
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာလိုင်စင် ရထားပြီး မိုဘိုင်းဖုန်း ၀န်ဆောင်မှုတွေ ပေးနေတဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ ဆက်သွယ်ရေး ကွန်ရက်အတွက် တာဝါတိုင်တွေ ထောင်ရာမှာ အခက်အခဲတွေ အများကြီး တွေ့နရတယ်လို့ တာဝါတိုင်ထူရေးမှာ ဖက်စပ် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်အပါအ၀င် နယ်မြို့တွေမှာ တာဝါတိုင် စိုက်ထူရေး အခက်အခဲကြောင့် ကွန်ရက်အတွင်း လိုင်းမမိတဲ့ ပြသနာတွေ ရှိနေပြီး သုံးစွဲသူတွေရဲ့ အပြင်းအထန် ဝေဖန်မှုကိုလည်း ခံနေရပါတယ်။
နယ်တွေမှာဆိုရင် တာဝါတိုင် စိုက်ထူမယ့်ကိစ္စနဲ့ အစိုးရရဲ့ မြေအမျိုးအစား ၁၀ မျိုးထက်မက ခွဲခြားထားတဲ့ ပြသာနာတွေနဲ့ ရင်ဆိုင်နေရပြီး ရန်ကုန်မှာတော့ အဆောက်အဦတွေပေါ် တာဝါတိုင်တင်မယ့်ကိစ္စ စည်ပင်သာယာအဖွဲ့ရဲ့ အမျိုးမျိုးအကျပ်ကိုင်တာ ခံရတယ်လို့ သူက ဆိုပါတယ်။ ဒါမျိုး ကုမ္ပဏီ အနေနဲ့ အရင်က မကြုံခဲ့ဖူးဘူးလို့ အော်ရီဒူးကုမ္ပဏီ တာဝန်ရှိသူတယောက်ကလည်း ဒီဗွီဘီကို ပြောပါတယ်။
No comments:
Post a Comment