Sunday, August 24, 2014

ALS Ice Bucket Challenge ရဲ့ အကောင်းဆုံး စိန်ခေါ်မှုအဖြစ် Samsung က သူရဲ့ ပြိုင်ဘက်များကို စိန်ခေါ်

s5
လူ့ကျင့်ဝတ်တရားတွေ ကြီးမားတဲ့ ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ အဲဒီလိုမျိုး လုပ်လိမ့်မယ်လို့ ဘယ်လိုမှ မမျှော်လင့်ထားခဲ့ပေမယ့် ယခုအချိန်မှာတော့ အဲဒါဟာ မေးခွန်းမေးစရာ ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Samsung ဟာ သူရဲ့ နောက်ဆုံးထုတ် Galaxy S5 ဖုန်းကို ရေခဲရေ လောင်းချခြင်းဖြင့် သူ့ရဲ့ အခြားပြိုင်ဘက် ဖုန်းကုမ္ပဏီတွေကို စိန်ခေါ်လိုက်တဲ့ အတွက် ဖြစ်ပါတယ်။ အဲဒိအတွက် ALS Ice Bucket Challenge ရဲ့ လူမှုရေးကူညီမှုအနေနဲ့ရော သူရဲ့ဖုန်း ပရိုမိုးရှင်းလုပ်တဲ့ အနေနဲ့ပါ လုပ်လိုက်ဟန်တူပါတယ်။
ကုမ္ပဏီကနေ သူရဲ့ Galaxy S5 ဖုန်းပေါ်ကို ရေခဲရေတွေ လောင်းချပြီး စိန်ခေါ်လိုက်တဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ထိုနောက် ဖုန်းထဲကနေ စက်ရုပ်တစ်ရုပ်ရဲ့ အသံပုံစံဖြင့် Apple, HTC နှင့် Nokia တို့ရဲ့ အမည်တွေကို ခေါ်ခဲ့ပါတယ်။ အမှန်တကယ်တော့ အဲဒိဖုန်းတွေဟာ ရေစိုခံနိုင်မှု နည်းပညာတွေ မပါဝင်ကြပါဘူး။
Samsung ရဲ့ တရားဝင် လူမှုရေးကူညီမှုကို ကူညီတဲ့အနေနဲ့ရော ဟာသတစ်ခုအနေနဲ့ပါ ပြုလုပ်လိုက်ဟန်တူပါတယ်။ အဲဒီဗီဒီယိုဖိုင်ကြောင့် ဘာတွေ ဖြစ်လာမယ်ဆိုတာ မသေချာပေမယ့် သူရဲ့ ပြိုင်ဘက်တွေအပေါ် အကောင်းဆုံး စိန်ခေါ်မှုတစ်ခုတော့ ဖြစ်စေခဲ့ပါတယ်။
Samsung ရဲ့ တာဝန်ရှိသူတွေကို အဲဒီ လူမှုရေးကူညီမှုအသင်းကို ဘယ်လောက် လှူဒါန်းခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြိး ဆက်သွယ်မေးမြန်းမှုကိုတော့ တာဝန်ရှိသူတွေက ဘယ်လောက်လှူဒါန်းတယ်ဆိုတာ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

No comments:

Post a Comment