Thursday, August 21, 2014

iOS 7 နှင့် အလွန်တူညီသည့် MIUI 6 Android UI ကို Xiaomi မိတ်ဆက်

miui
တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တွင် စနေနေ့က ကျင်းပခဲ့သော ပွဲတစ်ခု၌ MIUI user interface ဗားရှင်းသစ် ဖြစ်သော MIUI 6 ကို Xiaomi က မိတ်ဆက်ပေးခဲ့သည်။
Android အခြေခံ Xiaomi ထုတ်ကုန်များ အတွက် စမတ်ဖုန်း UI သစ်ဖြစ်သည့် MIUI 6 တွင် ဒီဇိုင်းပြောင်းလဲ ပြင်ဆင်မှုများ ပြုလုပ်ထားသလို feature သစ်အချို့ကိုလည်း ထည့်သွင်းပေးခဲ့သည်။
တရုတ်နိုင်ငံ၏ Apple ကုမ္ပဏီဟု တင်စားခံရသည့် Xiaomi ကုမ္ပဏီကမူ အဆိုပါ Android skin သစ်သည် အကောင်းဆုံး MIUI ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်း MIUI ဗားရှင်းသစ်သည် Apple ၏ iOS 7 ၏ ဒီဇိုင်းနှင့် အလွန်တူညီလျက်ရှိသည်။



တရုတ်ဟန်းဆက်ကုမ္ပဏီသည် လတ်တလောတွင် MIUI 6 ကို စမ်းသပ်ဗားရှင်းအနေဖြင့်သာ ဖြန့်ချိထားသည်။ MIUI 6 developer version ကို စက်တင်ဘာလတွင် ဖြန့်ချိမည် ဖြစ်ပြီး နောက်ဆုံးအဆင့် ဗားရှင်းကို ရွေးချယ်ထားသည့် Xiaomi ဟန်းဆက်များနှင့်အတူ အောက်တိုဘာလတွင် ဖြန့်ချိမည်ဟု ကုမ္ပဏီက ကြေညာခဲ့သည်။
Xiaomi သည် MIUI 6 ကို Mi 2, Mi 2S, Mi 2A, Redmi 1S နှင့် Redmi Note များတွင် နှစ်ကုန်ပိုင်း၌ စမ်းသပ်သုံးစွဲမည် ဖြစ်ပြီး အဆင့်မြှင့်တင်ထားသည့် အဆိုပါ ထုတ်ကုန်များကို လာမည့်နှစ်တွင် ဖြန့်ချိဖွယ်ရှိကြောင်း သိရသည်။
ဒီဇိုင်းအသစ် ပြောင်းလဲပြင်ဆင်ထားသည့် MIUI 6 တွင် flat app icon များကို အသုံးပြုထားသည်။ ထို့အပြင် camera app ကို ပြောင်းလဲပြင်ဆင်ထားပြီး ၎င်း ပြောင်းလဲမှုကြောင့် အောက်ဘက်သို့ swipe လုပ်ရုံဖြင့် အရှေ့ဘက်နှင့် ကျောဘက် ကင်မရာတို့ကို ပြောင်းလဲနိုင်ခြင်း၊ ဘယ်ဘက်သို့ swipe လုပ်သည့်အခါ menu panel ဖွင့်ခြင်းနှင့် ညာဘက်သို့ swipe လုပ်သည့်အခါ filter များ ဖွင့်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။

No comments:

Post a Comment