
IFA မတိုင်ခင် ထွက်ရှိလာတဲ့ သတင်းတွေ ပြန့်နေပါတယ် ဆိုတဲ့ Ascend Mate 7 ဟာ တကယ်ထွက်ပေါ်လာပါပြီ။
Rumor ဆိုက်တွေက ပေါက်ကြားခဲ့တဲ့ ပုံစံအတိုင်း အတိအကျထွက်ရှိလာခဲ့ပါတယ် ။ ကြီးမားတဲ့ မျက်နှာပြင်မှာကောင်းမွန်တဲ့
အရည်အသွေးအပြင် အမြင့်ဖုန်းတွေမှာပါရှိလေ့ရှိတဲ့ Fingerprint sensor ပါရှိလာပြီး အကောင်းမွန်ဆုံးလို့Hawei ကကြေငြာထားပါတယ်။
Ascend Mate 7 မှာတော့၆လက်မ မျက်နှာပြင်မှာ 1080p LCD ကိုတပ်ဆင်ပေးထားတာ့ဖြစ်လို့ ကောင်းမွန်လှတဲ့ HD ရုပ်ထွက်ကို မြင်တွေ့ရမှာပါ။
Huawei ရဲ့ ကိုယ်ပိုင် Chip ဖြစ်တဲ့ Kirin 950 Octa-core processor ကို အသုံးပြုထားပြီး RAM ကတော့ 16GB version
အတွက် 2GB ပါရှိမှာဖြစ်ပြီး 32 GB version အတွက်ကတော့ RAM ကို 3GB အထိ ပါဝင်မှာဖြစ်ပါတယ် ။
ကောင်းမွန်လှတဲ့ 4100mAh Battery ကို အသုံးပြုထားကာ LTE Cat6 ချိတ်ဆက်မှု လည်း အသုံးပြုနိုင်မှာပါ ။
13MP ကင်မရာပါဝင်မှာဖြစ်ပြီး အရည်အသွေးကောင်းမွန်တဲ့ ပုံရိပ်တွေကို မှတ်တမ်းတင်နိုင်မှာပါ။ 5MP ရှေ့ကင်မရာပါတာကြောင့်
Selfie ရိုက်လိုတဲ့ ကိုကိုမမတွေအတွက် အဆင်ပြေစေမှာပါ ။ Android version 4.4 ကိုထည့်သွင်းပေးထားကာ Android L
ကို အဆင့် မြှင့်တင်နိုင်မယ်လို့ ဆိုထားပါတယ် ။ Huawe ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ Emotion UI 3.0 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး
ဖုန်းတစ်ခုလုံးကို Metal body ကို အသုံးပြုထားပါတယ်။ မြန်မာလူမျိုးတွေ အကြိုက်တွေ့နေတဲ့ Huawei ဘယ်လိုကောင်းမွန်တဲ့
အရည် အသွေးတွေနဲ့ ရောက်ရှိလာမလဲဆိုတာ စောင့်မျှော်ရအုံးမယ်ဗျာ….
No comments:
Post a Comment