Sunday, August 24, 2014

iPhone 5 များ၏ Battery ကိုပြန်လည်လဲလှယ်တပ်ဆင်ပေးသည့်အစီအစဉ်အား Apple ပြုလုပ်ပေးမည်

iPhone-5-Battery-Replacement
စက်တင်ဘာလ ၂၀၁၂ မှ ဇန်န၀ါရီ ၂၀၁၃ အတွင်းရောင်းချခဲ့တဲ့ iPhone 5 တွေရဲ့ Battery များမှာ ဘက်ထရီအားအလျင်အမြန်ကုန်လွယ်ခြင်းနှင့်အခြား Error များဖြစ်ပွားနေတာကို Apple မှတရားဝင်အတည်ပြုလိုက်ပါပြီ။ ဒီအတွက် စက်တင်ဘာလ ၂၀၁၂ မှ ဇန်န၀ါရီ ၂၀၁၃ အတွင်းရောင်းချခဲ့တဲ့ iPhone 5 များကို Apple မှ Battery အသစ်လဲလှယ်တပ်ဆင်ပေးမယ့်အစီအစဉ်ကို ၂၀၁၄ သြဂုတ်လ ၂၂ ရက်နေ့ကနေစတင်ပြီး ပြုလုပ်ပေးနေပြီလို့သိရပါတယ်။ Apple Retail Store ရှိတဲ့  မြို့ကြီးများ နဲ့ Apple အသိအမှတ်ပြု  Service Provider များထံမှာ အခမဲ့သွားရောက်လဲလှယ်တပ်ဆင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။
Error များဖြစ်ပေါ်နေသော iPhone 5 တွေရဲ့ Battery လဲလှယ်တပ်ဆင်မှုများကိုပြုလုပ်ရမယ့်သူများအနေဖြင့်
- မိမိတို့ရဲ့ ဖုန်းအတွင်းရှိ Data များကို Backup လုပ်ခဲ့ကြရန်
-”Find my iPhone” Feature ကို ပိတ်ခဲ့ကြရန်
-Settings > General > Reset > ထဲကိုဝင်၍ Erase all Content and Settings ကိုနှိပ်ပြီး ဖုန်းရဲ့ data & setting များကိုရှင်းလင်းထားရန်
Apple မှအသိပေးကြေညာထားသည်။

မိမိတို့ရဲ့ iPhone 5 က ပြသာနာရှိနေတဲ့ Battery များတပ်ဆင်ထားသော ဖုန်းစာရင်းထဲပါမပါသိနိုင်အတွက် အောက်က Link မှာ ၀င်ရောက်ပြီး ဖုန်း Serial Number ကိုရိုက်ထည့်ကာ Submit ကိုနှိပ်ပြီး စစ်ဆေးနိုင်တယ်လို့သိရပါတယ်။
https://ssl.apple.com/support/iphone5-battery/
iPhone 5 battery replacement
(ဖုန်းရဲ့ Serial Number ကိုသိရှိရန် Setting > General > About ထဲသို့ဝင်၍ Serial Number ကိုကြည့်ရှုနိုင်ပါတယ်)

No comments:

Post a Comment