Saturday, September 6, 2014

အရောင်အသွေးစုံလင်ပြီး Mid-Range ဖုန်းဖြစ်တဲ့ Desire 820 ကို HTC မှ မိတ်ဆက်

nexus2cee_HTC-Desire-820-Group_thumb
HTC ကတော့ User အများစု မျှော်လင့် ထားတဲ့ One Family မျိုးဆက်သစ် ထွက်ရှိမလာဘဲ အရောင်အသွေးစုံလင်တဲ့
Desire မျိုးဆက်သစ် ဖြစ်တဲ့ Desire 820 ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Mid-range ဖုန်းလေးမှာတော့
စုံလင်လှတဲ့ အရောင်အသွေးတွေရရှိနိုင်မှာဖြစ်ပြီး ဖုန်းကိုတော့ ကောင်းမွန်လှတဲ့ polycarbonate နဲ့ ပြုလုပ်ထားပြီး
ပါးလွှာတဲ့ Body မှာ HTC ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ Dual Speaker ကို မျက်နှာပြင်မှာတပ်ဆင်ထားပါတယ် ။
ရုပ်တရက် ကြည့်လိုက်ရင်တော့ HTC One M8 လိုလို , iPhone 5C လိုလို ဒီဇိုင်းကို မြင်တွေ့ရမှာပါ ။
ဖုန်းအတွင်းကပိုင်းမှာတော့ Qualcomm’s ရဲ့Snapdragon 615 octa-core 1.8Ghz, 64bit processor ကို အသုံးပြုထားတာဖြစ်ပြီး
Clock speed ပိုမိုမြန်ဆန်လာကာ Graphic အတွက် Adreno 405 GPU ပါရှိပါတယ် ။ Kit kat version မှာတော့ 32bit
ဘဲ အလုပ် လုပ်နိုင်မှာဖြစ်ပြီး Android L ကို အဆင့်မြင့်ပေးတဲ့ အချိန်မှသာ 64 bit ကို အပြည့် အ၀ အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။
၅.၄ လက်မ မျက်နှာပြင်မှာ 720P HD ရုပ်ထွပ် ရရှိနိုင်မှာဖြစ်ပြီး ကျောဖက် ကင်မရာကိုတော့ 13MP တပ်ဆင်ပေးမှာပါ။
ထူးခြားတဲ့ အချက်ကတော့ ရှေ့ကင်မရာကို 8MP အထိ တိုးမြှင့်တပ်ဆင်ပေးထားပြီး Selfie ရိုက် ဖို့ အတွက်ကောင်းမွန်လှတဲ့
ပုံရိပ်တွေကို မှတ်တမ်းတင်နိုင်မှာပါ။ 4G LTE nwtwork ကို အထောက်အပံ့ ပေးထားပြီး Dual sim အနေနဲ့ ထွက်ရှိမှာပါ။
Desire 820 အတွက် RAM ကို 2GB ထည့်သွင်းပေးထားပြီး ဖုန်းတွင်းသိုလှောင်မှုအနေနဲ့ကတော့ 16 GB ပါရှိမှာဖြစ်ပါတယ်
ထပ်မံတိုးချဲ့ လိုသူတွေအတွက် Micro SD တိုးချဲ့ အသုံးပြုနိုင်ပြီး 2600mAh battery တပ်ဆင်ပေးထားပါတယ် ။
ဖုန်းအထူက 7.7 mm သာရှိတော့ ပါးလွှာလှပြီး Desire မျိုးဆက်သစ်ဖြစ်တဲ့ Desire 820 ကို လှပတဲ့ အရောင်မျိုးစုံနဲ့ ရရှိမှာဖြစ်ပြီး
ဈေးနှုန်းနဲ့ ထုတ်လုပ်မယ့် အချိန်ကိုတော့ မပြောကြားခဲ့ပါဘူး။ အရည်အသွေးကောင်းမွန်လှတဲ့ HTC Smart Phone တွေအတွက်
ဈေးကွက် ထွေထွေထူးထူးရှာစရာမလိုဘဲ ကောင်းမွန်တဲ့ mid-range ဖုန်းတစ်လုံးဆိုတာသေချာသလောက်ဖြစ်နေပါပြီ…..

No comments:

Post a Comment