Thursday, August 21, 2014

အူရီးဒူးဆင်းမ်ကတ်နှင့်တွဲရောင်းမည့် ဆမ်ဆောင်းဟန်းဆက်များလိုသလောက် ချပေးမည်ဟုဆို

v
အူရီးဒူး၏မိနစ်သုံးရာအခမဲ့ဖုန်းပြောဆိုခွင့်အပါအဝင်အခြားအခမဲ့အစီအစဉ်များပါသော ဈေးနှုန်းသင့်တင့်သည့်Galaxy V ဟန်းဆက်များကို နိုင်ငံတစ်ဝန်းလိုသလောက်ရရှိနိုင်စေရန် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆမ်ဆောင်းမြန်မာရုံးခွဲမှသတင်းရရှိသည်။
‘‘Galaxy V ဟန်းဆက်တွေကို နိုင်ငံတစ်ဝန်းမှာရှိတဲ့ Samsung Show Roomတွေနဲ့ အူရီးဒူးအရောင်းဆိုင်တိုင်းမှာ ရောင်းချပေးသွားပါမယ်။ ပစ္စည်းပြတ်သွားရင်လည်းမပူပါနဲ့။ ရက်ပိုင်းအတွင်းမှာပဲ လိုသလောက်ထပ်ရောက်လာမှာဖြစ်ပါတယ်’’ဟုဆမ်ဆောင်းမြန်မာမှ  Head Of Channel Mana-gement Mobile ဦးဇာနည်ဝင်းထက်ကပြောသည်။
၉၇,၅၀၀ ကျပ်ပေးရမည့် Samsung Galaxy V ဟန်းဆက်ဝယ်ယူသူများအနေဖြင့် အူရီးဒူးဆင်းမ်ကတ် အခမဲ့ရရှိမည်ဖြစ်သလို မိနစ်သုံးရာအခမဲ့ဖုန်းပြောဆိုခွင့်၊ Message အစောင်သုံးရာအခမဲ့ပို့ခွင့်နှင့် အင်တာနက် 300 MB အခမဲ့အသုံးပြုခွင့်တို့ရရှိမည်ဖြစ်သည့်အတွက် ဟန်းဆက်အသစ်ဝယ်လိုသူများအဆင်ပြေစေမည်ဖြစ်သည်။
Galaxy V ဟန်းဆက်များကို သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၁ ရက်အထိသာ ယခုရောင်းချပေးသည့်ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါကာလနောက်ပိုင်းတွင် ဝယ်ယူပါက ဈေးအနည်းငယ်တက်နိုင်သလို အူရီးဒူး၏ အခမဲ့အစီအစဉ်များလည်း ပါဝင်မည်မဟုတ်တော့ကြောင်းသိရသည်။
ထို့အပြင် Android Version 4.4.2 Kit Kat ကို ထည့်သွင်းပေးထားပြီး RAM 512 ဖြင့် တွဲဖက်ပေးထားသည့်အတွက်စွမ်းဆောင်ရည်အသင့်အတင့်ရှိသော စမတ်ဖုန်းအနေဖြင့် အသုံးပြုနိုင်သလို ရှေ့နောက်ကင်မရာနှစ်ခုပါရှိသည့်အတွက် Video Call ခေါ်ဆိုခြင်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်သည်။

No comments:

Post a Comment