Saturday, September 6, 2014

မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်ခဲ့တဲ့ ASUS ရဲ့ ZenWatch

“Time has been transformed, and we have changed” ဆိုတဲ့ ASUS ရဲ့ ဆောင်ပုဒ်ကို IFA မှာ လက်တွေ့
အကောင်အထည်ဖော်ခဲ့ပြီဖြစ်ပါတယ် ။ အခုဆိုရင် ASUS ဟာ၎င်းတို့ရဲ့ ပထမဆုံးမျိုးဆက် ZenWatch ကို စတင်မိတ်ဆက်
လိုက်ပါပြီ။ ပြောင်းလဲလာတဲ့ နည်းပညာတွေထဲမှာ SmartWatch ရဲ့ ပြိုင်ဆိုင်မှုကို တော်တော်အလေးပေးလာတာကို
တွေ့မြင်ရမှာပါ။ အဆိုပါပြိုင်ဆိုင်မှူတွေထဲကမှ လှပသေသပ်တဲ့ ဒီဇိုင်း စွဲမက်ဖွယ်မျက်နှာပြင် တို့နဲ့ခွဲထွက်လာတဲ့
ASUS ရဲ့ ZenWatch ကိုတွေ့ရမှာပါ ။ အခုဆိုရင် ASUS ဟာ IFA ရဲ့ စင်မြင့်ပေါ်မှာ ၄င်းတို့ရဲ့ ZenWatch ကို
Official မိတ်ဆက်ပေးလိုက်ပါပြီ ။ ZenWatch ဟာ အခြားပြိုင်ဖက်တွေ ဖြစ်တဲ့ Samsung , LG တို့ရဲ့ Smartwatch
တွေထက် မသာလွန်နိုင်တောင် ဒီဇိုင်းပိုင်းမှာတော့ တော်တော်လေးလှပပါတယ်။

အဆိုပါ Smartwatch ကို
Stainless steel နဲ့ပြုလုပ်ပေးထားပြီး ပါးလွှာတဲ့ ပုံစံကွေးကောက်တဲ့ မျက်နှာပြင် ဒီဇိုင်းကို ပုံစံဖော်ထားလို့ ဒီဇိုင်းပိုင်းမှာ
လှပသပ်ရပ်တယ်ဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး ။ ZenWatch ရဲ့ Display ကို ရုပ်ထွက်ကောင်းမွန်လှတဲ့
AMOLED Display နည်းပညာကို အသုံးပြုထားပြီး မျက်နှာပြင်ကို အကာကွယ်အကောင်းဆုံးပေးနိုင်မယ့်
Corning Gorilla Glass 3 နဲ့ ဖုံးအုပ်ထားပါတယ်။
asus-zenwatch-announcement3 (1)
အထူးခြားဆုံးကတော့ Smartwatch ရဲ့ ကြိုးကို ကောင်းမွန်လှတဲ့
Leather ကြိုးကို အသုံးပြုထားပြီး လွယ်ကူသက်သာစွာဝတ်ဆင်နိုင်စေရန် အီတလီ ဒီဇိုင်းနာက အထူးရေးဆွဲချုပ်လုပ်ပေးထားပါတယ်
ASUS Zenwatch ASUS ရဲ့ ဒီဇိုင်း စင်တာမှ အုပ်ချုပ်သူဖြစ်တဲ့ Mitch Yang က မိတ်ဆက်ပြသပေးခဲ့ပါတယ် ။

ASUS ရဲ့ smart watch မှာတော့ စိတ်ဝင်စားဖွယ်ကောင်းမွန်လှတဲ့ နာရီ မျက်နှာပြင်ပေါင်း ရာကျော် ပါဝင်ပြီး
Smart watch မျက်နှာပြင်ကို ၂ချက်နှိပ်ယုံနဲ့ ဖုန်းကို ရှာဖွေပေးမှာဖြစ်ပြီး အလိုလျောက်လဲ Unlock လုပ်ပေးမှာပါ။
အခြားသောနည်းပညာတွေအနေနဲ့ ဖုန်းကင်မရာကို smartwatch မှ ထိန်းချုပ် ရိုက်ကူးနိုင်မှာဖြစ်ပြီး ကျန်းမာရေးကို
အထောက်အကူပြုမယ့် Heartrate monitor ကို လည်းထည့်သွင်းပေးထားပါတယ်။ အဆိုပါ heartrate ကိုတော့ ဖုန်း
မှာပါဝင်တဲ့ ASUS Wellness app မှာကြည့်ရှုနိုင်မှာဖြစ်ပြီး ကယ်လိုရီလောင်ကျွမ်းမှုနှုန်း ၊ လေ့ကျင့်ခန်းလုပ်ဆောင်မှုကြာချိန်
နဲ့ အနားယူတဲ့အချိန်တွေကို တိုင်းတာနိုင်မှာဖြစ်ပါတယ် ။ သရုပ်ပြနေချိန်မှာ Mitch Yang ဟာ Smartwatch ရဲ့ မျက်နှာပြင်
ကို လက်နဲ့ အုပ်ရုံနဲ့ ဖုန်းအ၀င်ခေါ်ဆိုမှုကို အသံဖျောက်ပြသွားခဲ့ပါသေးတယ် ။ ထို့အပြင် Zenwatch အတွက်
Officail Page တစ်ခုကိုပြုလုပ်ပေးထားပြီး Unofficial မဟုတ်ဘူးဆိုတာတွေကိုသက်သေပြခဲ့ပါတယ် ။
ASUS ရဲ့ ZenWatch ကို 199 Euros နဲ့ ရောင်းချပေးမယ်လို့ကြေငြာခဲ့ပြီး အဆိုပါဈေးဟာ ဈေးကွက်ထဲမှာရှိတဲ့Samsung , LG တို့ရဲ့ Android wearing device တွေရဲ့ ရောင်းချဈေးနှုန်းနဲ့ တူတူဘဲဖြစ်ပါတယ်………..asus-zenwatch1 (2)

No comments:

Post a Comment