖြစ်တဲ့ Viber ကို ဂျပန်က e-commerce company တစ်ခုက ၀ယ်သွားခဲ့ပါတယ်။ အခုဆိုရင် WhatsApp ဟာ ဒုတိယမြောက် ရောင်းချတဲ့ messaging apps တစ်ခုဖြစ်သွားပါပြီ။ ထူးခြားတာက WhatsApp ဟာ သီးသန့် နဂိုအတိုင်း သူ့ရဲ့ brand က ဆက်လက်တည်ရှိနေမှာ ဖြစ်ပြီး Apps ဟာလည်း ဆက်လည် run နေမှာ ဖြစ်ပါတယ်။ WhatsApp ရဲ့ co-founder လည်းဖြစ် CEO လည်း ဖြစ်တဲ့ Jan Koum ကတော့ Facebook ရဲ့ director board အဖွဲ့ကို ၀င်ရောက် join နိုင်တော့မှာ ဖြစ်ပါတယ်။ WhatsApp မှာ 450 million ( Monthly Active Users ) တွေရှိနေပါပြီ။ အဲ့ဒီ users တွေအားလုံးရဲ့ 70% ကနေ့တိုင်း WhatsApp ကို အသုံးပြုကြပါတယ်။ တွက်ချက်ကြည့်လိုက်တဲ့အခါမှာ တစ်နေ့ကို 1 million users လောက် WhatsApp ကို အသုံးပြုကြပါတယ်။ Facebook ဟာ WhatsApp နဲ့ ပူးပေါင်းပြီး သူ့ရဲ့ Messangers ကို ပိုကောင်းအောင်ပြုလုပ်မလား ဒါမှမဟုတ် Messaging နဲ့ပတ်သက်ပြီး ဘာတွေ ခြေလှမ်းလှမ်းဖို့ ပြင်နေသလဲ…စဉ်းစားစရာတွေကတော့ ရှိနေပါတယ်။ မကြာသေးခင်က photo messaging app တစ်ခုဖြစ်တဲ့ snapchat ကို $3 billion နဲ့ ၀ယ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် တစ်ဖက်က ပယ်ချတာကို ကြုံခဲ့ရတဲ့ Facebook ဟာ အခုဆိုရင်တော့ WhatsApp နဲ့ ပူးပေါင်းနိုင်နေပြီ ဖြစ်ပါတယ်။
post--- tintunoo
Subscribe to:
Post Comments (Atom)
No comments:
Post a Comment